“ျပည္သူေတြအားလံုးက ဘာလို႔လက္မခံတာလဲသိလား ? “
၁ ။ ဒီအရြယ္နဲ႔ဒီအရြယ္ ကေလးက ကိုကို လို႔ေခၚတာ လံုး၀မျဖစ္ႏုိင္လို႔ ကေလးရဲ႕ေျပာစကားေတြနဲ႔ တရားခံနဲ႔ လံုး၀ ကိုက္ညီမႈမရွိ ယုတၱိမရွိလို႔
၂ ။ ဒီအရြယ္လူၾကီးတစ္ေယာက္ရဲ႕ လိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈ ခံလိုက္ရတဲ့ကေလးဟာရုပ္ဆိုးအက်ည္းတန္တဲ့ ဒါဏ္ရာေတြရွိေနရမယ္ ဒါဟာ အဓိကအခ်က္ထဲမွာပါ၀င္တယ္
၃ ။ ယာဥ္ေမာင္းက ကေလးကို အဓမၼလိင္ပိုင္းဆိုင္ရာ အႏိုင္က်င့္မႈလုပ္ျပီးဟန္မပ်က္ျပန္ထြက္ ကားဆက္ေမာင္းတယ္ဆိုတာ ယုတၱိလံုးလံုးမရွိလို႔
၄ ။ DNA တိုက္စစ္တာ မတူဘူးဆိုျပီး အရင္ရက္တုန္းက ျပန္လႊတ္ခဲ့တဲ့ CID ရဲ႕ လုပ္ေဆာင္ခ်က္နဲ႔အခု ပဲ တရားခံမိျပီဆိုျပီးရံုးတင္စစ္ေဆးမယ္ဆိုတာ အဓိပၸါယ္မရွိလို႔
၅ ။ CCTV ေတြ ဘာလို႔ အျပည့္အစံုမရတာလဲဆိုတာ ေသခ်ာမရွင္းျပ ရိုးသားမႈမရွိလို႔
တရားခံသည္ယာဥ္ေမာင္းဆိုတာ ဘယ္လို ပဲ Story ေတြခင္းခင္းလက္ခံႏုိင္ဖြယ္မရွိလို႔ ဆက္ေရးမယ္ ။ အခင္းျဖစ္ပြားႏုိင္ေခ် စဥ္းစားလို႔ရတာ ျဖစ္ႏုိင္ေခ်ရွိတာသည္ (၃) ေနရာ
၁ ။ ေက်ာင္း
၂ ။ လမ္း
၃ ။ အိမ္
အဲ့ဒီထဲကမွ အိမ္မွာ မျဖစ္ႏိုင္ ( ကားေပၚကဆင္းတာကိုအျမဲေစာင့္ၾကိဳလို႔ ) ၊ လမ္းမွာမျဖစ္ႏုိင္ ကားေပၚမွာ ဆရာမအပါအ၀င္ လူအမ်ားၾကီး လမ္းမွာ ကားရပ္တယ္ ဘာညာလည္းမၾကားမိ ဆိုေတာ့ ၉၀ % ေက်ာ္ျဖစ္ႏုိင္ေခ်အရွိဆံုးက ?
ေက်ာင္း သို႔မဟုတ္ ေက်ာင္းပတ္၀န္းက်င္
ဒီျဖစ္စဥ္မွာ အမွန္တရားေပၚေပါက္ဖို႔ အနီးစပ္ဆံုး အေျဖသည္ – ဆရာမ N သာလွ်င္ျဖစ္ပါတယ္ ။
ဒီေတာ့ ဆရာမ N ေဘးပတ္ပတ္လည္က ဖိအားေတြက ဘာေတြျဖစ္ႏုိင္မလဲ ?
ဆရာမ N ေနာက္ကြယ္က ၾကိဳးကိုင္သူေတြက ဘယ္ေတြျဖစ္ႏုိင္မလဲ ?
ဆရာမ N ရဲ႕ အေၾကာက္တရား ( အမွန္တရားကိုဖံုးကြယ္ဖို႔ဆိုတာ အေၾကာက္တရားက စိုးမိုးေနမွျဖစ္ႏုိင္တာပါ ) က ဘာျဖစ္ႏုိင္မလဲ ?
