၂၀၁၉ ခုနှစ်အတွက် အကြိုက်ဆုံးလက်ဆောင်တစ်ခုကို စိုင်းစိုင်းဆီကရခဲ့တဲ့ Ah Boy
အဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့လက်ခံအားပေးခြင်းကို ရရှိထားတဲ့ Ah Boy ကတော့ လက်ရှိမှာ ချစ်ရတဲ့ ဇနီးချောလေးရယ် ချစ်စရာကောင်းတဲ့ သမီးလေးတွေနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Ah Boy က ၂၀၁၉ ခုနှစ်အတွက် အကြိုက်ဆုံးလက်ဆောင်တစ်ခုကို စိုင်းစိုင်းခမ်းလှိုင်ဆီက ရခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ Real Madrid Fan အကြီးစားကြီးဖြစ်တဲ့ Ah Boy အတွက်ကတော့ စိုင်းစိုင်းရဲ့လက်ဆောင်က ၂၀၁၉ ခုနှစ်အတွင်းမှာ အကြိုက်ဆုံးလက်ဆောင် ဖြစ်ခဲ့ရတယ်လို့လည်း ပြောထားပါသေးတယ်။
ချစ်ပရိသတ်တွေအတွက် စိုင်းစိုင်းခမ်းလှိုင်ဆီက ရခဲ့တဲ့ မထင်မှတ်ထားတဲ့ လက်ဆောင်တစ်ခုကြောင့် ပျော်နေတဲ့ Ah Boy ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Ah Boy ကတော့ “ဒီ ၂၀၁၉ တစ်နှစ်လုံးမှာ ကိုယ်အကြိုက်ဆုံးလက်ဆောင်။ 😍😍😍 ကိုယ်လို Real Madrid Fan အကြီးစားအတွက် Madrid မြို့ကနေ တကူးတက ဝယ်လာပေးတဲ့အပြင် နာမည်ပါထိုးပေးလာတဲ့အတွက် ကျေးဇူးကမ္ဘာပါ။
ကျောနံပါတ် ၁၀ က ဘာလဲလို့မေးတော့။ ကိုစိုင်းမွေးနေ့တဲ့။ 😎ကျေးဇူးအထူးပါကိုစိုင်းရေ။ 😊” ဆိုပြီး စိုင်းစိုင်းရဲ့လက်ဆောင်ကြောင့် ပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
Ah boy နဲ့ မြတ်ရတနာကျော်တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ထိမ်းမြားလက်ထပ်ခဲ့ကြတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှေ့ဆက်နေကြတာပါ။ အလှူအတန်းဆိုလည်း လက်မနှေးတဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ အလှူတွေလည်း မကြာခဏလုပ်လေ့ရှိပါတယ်။ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ ခင်မင်မှုကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ Ah boy တို့ သူငယ်ချင်းနှစ်ဦးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original





