မွေးနေ့မှာ We Love အဖွဲ့သားတွေနဲ့အတူ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြတဲ့ ကျော်မင်းဦး
မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ သူ့ရဲ့ ၂၃နှစ်မြောက် မွေးနေ့ဖြစ်တဲ့ ဒီကနေ့ ဇွန်လ (၁၆)ရက်နေ့မှာတော့ သူချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ အလှူဒါနတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကျော်မင်းဦးရဲ့ အလှူကိုတော့ ရန်ကုန်၊ မှန်ကင်း အမှတ် (၂) မိဘမဲ့ကလေးကျောင်း မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းရှိ ကလေးငယ်များအတွက် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများ၊ မုန့်များ နှင့် စာရေးကိရိယာများကို လှူဒါန်းခဲ့ပါတယ်။
ကျော်မင်းဦးရဲ့ မွေးနေ့အလှူမှာတော့ သူ့ရဲ့အမာခံ ပရိသတ် We Love အဖွဲ့သားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ကျော်မင်းဦးရဲ့ မွန်မြတ်လှတဲ့ လှူဒါန်းမှုကြောင့် ပရိသတ်တွေရဲ့ ဝိုင်းဝန်း ချီးကျူးမှုကိုလည်း ရရှိခဲ့ပါတယ်။
ကျော်မင်းဦးဟာ ဒဏ်ရာပြသနာကြောင့် မြက်ခင်းပြင်ပေါ်ကနေ ပျောက်ကွယ်နေခဲ့တာ အချိန်အတော်ကြာမြင့်ခဲ့ပါပြီ။ ဘောလုံးလောကကနေ အနားယူခဲ့ပြီလို့ ကြေငြာခဲ့ပေမယ့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ ပြန်လည်စရိတ်စိုက်ထုတ်ပြီး ဘန်ကောက်မှာ သွားရောက်ကုသစေခဲ့ပါတယ်။
ကျော်မင်းဦးရဲ့ ဒူးဒဏ်ရာခွဲစိတ်ကုသမှုဟာ အောင်မြင်ခဲ့ပြီးနောက် များမကြာမီ အချိန်ကာလတွေမှာ မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်မြင်တွေ့ဖို့ ပရိသတ်တွေကတော့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ။ လက်ရှိမှာတော့ အလှူဒါနတွေ ပြုလုပ်နေတဲ့ ကျော်မင်းဦးတစ်ယောက် အမြန်ဆုံး ဘောလုံးလောကထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ ဆုတောင်းပေးလိုက်ရပါတယ်။
REF : kyaw min oo’s facebook
Photo Crd : myanmar celebrity
Credit \\ originaol