မယ္ေခြရဲ႕လက္ေဆာင္ကဗ်ာကို ပယ္ဖ်က္ခဲ့သူမ်ားအားအေရးယူေပးရန္ ေတာင္းဆုိ




မယ္ေခြရဲ႕လက္ေဆာင္ကဗ်ာကို ပယ္ဖ်က္ခဲ့သူမ်ားအားအေရးယူေပးရန္ ေတာင္းဆုိ

မယ္ေခြရဲ႕ လက္ေဆာင္ ကဗ်ာကို အ႒မတန္းသင္႐ိုးက ပယ္ဖ်က္ခဲ့တဲ့ တာဝန္ရွိသူေတြကို အေရးယူေပးဖို႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႔ခ်ဳပ္က ေတာင္းဆိုလိုက္ပါတယ္။အ႒မတန္းသင္႐ိုးမွာ ျပ႒ာန္းထားတဲ့ မယ္ေခြ လက္ေဆာင္ကဗ်ာဟာ ေဆးလိပ္ေသာက္ တာကို အားေပးတယ္လို႔ မွတ္ယူၿပီး သင္႐ိုးကေန ပယ္ဖ်က္ခဲ့တဲ့အတြက္ အဖြဲ႔ခ်ဳပ္အေနနဲ႔ စိတ္မေကာင္း ျဖစ္ရၿပီး ကဗ်ာကို ပယ္ဖ်က္ေစသူ၊ ပယ္ဖ်က္ဖို႔ တိုက္တြန္းသူတို႔ကို ျပင္းျပင္း ထန္ထန္ ရႈတ္ခ်တယ္လို႔ ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။



ဒီကိစၥအတြက္ တာဝန္ရွိသူေတြကိုလည္း သင့္ေလ်ာ္သလို အေရးယူေပးေစလိုၿပီး ဒီကဗ်ာကို အ႒မတန္း (G9) သင္႐ိုးမွာ ႁခြင္းခ်က္မရွိ ျပန္လည္ထည့္သြင္းေပးဖို႔လည္း ေတာင္းဆိုပါတယ္။ဒီလိုပယ္ဖ်က္ဖို႔အတြက္ လက္ေဆာင္ ကဗ်ာဟာ ေဆးလိပ္ေသာက္လိုစိတ္ ျဖစ္ေပၚေစ ႏိုင္တယ္လို႔ စြပ္စြဲေျပာဆိုေနၾကၿပီး ခိုင္မာတဲ့ သုေတသန မရွိဘူးလို႔ သိရတယ္လို႔လည္း အဖြဲ႔ခ်ဳပ္က ဆိုပါတယ္။ႏိုင္ငံေတာ္ရဲ႕ အတိုင္ပင္ခံပုဂိၢဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ရန္ကုန္တကၠသိုလ္မွာ က်င္းပ ခဲ့တဲ့ ရသစာေပစကားဝိုင္းမွာ ရသစာေပကို တန္ဖိုးထားသင့္ေၾကာင္း၊ ေက်ာင္းသား၊ ေက်ာင္းသူ ေတြကို ငယ္ရြယ္စဥ္ကပဲ စတင္သင္ၾကားသင့္ေၾကာင္း ေျပာၾကားခဲ့ေပမယ့္ မယ္ေခြရဲ႕ လက္ေဆာင္ ကဗ်ာလို ရသစာေပေကာင္းတပုဒ္ကို သင္႐ိုးထဲက အေထာက္အထားမဲ့ ပယ္ဖ်က္ခဲ့တာဟာ ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ လမ္းၫႊန္ခ်က္မူဝါဒတို႔နဲ႔လည္း ကြဲလြဲေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ပညာေရးဝန္ႀကီးဌာနဟာ ရန္ကုန္တကၠသိုလ္၊ ျမန္မာစာဌာနတည္ရွိတဲ့ ေတာင္ငူ ေဆာင္ ျမက္ခင္းျပင္မွာ တကၠသိုလ္ရဲ႕ ပထမဆံုး ျမန္မာစာဖခင္၊ ဆရာႀကီး ဦးေဖေမာင္တင္ ႐ုပ္တု ထားရွိခြင့္မေပးတာ၊ တကၠသိုလ္ပင္ရင္းျမန္မာစာကို ပယ္ဖ်က္ဖို႔ စီစဥ္ေနတာ၊ အထက္တန္းမွာ စိတ္ႀကိဳက္ျမန္မာစာဘာသာရပ္ကို ပယ္ဖ်က္ဖို႔ ႀကိဳးစားတာ စတာေတြကို လုပ္ေနတယ္လို႔လည္း ဆိုပါတယ္။ျမန္မာစာဘာသာရပ္ကို ဖိႏွိပ္တဲ့ အျပဳအမူေတြ ဆက္လုပ္လို႔ ျဖစ္ေပၚလာတဲ့ အက်ိဳးဆက္ ေတြကို ပညာေရးဝန္ႀကီးဌာနက တာဝန္ခံရမယ္လုိ႔လည္း ဆရာ၊ ဆရာမမ်ားအဖြဲ႔ခ်ဳပ္က ထုတ္ျပန္ အသိေပးထားပါတယ္။
Credit DVB News

Unicode

မယ်ခွေရဲ့ လက်ဆောင် ကဗျာကို အဋ္ဌမတန်းသင်ရိုးက ပယ်ဖျက်ခဲ့တဲ့ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။အဋ္ဌမတန်းသင်ရိုးမှာ ပြဋ္ဌာန်းထားတဲ့ မယ်ခွေ လက်ဆောင်ကဗျာဟာ ဆေးလိပ်သောက် တာကို အားပေးတယ်လို့ မှတ်ယူပြီး သင်ရိုးကနေ ပယ်ဖျက်ခဲ့တဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ စိတ်မကောင်း ဖြစ်ရပြီး ကဗျာကို ပယ်ဖျက်စေသူ၊ ပယ်ဖျက်ဖို့ တိုက်တွန်းသူတို့ကို ပြင်းပြင်း ထန်ထန် ရှုတ်ချတယ်လို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီကိစ္စအတွက် တာဝန်ရှိသူတွေကိုလည်း သင့်လျော်သလို အရေးယူပေးစေလိုပြီး ဒီကဗျာကို အဋ္ဌမတန်း (G9) သင်ရိုးမှာ ခြွင်းချက်မရှိ ပြန်လည်ထည့်သွင်းပေးဖို့လည်း တောင်းဆိုပါတယ်။ဒီလိုပယ်ဖျက်ဖို့အတွက် လက်ဆောင် ကဗျာဟာ ဆေးလိပ်သောက်လိုစိတ် ဖြစ်ပေါ်စေ နိုင်တယ်လို့ စွပ်စွဲပြောဆိုနေကြပြီး ခိုင်မာတဲ့ သုတေသန မရှိဘူးလို့ သိရတယ်လို့လည်း အဖွဲ့ချုပ်က ဆိုပါတယ်။နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂိ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပ ခဲ့တဲ့ ရသစာပေစကားဝိုင်းမှာ ရသစာပေကို တန်ဖိုးထားသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ တွေကို ငယ်ရွယ်စဉ်ကပဲ စတင်သင်ကြားသင့်ကြောင်း ပြောကြားခဲ့ပေမယ့် မယ်ခွေရဲ့ လက်ဆောင် ကဗျာလို ရသစာပေကောင်းတပုဒ်ကို သင်ရိုးထဲက အထောက်အထားမဲ့ ပယ်ဖျက်ခဲ့တာဟာ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်မူဝါဒတို့နဲ့လည်း ကွဲလွဲနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနဟာ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနတည်ရှိတဲ့ တောင်ငူ ဆောင် မြက်ခင်းပြင်မှာ တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာစာဖခင်၊ ဆရာကြီး ဦးဖေမောင်တင် ရုပ်တု ထားရှိခွင့်မပေးတာ၊ တက္ကသိုလ်ပင်ရင်းမြန်မာစာကို ပယ်ဖျက်ဖို့ စီစဉ်နေတာ၊ အထက်တန်းမှာ စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို ပယ်ဖျက်ဖို့ ကြိုးစားတာ စတာတွေကို လုပ်နေတယ်လို့လည်း ဆိုပါတယ်။မြန်မာစာဘာသာရပ်ကို ဖိနှိပ်တဲ့ အပြုအမူတွေ ဆက်လုပ်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက် တွေကို ပညာရေးဝန်ကြီးဌာနက တာဝန်ခံရမယ်လို့လည်း ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန် အသိပေးထားပါတယ်။
Credit DVB News

Recent Updates

Recent Posts Widget