“ကစ္ကစ္အတြက္အလႉေငြကို လိမ္ယူသြားသူအေပၚ တုံ႔ျပန္စကားဆိုလာတဲ့ ခင္သဇင္”




ေငြေၾကးအလိမ္ခံလုိက္ရတဲ့ ကစ္ကစ္အတြက္ ခင္သဇင္က စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။ ဒါေၾကာင့္ ကစ္ကစ္ဆီက ယူသုံးထားတဲ့ အလွဴေငြပုိက္ဆံေတြကုိ ျပန္လာေပးဖုိ႔ အခုလုိ ေျပာျပထားပါတယ္။



ခင္သဇင္ဟာ ေက်ာက္ကပ္ေဝဒနာခံစားေနရတဲ့ ကစ္ကစ္ ဆီက ေငြေၾကး လိမ္လည္သြားသူကုိ အခုလုိ တု႔႔ံျပန္စကားဆုိလုိက္ပါတယ္။ ေငြလိမ္ခံလုိက္ရတဲ့ ကစ္ကစ္အတြက္လည္း စိတ္မေကာင္းျဖစ္လုိ႔ေနပါတယ္။

‘’လူေတြလည္း ေၾကာက္ဖို႔ေကာင္းလိုက္တာလူမမာ ဆီက အလွဴေငြေတြကို လိမ္ျပန္ၿပီ။ မလုပ္သင့္တာကို လုပ္ၾကတယ္။ လူမမာက သူတို႔ အားကိုးၿပီး ေငြလည္း သူတို႔ဆီ အပ္ထားပါတယ္။ ကိုယ့္အလွဴေငြေလးေတြကုိ ကိုယ္ျပန္ေတာင္းေနရတာ အေႂကြးေတာင္းသလို ျပန္ေတာင္းေနရတာ တစ္နွစ္ျပည့္ေတာ့မယ္တဲ့။ သူဒီိကိစၥ ေျပာေျပာေနတာ ၾကာၿပီ။ ကိုယ္လည္း တစ္ေန႔ျပန္ရနိုးနဲ႕ သူ႕ကိုပဲ နွစ္သိမ့္ လာခဲ့တာ အခုေတာ့ ၾကားထဲက ျမင္ေန ၾကားေနရတာ မေနနိုင္လို႔ ေရးလိုက္ၿပီကြယ္’’ ဆုိၿပီးေတာ့ ဇူလုိင္လ ၄ရက္ေန႔ ည ၈ နာရီေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။



ကစ္ကစ္ ကုိယ္တုိင္ကလည္း လာေရာက္လွဴဒါန္းထားၾကတဲ့ အလွဴေငြနဲ႔ လက္ရွိမွာ ေက်ာက္ကပ္ ေဆးေနရတာပါလုိ႔ ဆုိပါတယ္။ လိမ္သြားတဲ့ ပုိက္ဆံေတြကုိလည္း ကစ္ကစ္ထံ ျပန္လည္ ေပးအပ္ဖုိ႔အတြက္ ခင္သဇင္က ေတာင္းဆုိခဲ့ပါတယ္။

‘’သူ႕ခမ်ာလည္း ေက်ာက္ကပ္ ေလး အစားထိုးခ်င္ရွာေတာ့ ရသမ်ွ အလွဴေငြေလးေတြကို ပြားေစခ်င္လို႔ ယံုၾကည္အားကိုးၿပီး ပံုမိကာမွ ဒီလိုအျဖစ္ဆိုးေတြ ၾကံဳရရွာတယ္။ ဘယ္ဘဝ ဝဠ္ေႂကြးေတြလဲ အမရယ္။ တကယ္ စိတ္မေကာင္းပါဘူး။ အခု ဒီ post ကို ဖတ္ရတဲ့ ကာယကံရွင္ ေငြယူသြားတဲ့ အမလည္း အကုသိုလ္ မယူပါနဲ႕လို႔ ေသေသခ်ာခ်ာေလး ျပန္ေပးေပးပါလို႔ သဇင္ ၾကားထဲက ေတာင္းပန္ပါတယ္။ အစ္မ တို႔က ပိုက္ဆံ အသင့္ အတင့္ရွိၿပီး အဆင္ေျပေနသူေတြပဲ။ လူမမာရဲ႕ မရွိမဲ့ ရွိမဲ့ေငြေလးေတြ ကိုေတာ့ျပန္ေပးလိုက္ၾကပါကြယ္။ ဟိုမွာ မအိပ္နိုင္ မစားနိုင္နဲ႕ဒီကိစၥ ကိုပဲ တက်ီက်ီ ျဖစ္ၿပီး ေရာဂါက ထပ္ေဖာက္ေတာ့မယ္။ မလုပ္ၾကပါနဲ႕။ ၾကားထဲက ေတာင္းပန္တာပါ။ ျပန္ေပးေပးလိုက္ပါေနာ္’’ ဆုိၿပီးေတာ့လည္း ဆက္လက္ေရးသားထားပါတယ္။



