





တောင်ငူမြို့တွင် ပလာတာဝယ်ပြီးပြန်လာသော ကျောင်းသူ(၃)ဦးထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့်လုယူထွက်ပြေးသူသည် အရှိန်မထိန်းနိုင်ဘဲဆိုင်ကယ်တိမ်းမှောက်၍ ဖမ်းဆီးခံရမိခဲ့မှု ဖြစ်ပွားခဲ့ကြာင်း သိရသည်။



ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၉ နာရီ အချိန်ခန့်တွင် တောင်ငူမြို့ အမှတ် (၅) ရပ်ကွက်နေ မငြိမ်းစုထွန်း (၁၉)နှစ်၊ ကျောင်းသူ ( တတိယနှစ် -သတ္တဗေဒ) နှင့် ညီမများဖြစ်ကြသော မအင်ကြင်းကြွယ် (၁၉)နှစ်၊ မဆုပြည့်ထက် (၂၂) နှစ် (မြန်မာစာ- စတုတ္ထနှစ် ) သုံးဦးတို့မှာ ဆိုင်ကယ်ဖြင့် (၁၉) ရပ်ကွက် ဆေးရုံထောင့်ရှိ ပလာတာဆိုင်မှ ပလာတာဝယ်ပြီးအပြန် ရန်ကုန်-မန္တလေးလမ်းအတိုင်း မောင်းနှင်ခဲ့ပြီး ဗိုလ်မှူးဖိုးကွန်းလမ်းမှ နံပါတ် ၁ လမ်းသို့ချိုးကွေ့ကာ ဆက်လက်မောင်းနှင်လာစဉ် နံပါတ် ၁ လမ်း နှင့် ဦးပန်းဖြူလမ်းဆုံအရောက်တွင် နောက်မှ CLICK အနက်ရောင်ဆိုင်ကယ်ဖြင့် ကပ်လိုက်လာသူလူတဦးက မငြိမ်းစုထွန်း လက်တွင်ကိုင်ထားသော ဖုန်းနှင့် ငွေသား ၂၇၅၀၀ ကျပ်ပါပိုက်ဆံအိတ်ကိုလုယူကာ ဆိုင်ကယ်ဖြင့် နံပါတ် (၁)လမ်းအတိုင်း မောင်းနှင်ထွက်ပြေးခဲ့၍ အော်ဟစ်အကူအညီတောင်းပြီး လုယူသူနောက်သို့ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရာ ဝေဋ္ဌုဝန်ဘုန်းကြီးကျောင်းရှေ့အရောက်တွင် လုယူထွက်ပြေးသွားသူမှာ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခဲ့စဉ် အနီးဝန်းကျင်ရှိလူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ကြသည်။




နေလင်းအောင်



Credit – News Watch

Unicode

ဖုန်းနှင့်ပိုက်ဆံအိတ်လုပြေးသူ ဆိုင်ကယ်တိမ်းမှောက်၍ ဖမ်းဆီးရမိမှု တောင်ငူမြို့တွင်ဖြစ်ပွား

တောင်ငူမြို့တွင် ပလာတာဝယ်ပြီးပြန်လာသော ကျောင်းသူ(၃)ဦးထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့်လုယူထွက်ပြေးသူသည် အရှိန်မထိန်းနိုင်ဘဲဆိုင်ကယ်တိမ်းမှောက်၍ ဖမ်းဆီးခံရမိခ့ဲမှု ဖြစ်ပွားခဲ့ကြာင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၄ ရက် ည ၉ နာရီ အချိန်ခန့်တွင် တောင်ငူမြို့ အမှတ် (၅) ရပ်ကွက်နေ မငြိမ်းစုထွန်း (၁၉)နှစ်၊ ကျောင်းသူ ( တတိယနှစ် -သတ္တဗေဒ) နှင့် ညီမများဖြစ်ကြသော မအင်ကြင်းကြွယ် (၁၉)နှစ်၊ မဆုပြည့်ထက် (၂၂) နှစ် (မြန်မာစာ- စတုတၳနှစ် ) သုံးဦးတို့မှာ ဆိုင်ကယ်ဖြင့် (၁၉) ရပ်ကွက် ဆေးရုံထောင့်ရှိ ပလာတာဆိုင်မှ ပလာတာ၀ယ်ပြီးအပြန် ရန်ကုန်-မန္တလေးလမ်းအတိုင်း မောင်းနှင်ခ့ဲပြီး ဗိုလ်မှူးဖိုးကွန်းလမ်းမှ နံပါတ် ၁ လမ်းသို့ချိုးကွေ့ကာ ဆက်လက်မောင်းနှင်လာစဉ် နံပါတ် ၁ လမ်း နှင့် ဦးပန်းဖြူလမ်းဆုံအရောက်တွင် နောက်မှ CLICK အနက်ရောင်ဆိုင်ကယ်ဖြင့် ကပ်လိုက်လာသူလူတဦးက မငြိမ်းစုထွန်း လက်တွင်ကိုင်ထားသော ဖုန်းနှင့် ငွေသား ၂၇၅၀၀ ကျပ်ပါပိုက်ဆံအိတ်ကိုလုယူကာ ဆိုင်ကယ်ဖြင့် နံပါတ် (၁)လမ်းအတိုင်း မောင်းနှင်ထွက်ပြေးခ့ဲ၍ အော်ဟစ်အကူအညီတောင်းပြီး လုယူသူနောက်သို့ဆိုင်ကယ်ဖြင့်လိုက်ခ့ဲရာ ဝေဋ္ဌုဝန်ဘုန်းကြီးကျောင်းရှေ့အရောက်တွင် လုယူထွက်ပြေးသွားသူမှာ ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လဲကျတိမ်းမှောက်သွားခ့ဲစဉ် အနီး၀န်းကျင်ရှိလူများက ၀ိုင်း၀န်းဖမ်းဆီးခဲ့ကြသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး ဖုန်းနှင့်ပိုက်ဆံအိတ်ကို ဆိုင်ကယ်ဖြင့် လုယူထွက်ပြေးသူ ဝေယံထွန်း (ဆိုင်ကယ်ပြင်) တေဇာခင်ဦး ၂ လမ်း၊ ၂ ရပ်ကွက်၊ တောင်ငူမြို့ နေသူအား တောင်ငူမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေလင်းအောင်

Credit – News Watch

Recent Updates

Recent Posts Widget