တရားခံဟာ က်ိန္းေသ လူစိမ္းမဟုတ္ပါ ။ ကေလးငယ္ရဲ႕ေျပာစကားအရ ကေလးငယ္နဲ႔သိႏွင့္ျပီးသားလူထဲကပဲျဖစ္ရပါမယ္ ။ ကေလးငယ္ရည္ညႊန္းတဲ့ ကိုကို ဆိုတာ ဘယ္သူလဲ လူငယ္လား လူၾကီးလား ?
အမွန္တရားရဲ႕ ေနာက္ကြယ္မွာ ဘယ္သူရွိေနလဲ ?
ကိုယ္တစ္ေယာက္တည္းအျမင္
၁ ။ DNA Result ေတြကို မယံုပါ ။ International trusted third party တစ္ခုခုက စစ္ထားတာဆိုရင္ယံုပါမယ္ ။
၂ ။ ဆရာမ N ကို မယံုပါ ။ တစ္ခုခုဖံုးကြယ္ထားတယ္ဆုိတာ ကေလးငယ္ကို ဟန္႔တားျခင္း ၊ ေရေဆးေပးျခင္း ( ေသြးကိုမျမင္ပဲမေန ျမင္ရင္ သက္ဆိုင္ရာ မိဘကို အေၾကာင္းရမယ္ဆိုတာ မသိပဲမေန ေရေဆးရင္ ကေလးက နာတယ္မေျပာပဲမေန ) ဟာ သက္ေသေဖ်ာက္တာမ်ားလားလို႔ယူဆပါတယ္ ။
၃ ။ လက္ရွိ စစ္ေဆးမႈကိုေတာင္ အခ်ိန္ဒီေလာက္ၾကာလာေတာ့သိပ္မယံုခ်င္ေတာ့ပါ ။ တစ္ဖက္ကို တစ္ဖက္ ထပ္ရင္းထပ္ရင္းနဲ႔ အမွန္တရားဟာ လက္၀ါးေတြေအာက္မွာ ပဲ ညပ္ျပီးေပ်ာက္ေနတယ္လို႔ ယူဆပါတယ္ ။
အၾကံေပးခ်က္
သမၼတၾကီးနဲ႔ ႏုိင္ငံေတာ္အၾကီးအကဲမ်ားမွ ေနာက္ထပ္ Victoria ေလးေပါင္းမ်ားစြာ မေပၚေပါက္လာဖို႔အတြက္ ဒီအမွန္တရားကိုေပၚေအာင္ လိုအပ္ရင္ ႏုိင္ငံတကာ အကူအညီယူေစခ်င္ပါတယ္ ။ မလိုပါဘူးမေျပာနဲ႔ လူသိရွင္ၾကားမေပၚပဲ ျပည္ပံုးကားခ်ခဲ့တဲ့ ဇတ္လမ္းေတြ တိုင္းသိျပည္သိ ။
အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ပါ ၀င္ေရာက္စစ္ေဆးေစခ်င္သလို အင္တိုက္အားတိုက္နဲ႔ အမွန္တရားေနာက္ကြယ္က ထီမထင္နဲ႔မ်က္ႏွာထားနဲ႔ မင္းတို႔အားလံုး ငေပါေလးေတြပါကြာလို႔ ၾကည့္ေနမယ့္ လူကို ေဖာ္ထုတ္ဖမ္းဆီးေပးၾကပါ လို႔ေတာင္းဆိုပါတယ္ ။
ယခု ေၾကျငာခ်က္ထုတ္ေသာ ယာဥ္ေမာင္းတရားခံကို ျပည္သူသိေအာင္ တရား၀င္ သတင္းစာရွင္းလင္းပြဲလုပ္ေပးဖို႔ ေတာင္းဆိုပါတယ္ ။
မသန္႔ရွင္းေသာ လူ႔အမိႈက္သရိုက္ေတြကို လူ႔အသိုင္းအ၀ိုင္းကေနဖယ္ထုတ္ျပီး အဂတိကင္းစင္ေသာ ၊ တရားမွ်တမႈရွိေသာ ဥပေဒစိုးမိုးေရးကိုေဖာ္ေဆာင္ဖို႔ အခ်ိန္တန္ပါျပီ ။
#JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar
သက္တန္႔ခ်ိဳ
4-July-2019
Credit \\ original
Unicode Version
၁ ။ ဒီအရွယ်နဲ့ဒီအရွယ် ကလေးက ကိုကို လို့ခေါ်တာ လုံးဝမဖြစ်နိုင်လို့ ကလေးရဲ့ပြောစကားတွေနဲ့ တရားခံနဲ့ လုံး၀ ကိုက်ညီမှုမရှိ ယုတ္တိမရှိလို့
၂ ။ ဒီအရွယ်လူကြီးတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ခံလိုက်ရတဲ့ကလေးဟာရုပ်ဆိုးအကျည်းတန်တဲ့ ဒါဏ်ရာတွေရှိနေရမယ် ဒါဟာ အဓိကအချက်ထဲမှာပါဝင်တယ်
၃ ။ ယာဉ်မောင်းက ကလေးကို အဓမ္မလိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုလုပ်ပြီးဟန်မပျက်ပြန်ထွက် ကားဆက်မောင်းတယ်ဆိုတာ ယုတ္တိလုံးလုံးမရှိလို့
၄ ။ DNA တိုက်စစ်တာ မတူဘူးဆိုပြီး အရင်ရက်တုန်းက ပြန်လွှတ်ခဲ့တဲ့ CID ရဲ့ လုပ်ဆောင်ချက်နဲ့အခု ပဲ တရားခံမိပြီဆိုပြီးရုံးတင်စစ်ဆေးမယ်ဆိုတာ အဓိပ္ပါယ်မရှိလို့
၅ ။ CCTV တွေ ဘာလို့ အပြည့်အစုံမရတာလဲဆိုတာ သေချာမရှင်းပြ ရိုးသားမှုမရှိလို့
တရားခံသည်ယာဉ်မောင်းဆိုတာ ဘယ်လို ပဲ Story တွေခင်းခင်းလက်ခံနိုင်ဖွယ်မရှိလို့ ဆက်ရေးမယ် ။ အခင်းဖြစ်ပွားနိုင်ချေ စဉ်းစားလို့ရတာ ဖြစ်နိုင်ချေရှိတာသည် (၃) နေရာ
၁ ။ ကျောင်း
၂ ။ လမ်း
၃ ။ အိမ်
အဲ့ဒီထဲကမှ အိမ်မှာ မဖြစ်နိုင် ( ကားပေါ်ကဆင်းတာကိုအမြဲစောင့်ကြိုလို့ ) ၊ လမ်းမှာမဖြစ်နိုင် ကားပေါ်မှာ ဆရာမအပါအဝင် လူအများကြီး လမ်းမှာ ကားရပ်တယ် ဘာညာလည်းမကြားမိ ဆိုတော့ ၉၀ % ကျော်ဖြစ်နိုင်ချေအရှိဆုံးက ?
ကျောင်း သို့မဟုတ် ကျောင်းပတ်ဝန်းကျင်
ဒီဖြစ်စဉ်မှာ အမှန်တရားပေါ်ပေါက်ဖို့ အနီးစပ်ဆုံး အဖြေသည် – ဆရာမ N သာလျှင်ဖြစ်ပါတယ် ။
ဒီတော့ ဆရာမ N ဘေးပတ်ပတ်လည်က ဖိအားတွေက ဘာတွေဖြစ်နိုင်မလဲ ?
ဆရာမ N နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်တွေဖြစ်နိုင်မလဲ ?
ဆရာမ N ရဲ့ အကြောက်တရား ( အမှန်တရားကိုဖုံးကွယ်ဖို့ဆိုတာ အကြောက်တရားက စိုးမိုးနေမှဖြစ်နိုင်တာပါ ) က ဘာဖြစ်နိုင်မလဲ ?
တရားခံဟာ ကျိန်းသေ လူစိမ်းမဟုတ်ပါ ။ ကလေးငယ်ရဲ့ပြောစကားအရ ကလေးငယ်နဲ့သိနှင့်ပြီးသားလူထဲကပဲဖြစ်ရပါမယ် ။ ကလေးငယ်ရည်ညွှန်းတဲ့ ကိုကို ဆိုတာ ဘယ်သူလဲ လူငယ်လား လူကြီးလား ?
အမှန်တရားရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲ ?
ကိုယ်တစ်ယောက်တည်းအမြင်
၁ ။ DNA Result တွေကို မယုံပါ ။ International trusted third party တစ်ခုခုက စစ်ထားတာဆိုရင်ယုံပါမယ် ။
၂ ။ ဆရာမ N ကို မယုံပါ ။ တစ်ခုခုဖုံးကွယ်ထားတယ်ဆိုတာ ကလေးငယ်ကို ဟန့်တားခြင်း ၊ ရေဆေးပေးခြင်း ( သွေးကိုမမြင်ပဲမနေ မြင်ရင် သက်ဆိုင်ရာ မိဘကို အကြောင်းရမယ်ဆိုတာ မသိပဲမနေ ရေဆေးရင် ကလေးက နာတယ်မပြောပဲမနေ ) ဟာ သက်သေဖျောက်တာများလားလို့ယူဆပါတယ် ။
၃ ။ လက်ရှိ စစ်ဆေးမှုကိုတောင် အချိန်ဒီလောက်ကြာလာတော့သိပ်မယုံချင်တော့ပါ ။ တစ်ဖက်ကို တစ်ဖက် ထပ်ရင်းထပ်ရင်းနဲ့ အမှန်တရားဟာ လက်ဝါးတွေအောက်မှာ ပဲ ညပ်ပြီးပျောက်နေတယ်လို့ ယူဆပါတယ် ။
အကြံပေးချက်
သမ္မတကြီးနဲ့ နိုင်ငံတော်အကြီးအကဲများမှ နောက်ထပ် Victoria လေးပေါင်းများစွာ မပေါ်ပေါက်လာဖို့အတွက် ဒီအမှန်တရားကိုပေါ်အောင် လိုအပ်ရင် နိုင်ငံတကာ အကူအညီယူစေချင်ပါတယ် ။ မလိုပါဘူးမပြောနဲ့ လူသိရှင်ကြားမပေါ်ပဲ ပြည်ပုံးကားချခဲ့တဲ့ ဇတ်လမ်းတွေ တိုင်းသိပြည်သိ ။
အဂတိတိုက်ဖျက်ရေးကော်မရှင်ပါ ဝင်ရောက်စစ်ဆေးစေချင်သလို အင်တိုက်အားတိုက်နဲ့ အမှန်တရားနောက်ကွယ်က ထီမထင်နဲ့မျက်နှာထားနဲ့ မင်းတို့အားလုံး ငပေါလေးတွေပါကွာလို့ ကြည့်နေမယ့် လူကို ဖော်ထုတ်ဖမ်းဆီးပေးကြပါ လို့တောင်းဆိုပါတယ် ။
ယခု ကြေငြာချက်ထုတ်သော ယာဉ်မောင်းတရားခံကို ပြည်သူသိအောင် တရားဝင် သတင်းစာရှင်းလင်းပွဲလုပ်ပေးဖို့ တောင်းဆိုပါတယ် ။
မသန့်ရှင်းသော လူ့အမှိုက်သရိုက်တွေကို လူ့အသိုင်းအဝိုင်းကနေဖယ်ထုတ်ပြီး အဂတိကင်းစင်သော ၊ တရားမျှတမှုရှိသော ဥပဒေစိုးမိုးရေးကိုဖော်ဆောင်ဖို့ အချိန်တန်ပါပြီ ။
#JusticeForVictoria
#PromoteRuleOfLawInMyanmar
#StopChildSexAbuseInMyanmar
သက်တန့်ချို
4-July-2019
Credit \\ original