ခင္သဇင္က လက္ရွိမွာ ရုပ္ရွင္ဇာတ္ကားႀကီးေတြ၊ ရုပ္သံဇာတ္လမ္းတြဲေတြရုိက္ကူးေနရတဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္လုိ႔ေနပါတယ္။ အဲဒီေနာက္ သူမဟာ ဟာသသရုပ္ေဆာင္ ကစ္ကစ္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း အဆက္မျပတ္ ျပဳစု ေစာင့္ေရွာက္ေပးေနသူ တစ္ဦးပါ။ ခင္သဇင္က အႏုပညာအလုပ္လည္း လုပ္ေနတာျဖစ္သလုိ ပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့လည္း ေဒါက္တာဘြဲ႕ယူဖုိ႔ ႀကိဳးစားေနသူျဖစ္ပါတယ္။

Credit: Duwun

Unicode Version

ငွေကြေးအလိမ်ခံလိုက်ရတဲ့ ကစ်ကစ်အတွက် ခင်သဇင်က စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဒါကြောင့် ကစ်ကစ်ဆီက ယူသုံးထားတဲ့ အလှူငွေပိုက်ဆံတွေကို ပြန်လာပေးဖို့ အခုလို ပြောပြထားပါတယ်။
ခင်သဇင်ဟာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ကစ်ကစ် ဆီက ငွေကြေး လိမ်လည်သွားသူကို အခုလို တု့ံ့ပြန်စကားဆိုလိုက်ပါတယ်။ ငွေလိမ်ခံလိုက်ရတဲ့ ကစ်ကစ်အတွက်လည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

‘’လူတွေလည်း ကြောက်ဖို့ကောင်းလိုက်တာလူမမာ ဆီက အလှူငွေတွေကို လိမ်ပြန်ပြီ။ မလုပ်သင့်တာကို လုပ်ကြတယ်။ လူမမာက သူတို့ အားကိုးပြီး ငွေလည်း သူတို့ဆီ အပ်ထားပါတယ်။ ကိုယ့်အလှူငွေလေးတွေကို ကိုယ်ပြန်တောင်းနေရတာ အကြွေးတောင်းသလို ပြန်တောင်းနေရတာ တစ်နှစ်ပြည့်တော့မယ်တဲ့။ သူဒီကိစ္စ ပြောပြောနေတာ ကြာပြီ။ ကိုယ်လည်း တစ်နေ့ပြန်ရနိုးနဲ့ သူ့ကိုပဲ နှစ်သိမ့် လာခဲ့တာ အခုတော့ ကြားထဲက မြင်နေ ကြားနေရတာ မနေနိုင်လို့ ရေးလိုက်ပြီကွယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၄ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်

ကစ်ကစ် ကိုယ်တိုင်ကလည်း လာရောက်လှူဒါန်းထားကြတဲ့ အလှူငွေနဲ့ လက်ရှိမှာ ကျောက်ကပ် ဆေးနေရတာပါလို့ ဆိုပါတယ်။ လိမ်သွားတဲ့ ပိုက်ဆံတွေကိုလည်း ကစ်ကစ်ထံ ပြန်လည် ပေးအပ်ဖို့အတွက် ခင်သဇင်က တောင်းဆိုခဲ့ပါတယ်။

‘’သူ့ခမျာလည်း ကျောက်ကပ် လေး အစားထိုးချင်ရှာတော့ ရသမျှ အလှူငွေလေးတွေကို ပွားစေချင်လို့ ယုံကြည်အားကိုးပြီး ပုံမိကာမှ ဒီလိုအဖြစ်ဆိုးတွေ ကြုံရရှာတယ်။ ဘယ်ဘဝ ဝဠ်ကြွေးတွေလဲ အမရယ်။ တကယ် စိတ်မကောင်းပါဘူး။ အခု ဒီ post ကို ဖတ်ရတဲ့ ကာယကံရှင် ငွေယူသွားတဲ့ အမလည်း အကုသိုလ် မယူပါနဲ့လို့ သေသေချာချာလေး ပြန်ပေးပေးပါလို့ သဇင် ကြားထဲက တောင်းပန်ပါတယ်။ အစ်မ တို့က ပိုက်ဆံ အသင့် အတင့်ရှိပြီး အဆင်ပြေနေသူတွေပဲ။ လူမမာရဲ့ မရှိမဲ့ ရှိမဲ့ငွေလေးတွေ ကိုတော့ပြန်ပေးလိုက်ကြပါကွယ်။ ဟိုမှာ မအိပ်နိုင် မစားနိုင်နဲ့ဒီကိစ္စ ကိုပဲ တကျီကျီ ဖြစ်ပြီး ရောဂါက ထပ်ဖောက်တော့မယ်။ မလုပ်ကြပါနဲ့။ ကြားထဲက တောင်းပန်တာပါ။ ပြန်ပေးပေးလိုက်ပါနော်’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားပါတယ်။
ခင်သဇင်က လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေရိုက်ကူးနေရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါတယ်။ အဲဒီနောက် သူမဟာ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း အဆက်မပြတ် ပြုစု စောင့်ရှောက်ပေးနေသူ တစ်ဦးပါ။ ခင်သဇင်က အနုပညာအလုပ်လည်း လုပ်နေတာဖြစ်သလို ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ဒေါက်တာဘွဲ့ယူဖို့ ကြိုးစားနေသူဖြစ်ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget