အဓၶမျပဳက်င့္ခံရတဲ့ သမီးေလး Grace အတြက္ အစြမ္းကုန္ ကူညီေပးေနတဲ့ ေအသင္ခ်ိဳေဆြ
တကမာၻလံုးက ႐ွံုခ်က်တဲ သက္ငယ္မုဒိမ္းမႈေတြကေတာ့ လက္႐ွိ ျမန္မာႏိုင္ငံမွာလည္း ေတာ္ေတာ္ေလးကို မ်ားျပားလာၿပီး ကေလးေလးေတြအတြက္လည္း စိတ္မခ်ရေတာ့ပါဘူး။
လတ္တေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ ေနတဲ့ ဗစ္တိုးရီးယားဆိုတဲ့ ေကာင္မေလရဲ႕ အမႈနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ားက
တုန္လႈပ္သြားၾကသလိုေနာက္ထပ္ သက္ငယ္မုဒိမ္းမႈ ျဖစ္တဲ့ Grace ဆိုတဲ့ ေကာင္မေလအမႈကလည္း ေပၚေပါက္လာခဲ့တာ ျဖစ္ပါတယ္။
ေရႊေပါက္ကံက Grace ဆိုတဲ့ ေကာင္မေလးကေတာ့ ရမက္သားေကာင္ တေယာက္ရဲ႕ အဓၶမက်င့္မႈကို ခံခဲ့ရၿပီးေနာက္ မေသရံုတမယ္ ေဆးရံုေပၚေရာက္ခဲ့ရတာ ျဖစ္ပါတယ္။
လက္႐ွိခ်ိန္မွာေတာ့ Grace ကေတာ့ေဆးကုသမႈ အမ်ားအျပား ခံယူထာရၿပီး နာက်င္မႈဒဏ္ေတြကိုလည္း မ်ားစြာ ခံစာေနရတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ သမီးေလက်န္းမာေရး အတြက္ ေထာက္ပံ့ခ်င္ေနၾကေသာ အလွဴ႐ွင္ေတြ ႐ွိသလို ဒိအလွဴ႐ွင္ေတြထဲမွာမွ အဆိုေတာ္.ေအသင္ခ်ိဳေဆြကေတာ့
အားတက္သေရာ္ ပါဝင္ကူညီေပးေနတာကို ေတြ႔ရပါတယ္။ ေအသင္ခ်ိဳေဆြကေတာ့ သမီးေ Grace ရဲ႕ သတင္းကို ဖတ္ၿပီး စိတ္မေကာင္း အလြန္ျဖစ္ခဲ့ကာ
မုဒိမ္းမႈ က်ဴးလြန္တဲ့သူေတြကိုလည္း ေသဒဏ္ေပးဖို႔ ေတာင္းဆိုထားပါေသးတယ္။
ထို႔ေနာက္ သမီးေလး Grace ရဲ႕ ကိစၥ အဝဝကိုတာဝန္ယူဖို႔အတြက္ ေအသင္ခ်ိဳေဆြကေတာ့ အလွဴေငြ လိုက္လံ ေကာက္ခံေပးေနၿပီး တာဝန္ယူေပးေနတာ ျဖစ္ပါတယ္။
ထို႔ေနာက္ ေအသင္ခ်ိဳေဆြကေတာ့ သူ႔ေဖ့ဘုတ္မွာ ပို႔စ္တင္ၿပီး “အႏုပညာရွင္ေမာင္ႏွမမ်ားႏွင့္ေဘာစိ ကိုကို၊မမ၊ဦးဦး၊ေဒၚေဒၚ၊ ေမေမ မ်ားကိုလည္း သမီးေလး Grace ရဲ႕
Charity မွာလႉဒါန္းဖို႔ အလႉခံပါတယ္ေနာ္ ဟီး တခါမွ အလႉမခံဖူးေတာ့ ရွက္ရွက္ျဖင့္သာ ပိုစ့္တင္လိုက္ပါသည္။
မေကာင္းတာလုပ္တာမွမဟုတ္တာေလ ေနာ္” ဆိုၿပီးေတာ့ ပို႔စ္ေလးကိူလည္း တင္ထားတာ ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြရဲ႕ လုပ္ရပ္ေလးကေတာ့ ခ်ီးက်ဴးေလးစားဖြယ္
ေကာင္းၿပီး ခ်စ္ပရိသတ္ႀကီးအတြက္လည္း တင္ျပေပးလိုက္ရပါတယ္။ ၾကံဳႀကိဳက္ရင္ေတာ့ သမီးေလး Grace အတြက္ လွဴလိုက္ၾကဦးေနာ္။
Credit \\ original
Unicode
အဓ္ဓမပြုကျင့်ခံရတဲ့ သမီးလေး Grace အတွက် အစွမ်းကုန် ကူညီပေးနေတဲ့ အေသင်ချိုဆွေ
တကမ္ဘာလုံးက ရှုံချကျတဲ သက်ငယ်မုဒိမ်းမှုတွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာလည်း တော်တော်လေးကို များပြားလာပြီး ကလေးလေးတွေအတွက်လည်း စိတ်မချရတော့ပါဘူး။
လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့ နေတဲ့ ဗစ်တိုးရီးယားဆိုတဲ့ ကောင်မလေရဲ့ အမှုနဲ့ ပတ်သက်ပြီး တော်တော်များများက တုန်လှုပ်သွားကြသလို
နောက်ထပ် သက်ငယ်မုဒိမ်းမှု ဖြစ်တဲ့ Grace ဆိုတဲ့ ကောင်မလေအမှုကလည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ရွှေပေါက်ကံက Grace ဆိုတဲ့ ကောင်မလေးကတော့ ရမက်သားကောင် တယောက်ရဲ့ အဓ္ဓမကျင့်မှုကို ခံခဲ့ရပြီးနောက် မသေရုံတမယ် ဆေးရုံပေါ်ရောက်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိချိန်မှာတော့ Grace ကတော့ဆေးကုသမှု အများအပြား ခံယူထာရပြီး နာကျင်မှုဒဏ်တွေကိုလည်း များစွာ ခံစာနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် သမီးလေကျန်းမာရေး အတွက် ထောက်ပံ့ချင်နေကြသော အလှူရှင်တွေ ရှိသလို ဒိအလှူရှင်တွေထဲမှာမှ အဆိုတော်.အေသင်ချိုဆွေကတော့
အားတက်သရော် ပါဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။ အေသင်ချိုဆွေကတော့ သမီးေ Grace ရဲ့ သတင်းကို ဖတ်ပြီး စိတ်မကောင်း အလွန်ဖြစ်ခဲ့ကာ
မုဒိမ်းမှု ကျူးလွန်တဲ့သူတွေကိုလည်း သေဒဏ်ပေးဖို့ တောင်းဆိုထားပါသေးတယ်။
ထို့နောက် သမီးလေး Grace ရဲ့ ကိစ္စ အဝဝကိုတာဝန်ယူဖို့အတွက် အေသင်ချိုဆွေကတော့ အလှူငွေ လိုက်လံ ကောက်ခံပေးနေပြီး တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။
ထို့နောက် အေသင်ချိုဆွေကတော့ သူ့ဖေ့ဘုတ်မှာ ပို့စ်တင်ပြီး “အနုပညာရှင်မောင်နှမများနှင့်ဘောစိ ကိုကို၊မမ၊ဦးဦး၊ဒေါ်ဒေါ်၊ မေမေ များကိုလည်း သမီးလေး Grace ရဲ့
Charity မှာလှူဒါန်းဖို့ အလှူခံပါတယ်နော် ဟီး တခါမှ အလှူမခံဖူးတော့ ရှက်ရှက်ဖြင့်သာ ပိုစ့်တင်လိုက်ပါသည်။
မကောင်းတာလုပ်တာမှမဟုတ်တာလေ နော်” ဆိုပြီးတော့ ပို့စ်လေးကိူလည်း တင်ထားတာ ဖြစ်ပါတယ်။ အေသင်ချိုဆွေရဲ့ လုပ်ရပ်လေးကတော့ ချီးကျူးလေးစားဖွယ်
ကောင်းပြီး ချစ်ပရိသတ်ကြီးအတွက်လည်း တင်ပြပေးလိုက်ရပါတယ်။ ကြုံကြိုက်ရင်တော့ သမီးလေး Grace အတွက် လှူလိုက်ကြဦးနော်။
Credit \\ original



