ဦးညီထြဋ္နဲ႔ လက္တြဲျပီးသီခ်င္းဆိုခြင့္ရရင္ အရမ္းေပ်ာ္မွာပါဆိုတဲ့ ကိုဝင္းစန္းေအာင္
ဦးညီထြဋ္နဲ႔ လက္တြဲျပီးသီခ်င္းဆိုခြင့္ရရင္ အရမ္းေပ်ာ္မွာပါဆိုတဲ့ ကိုဝင္းစန္းေအာင္
Myanmar Got Talent ျပိဳင္ပြဲကေနတဆင့္ လူအမ်ားအျပားရဲ့ စိတ္ဝင္စား အားေပးမႈကို ခံခ့ဲရတဲ့ ျပိဳင္ပြဲဝင္ ကိုဝင္းစန္းေအာင္ကိုေတာ့
လက္ရွိမွာဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ရင္းႏွီးေနျပီ ထင္ပါတယ္။ ကိုဝင္းစန္းေအာင္ကေတာ့ ေရႊတံဆိပ္ဆုေတြ မ်ားစြာ ပိုင္ဆိုင္ထားတဲ့
မသန္စြမ္းအားကစားသမား တေယာက္ျဖစ္တာေၾကာင့္လည္း လူအမ်ားရဲ့ ဝန္းရံျခင္းကို ခံခဲ့ရတာ ျဖစ္ပါတယ္။ သူကေတာ့ ျပိဳင္ပြဲမွာ ကိုယ္တိုင္ကီးဘုတ္တီးျပီး
ေဇာ္ဝင္းထြဋ္ သီခ်င္း ကို အပီအျပင္ဆိုသြားတာ ျဖစ္ျပီး သူ႕ဘဝမွာ ဦးညီထြဋ္က ဘယ္ေလာက္ေတာင္ လြမ္းမိုးမႈရွိလည္းဆိုတာကို ေျပာၾကားသြား ခဲ့ပါတယ္။
မသန္စြမ္းအားကစားသမား ျဖစ္တဲ့ ကိုဝင္းစန္းေအာင္ကေတာ့ ဆယ္လီကမာၻနဲ႔ အင္တာဗ်ဴးမွာေတာ့ “က်ေနာ္ Got Talent မွာဝင္ေရာက္ ယွဥ္ျပိဳင္ေတာ့
ပရိသတ္ေတြက အရမ္းစိတ္ဝင္စားျပီး အားေပးလို႔ အရမ္းဝမ္းသာပါတယ္။ ဒီမွာျပိဳင္ဖို႔ကေတာ့ က်ေနာ့္ဆရာေတြ လမ္းညႊန္လိုက္တာပါ။
မသန္စြမ္းအားကစားသမား တေယာက္ကသီခ်င္းဆိုတဲ့ဖက္မွာလည္း ထူးခြ်န္ပါတယ္ဆုိတာကို သက္ေသျပေစခ်င္တဲ့ သေဘာေပါ့”
“ဂီတာလည္းတီးတယ္။ သီခ်င္းဆိုတယ္။ အေဖကလည္း ကီးဘုတ္ဝယ္ေပးတဲ့အခ်ိန္မွာ ေတာ္ေတာ္ေလးတီးတတ္လာေတာ့ အကိုၾကီးက ကီးဘုတ္အၾကီးၾကီး ဝယ္ေပးတာေပါ့ေနာ္။
ျပီးေတ့ာ နည္းပညာနဲ႔ ပတ္သက္တဲ့ သီခ်င္းေတြ ေတာ္ေတာ္တီးျဖစ္ပါတယ္။ အဓိကကေတာ့ က်ေနာ္က ပတ္ဝန္းက်င္နဲ႔ လိုက္ေလ်ာညီေထြေအာင္ ေနရတာေပါ့။ တခ်ိဳ႕လူေတြက်ေတာ့လည္း မေကာင္းေျပာၾကတယ္ေလ။
တခ်ိဳ႔မိဘေတြဆိုရင္လည္း က်ေနာ္ငယ္ငယ္က က်ေနာ္နဲ႔ေတာင္ ေပးမေဆာ့ခ်င္ၾကဘူးေပါ့။ အဲ့လိုမ်ိဴးေတြ ၾကံဳခဲ့ပါတယ္။ တခ်ိဳ႔က်ေတာ့လည္း အားေပးပါတယ္။
စိတ္ထဲမွာေတာ့ ဘယ္လိုမွ သေဘာမထားပါဘူး။ ေနာက္ဆံုးပတ္ဝန္းက်င္နဲ႔ ကင္းေအာင္ေနရင္း တေယာက္ထဲေနတတ္သြားတာပါ”
“ကိုညီထြဋ္ရဲ့ လြမ္းမိုးမႈကဘယ္ေလာက္အထိ က်ေနာ့္အေပၚလြမ္းမိုးလည္း ဆိုေတာ့ ဘာသီခ်င္းပဲဆိုဆို က်ေနာ္ ဦးညီထြဋ္လိုမ်ိဳးပဲ အားရပါးရဆိုတဲ့အက်င့္ က်ေနာ္ရေနပါျပီ။
ဦးညီထြဋ္နဲ႔သာ လက္တြဲဆိုခြင့္ရရင္ က်ေနာ္အရမ္းေပ်ာ္မွာပါ။ က်ေနာ့္ဘဝမွာ သူငယ္ခ်င္းေတြကလည္း ေျပာတယ္ေပါ့ေနာ္။ ဦးညီထြဋ္နဲ႔ အသံေတာ္ေတာ္တူေနတယ္တဲ့
ဦးညီထြဋ္နဲ႔ အသံတူေတာ့ အရမ္းမိုက္မွာလို႔ ေျပာၾကပါတယ္။ က်ေနာ္လည္း တူတူဆိုရလို႔ကေတ့ာ အတိုင္းမသိဝမ္းသာမိမွာပါ။
ဦးညီထြဋ္နဲ႔ က်ေနာ္လည္း ေတြ႔ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ ခုထိေတာ့ ဆံုျဖစ္ဖို႔မလြယ္ပါဘူး။ ႏိုင္ငံေက်ာ္အဆိုေတာ္ၾကီးဆိုေတာ့ က်ေနာ္သြားလည္း မေတြ႔ရဲပါဘူး။
ဦးညီထြဋ္ကို အားက်ျပီး ဘဝတေလွ်ာက္လံုးမွာ သူ႔သီခ်င္းေတြသီဆိုခဲ့တယ္။ ပ်င္းတဲ့အခ်ိန္လည္းဆိုပါတယ္။ ေပ်ာ္တဲ့အခ်ိန္လည္း ဆိုပါတယ္။
က်ေနာ့္ဘဝမွာ အလြမ္းအေဆြးသီခ်င္းေတြထက္ ဦးညီထြဋ္လို အားရပါးရဆိုရတဲ့ သီခ်င္းေတြ အရမ္းၾကိဳက္ပါတယ္” ဟု ေျဖၾကားသြား ခဲ့ပါတယ္။
Credit \\ original
Unicode
ဦးညီထွဋ်နဲ့ လက်တွဲပြီးသီချင်းဆိုခွင့်ရရင် အရမ်းပျော်မှာပါဆိုတဲ့ ကိုဝင်းစန်းအောင်
Myanmar Got Talent ပြိုင်ပွဲကနေတဆင့် လူအများအပြားရဲ့ စိတ်ဝင်စား အားပေးမှုကို ခံခဲ့ရတဲ့ ပြိုင်ပွဲဝင် ကိုဝင်းစန်းအောင်ကိုတော့
လက်ရှိမှာဆိုရင်တော့ တော်တော်များများလည်း ရင်းနှီးနေပြီ ထင်ပါတယ်။ ကိုဝင်းစန်းအောင်ကတော့ ရွှေတံဆိပ်ဆုတွေ များစွာ ပိုင်ဆိုင်ထားတဲ့
မသန်စွမ်းအားကစားသမား တယောက်ဖြစ်တာကြောင့်လည်း လူအများရဲ့ ဝန်းရံခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ သူကတော့ ပြိုင်ပွဲမှာ ကိုယ်တိုင်ကီးဘုတ်တီးပြီး
ဇော်ဝင်းထွဋ် သီချင်း ကို အပီအပြင်ဆိုသွားတာ ဖြစ်ပြီး သူ့ဘဝမှာ ဦးညီထွဋ်က ဘယ်လောက်တောင် လွမ်းမိုးမှုရှိလည်းဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။
မသန်စွမ်းအားကစားသမား ဖြစ်တဲ့ ကိုဝင်းစန်းအောင်ကတော့ ဆယ်လီကမ္ဘာနဲ့ အင်တာဗျူးမှာတော့ “ကျနော် Got Talent မှာဝင်ရောက် ယှဉ်ပြိုင်တော့
ပရိသတ်တွေက အရမ်းစိတ်ဝင်စားပြီး အားပေးလို့ အရမ်းဝမ်းသာပါတယ်။ ဒီမှာပြိုင်ဖို့ကတော့ ကျနော့်ဆရာတွေ လမ်းညွှန်လိုက်တာပါ။
မသန်စွမ်းအားကစားသမား တယောက်ကသီချင်းဆိုတဲ့ဖက်မှာလည်း ထူးချွန်ပါတယ်ဆိုတာကို သက်သေပြစေချင်တဲ့ သဘောပေါ့”
“ဂီတာလည်းတီးတယ်။ သီချင်းဆိုတယ်။ အဖေကလည်း ကီးဘုတ်ဝယ်ပေးတဲ့အချိန်မှာ တော်တော်လေးတီးတတ်လာတော့ အကိုကြီးက ကီးဘုတ်အကြီးကြီး ဝယ်ပေးတာပေါ့နော်။
ပြီးတေ့ာ နည်းပညာနဲ့ ပတ်သက်တဲ့ သီချင်းတွေ တော်တော်တီးဖြစ်ပါတယ်။ အဓိကကတော့ ကျနော်က ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် နေရတာပေါ့။ တချို့လူတွေကျတော့လည်း မကောင်းပြောကြတယ်လေ။
တချို့မိဘတွေဆိုရင်လည်း ကျနော်ငယ်ငယ်က ကျနော်နဲ့တောင် ပေးမဆော့ချင်ကြဘူးပေါ့။ အဲ့လိုမျိူးတွေ ကြုံခဲ့ပါတယ်။ တချို့ကျတော့လည်း အားပေးပါတယ်။
စိတ်ထဲမှာတော့ ဘယ်လိုမှ သဘောမထားပါဘူး။ နောက်ဆုံးပတ်ဝန်းကျင်နဲ့ ကင်းအောင်နေရင်း တယောက်ထဲနေတတ်သွားတာပါ”
“ကိုညီထွဋ်ရဲ့ လွမ်းမိုးမှုကဘယ်လောက်အထိ ကျနော့်အပေါ်လွမ်းမိုးလည်း ဆိုတော့ ဘာသီချင်းပဲဆိုဆို ကျနော် ဦးညီထွဋ်လိုမျိုးပဲ အားရပါးရဆိုတဲ့အကျင့် ကျနော်ရနေပါပြီ။
ဦးညီထွဋ်နဲ့သာ လက်တွဲဆိုခွင့်ရရင် ကျနော်အရမ်းပျော်မှာပါ။ ကျနော့်ဘဝမှာ သူငယ်ချင်းတွေကလည်း ပြောတယ်ပေါ့နော်။ ဦးညီထွဋ်နဲ့ အသံတော်တော်တူနေတယ်တဲ့
ဦးညီထွဋ်နဲ့ အသံတူတော့ အရမ်းမိုက်မှာလို့ ပြောကြပါတယ်။ ကျနော်လည်း တူတူဆိုရလို့ကတေ့ာ အတိုင်းမသိဝမ်းသာမိမှာပါ။
ဦးညီထွဋ်နဲ့ ကျနော်လည်း တွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ခုထိတော့ ဆုံဖြစ်ဖို့မလွယ်ပါဘူး။ နိုင်ငံကျော်အဆိုတော်ကြီးဆိုတော့ ကျနော်သွားလည်း မတွေ့ရဲပါဘူး။
ဦးညီထွဋ်ကို အားကျပြီး ဘဝတလျှောက်လုံးမှာ သူ့သီချင်းတွေသီဆိုခဲ့တယ်။ ပျင်းတဲ့အချိန်လည်းဆိုပါတယ်။ ပျော်တဲ့အချိန်လည်း ဆိုပါတယ်။
ကျနော့်ဘဝမှာ အလွမ်းအဆွေးသီချင်းတွေထက် ဦးညီထွဋ်လို အားရပါးရဆိုရတဲ့ သီချင်းတွေ အရမ်းကြိုက်ပါတယ်” ဟု ဖြေကြားသွား ခဲ့ပါတယ်။
Credit \\ original



