ပုရိသကိုကိုတွေကို အူတိုသွားစေမယ့် ပုံလေးတစ်ပုံတင်လိုက်တဲ့ ပတ်ထရစ်ရှာ




ညှို့အားပြင်းလွန်းတဲ့ အမိုက်စားမင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ ရူးခါအောင်မိုက်တဲ့ ခန္ဓာကိုယ်ကောင်ကြောင်းအလှနဲ့ International ဆန်တဲ့ မျက်နှာကျလေးကို ပိုင်ဆိုင်ထားသူလေးမို့ ပုရိသကိုကိုတွေရဲ့အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ပတ်ထရစ်ရှာက ပုရိသကိုကိုတွေ အူတိုသွားအောင် အမိုက်စားကောင်လေးတစ်ယောက်နဲ့ ရိုက်ကူးထားတဲ့ အလန်းစားပုံရိပ်တစ်ခုကို ချပြလိုက်တာ တွေ့ရပါတယ်။ ပုံလေးတစ်ပုံရဲ့နောက်ကွယ်မှာ ဘယ်လိုမျိုး အနုပညာဖန်တီးမှုတွေကြည့်ရမလဲဆိုတာ စိတ်ဝင်စားစရာပါပဲနော်။



မိုမိုလေးချစ်ပရိသတ်တွေအတွက် ပရိသတ်တွေ ရင်ခုန်အောင် အမိုက်စားပုံရိပ်လေးတစ်ခုကို ချပြလိုက်တဲ့ ပတ်ထရစ်ရှာရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ပတ်ထရစ်ရှာကတော့ “Lies” ဆိုပြီး သူမရဲ့အမိုက်စားပုံရိပ်တစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာပါ။


ကျန်းမာရေးအတွက်ရော အလှအပ အတွက်ပါ Gym ကစားလေ့ရှိတဲ့ ပတ်ထရစ်ရှာကတော့ ကျန်းမာကြံ့ခိုင်ပြီး သွယ်လျတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ လတ်တလောမှာလည်း “မဖဲဝါ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ရုံတင်ပြသသွားတဲ့ ပတ်ထရစ်ရှာသရုပ်ဆောင်ထားတဲ့ “ကောင်းကင်တစ်ခု အလိုရှိသည်” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေ သဘောကျနှစ်သက်ကြတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ ပတ်ထရစ်ရှာရဲ့ပုံရိပ်လေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Sue Sha Naing’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget