Winner ကို ဘယ်လိုအချက်၊အရည်အချင်းတွေ ကြည့်ပြီး ဆုံးဖြတ်သွားမယ်ဆိုတာ ပြောလာတဲ့ ဒိုင်သုံးဦး




မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် တစ်ကျော့ပြန် ရောက်ရှိလာတော့မယ့် Myanmar Idol Season4 ပွဲကြီး မှာWinner ကို ဘယ်လိုအချက်၊အရည်အချင်းတွေ ကြည့်ပြီး ဆုံးဖြတ်သွားမယ်လို့ ပြောလာတဲ့ ဒိုင်သုံးဦး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


Myanmar Idol Season4 ပွဲကြီးက အရည်အချင်း ရှိတဲ့ Winner တွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲကြီးပါ။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဆုံးဖြတ်ပေးမယ့် ဒိုင်တွေကတော့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် တို့ပဲ ဖြစ်ပါတယ်။


ဒိုင်သုံးဦး ဖြစ်ကြတဲ့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းတို့က ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်မယ့် သူတွေကို မကြောက်ပဲ ကိုယ့်ကိုယ် ယုံကြည်မှု ရှိရှိနဲ့ လာပြိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


Myanmar Idol Season4 ပွဲကြီးက အဆင့်အတန်း ဆင်းရဲချမ်းသာမကြည့်ပဲ ရွက်ပုန်းသီး ဝါသနာရှင်လေးတွေကို ကြိုဆိုနေတယ်လို့ ပြောထားသလို၊ လာပြိုင်တဲ့ သူတွေရဲ့ အသံကို အရင်ဆုံးကြည့်ပြီး သူတို့အနေနဲ့ vocal ပိုင်းကိုဘယ်လောက်နားလည်သလဲ၊ သူတို့ရဲ့ အသံဘယ်လောက်ထိ ဆွဲဆောင်မှုရှိသလဲ၊ ကိုယ့်အသံနဲ့ လိုက်ဖက်တဲ့ သီချင်းကို ဆိုနိုင်ဖို့လည်း လိုအပ်တယ်လို့ ပြောထားပါတယ်။


ဒိုင်သုံးဦးလုံးက စေ့စေ့စပ်စပ် သေချာရွေးမှာ ဖြစ်လို့ ပင်ကိုယ်အသံကောင်းဖို့ အရေးကြီးတယ်၊ သူတို့ဘက်ကလည်း သင်ကြားပေးမှာ ဖြစ်သလို တကယ့်အစစ်အမှန်တွေကိုပဲ winner ပေးမှာဖြစ်တယ်လို့ ဒိုင်သုံးဦး ကပြောထားပါတယ်။



Myanmar Idol season 4 ယှဉ်ပြိုင်မယ့် ဝါသနာရှင်လေးတွေအားလုံးလည်း ဒိုင်တွေပြောပြတဲ့ အကြောင်းကို သိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Moekalay
Source;momolay

Credit  \\  original

Recent Updates

Recent Posts Widget