(၇) ရက္တာ တရားစခန္း ဝင္ေနတဲ့ မိုးျပည့္ျပည့္ေမာင္
(၇) ရက္တာ တရားစခန္း ဝင္ေနတဲ့ မိုးျပည့္ျပည့္ေမာင္
မိုးျပည့္ျပည့္ေမာင္က (၇) ရက္တာ တရားစခန္းဝင္ၿပီး ကုသိုလ္ေကာင္းမႈေတြ ျပဳလုပ္လ်က္ရွိပါတယ္။ သူမျပဳလုပ္တဲ့ ကုသိုလ္ေကာင္းမႈေတြကိုလည္း ပရိသတ္ေတြ သာဓုေခၚႏိုင္ေအာင္ အမွ်ေပးေဝထားပါေသးတယ္။
Drama မင္းသမီး လို႔ အသိအမွတ္ ျပဳေလာက္ေအာင္ အငို၊ အလြမ္း အခန္းေတြကို ပီျပင္ေအာင္သ႐ုပ္ ေဆာင္ႏိုင္သူက မိုးျပည့္ျပည့္ေမာင္ ပါ။
သရုပ္ေဆာင္ မိုုးျပည့္ျပည့္ေမာင္က လွည္းကူးၿမိဳ႕နယ္ သစၥာေရႊစည္ တရားစခန္းမွာ (၇)ရက္တိုင္တိုင္ တရားစခန္းဝင္ၿပီး ကုသိုလ္ယူခဲ့တယ္လို႕ သိရပါတယ္။
“လွည္းကူးၿမိဳ႕နယ္ သစၥာေရႊစည္ တရားစခန္းတြင္(7)ရက္တိုင္တိုင္ျပဳရေသာဒါန,သီလ,ဘာဝနာကုသိုလ္ ေကာင္းမႈတို႔အာ
းမိတ္ေဆြအေပါင္းအသင္း သူငယ္ခ်င္းမ်ားက်မႏွင့္အတူထပ္တူရေစရန္….အမွ်ေပးေဝပါသည္” ဆိုၿပီး
သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္မွာ ဇူလိုင္(၁၀) ရက္ေန႕က ေရးသားထားတာေတြ႕ရပါတယ္။
သူမျပဳလုပ္ခဲ့ေသာ အလွဴဒါနမ်ားကိုလည္း ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝထားပါေသးတယ္။
သရုပ္ေဆာင္ မိုးျပည့္ျပည့္ေမာင္ဟာရုပ္ရွင္ဇာတ္ကားႀကီးေတြ ရိုက္ကူးရင္း ကုသိုလ္ေကာင္း မႈေတြလည္း ျပဳလုပ္လ်က္ရွိတာ ေတြ႕ရပါတယ္။
နယ္ေဖ်ာ္ေျဖပြဲေတြမွာ သီခ်င္းေတြ သြားဆုိျဖစ္သ လို ေဖ်ာ္ေျဖပြဲေတြက ရရွိတဲ့ ေငြေၾကးေတြကိုလည္း အလွဴအတန္းေတြ ျပဳလုပ္တတ္သူပါ
။မိုးျပည္ျပည့္ေမာင္ဟာ သာယာတဲ့ မိသားစု ဘဝေလးကို ပိုင္ဆုိင္ထားသူ တစ္ဦးျဖစ္ပါတယ္။
သမီးေလး တစ္ေယာက္ကို ပိုင္ဆိုင္ထားတဲ့ သူမကလည္း သမီးေပၚ ထားရွိတဲ့ သူမရဲ႕ သေဘာထားေလးကိုလည္း ယခုလို ေျပာျပဖူးပါတယ္။
“မိုးျပည့္သမီးေလးနဲ႔ပတ္ သက္ၿပီးေတာ့လည္း မိဘတိုင္းက ေတာ့ သားသမီးေတြကို အေကာင္းဆုံးအရာေတြပဲပိုင္ဆိုင္ေစခ်င္တယ္။
သားသမီးကို ဘယ္လိုတည့္မတ္ေပး ရမလဲ။ သြားေနတဲ့လမ္းေၾကာင္းက မွားေနရင္ ျပဳျပင္ေပးမယ္။ မိုးျပည့္ထိန္းသိမ္းေပးဖို႔ပဲလိုပါတယ္။
ကိုယ့္ ဆႏၵႀကီးဘာျဖစ္ ခ်င္တယ္ဆိုတာကို မိုးျပည့္ကေလးအေပၚထားမွာ မ ဟုတ္ဘူး။ သမီးေလးက အႏုပညာ ကိုဝါသနာပါတယ္။
ကိုယ့္ထက္ သူကအိုက္တင္ေတြ၊ ဘာေတြပိုလုပ္ တတ္တယ္။ ဒါေပမယ့္ ငယ္ေသး ေတာ့ မိုးျပည့္ပညာေရးကိုပဲ ဦးစား ေပးမွာပါ။
အ႐ြယ္တစ္ခုေရာက္ လာလို႔ သူဘာျဖစ္ခ်င္တယ္ဆိုရင္ လည္း မိုးျပည့္မိဘ တစ္ေယာက္အေန နဲ႔ အေကာင္းဆုံးကူညီပံ့ပိုးေပးသြားမွာ ပါ’လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုဖူးပါတယ္။
မိုးျပည့္ျပည့္ေမာင္ဟာဆိုရင္ လက္ရွိမွာ ရုပ္ရွင္ထုတ္လုပ္ေရးကိုပါ လုပ္ေဆာင္ေနတာျဖစ္ၿပီး သူမရဲ႕ တိုက္နဲ႕ ရုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရိုက္ကူးလ်က္ရွိပါတယ္။
Credit \\ original
Unicode
(၇) ရက်တာ တရားစခန်း ဝင်နေတဲ့ မိုးပြည့်ပြည့်မောင်
မိုးပြည့်ပြည့်မောင်က (၇) ရက်တာ တရားစခန်းဝင်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ သူမပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် အမျှပေးဝေထားပါသေးတယ်။
Drama မင်းသမီး လို့ အသိအမှတ် ပြုလောက်အောင် အငို၊ အလွမ်း အခန်းတွေကို ပီပြင်အောင်သရုပ် ဆောင်နိုင်သူက မိုးပြည့်ပြည့်မောင် ပါ။
သရုပ်ဆောင် မိုုးပြည့်ပြည့်မောင်က လှည်းကူးမြို့နယ် သစ္စာရွှေစည် တရားစခန်းမှာ (၇)ရက်တိုင်တိုင် တရားစခန်းဝင်ပြီး ကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။
“လှည်းကူးမြို့နယ် သစ္စာရွှေစည် တရားစခန်းတွင်(7)ရက်တိုင်တိုင်ပြုရသောဒါန,သီလ,ဘာဝနာကုသိုလ် ကောင်းမှုတို့အာ းမိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများကျမနှင့်
အတူထပ်တူရစေရန်….အမျှပေးဝေပါသည်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်(၁၀) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
သူမပြုလုပ်ခဲ့သော အလှူဒါနများကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်။
သရုပ်ဆောင် မိုးပြည့်ပြည့်မောင်ဟာရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးရင်း ကုသိုလ်ကောင်း မှုတွေလည်း ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်။
နယ်ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ သွားဆိုဖြစ်သ လို ဖျော်ဖြေပွဲတွေက ရရှိတဲ့ ငွေကြေးတွေကိုလည်း အလှူအတန်းတွေ ပြုလုပ်တတ်သူပါ
။မိုးပြည်ပြည့်မောင်ဟာ သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။
သမီးလေး တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ သူမကလည်း သမီးပေါ် ထားရှိတဲ့ သူမရဲ့ သဘောထားလေးကိုလည်း ယခုလို ပြောပြဖူးပါတယ်။
“မိုးပြည့်သမီးလေးနဲ့ပတ် သက်ပြီးတော့လည်း မိဘတိုင်းက တော့ သားသမီးတွေကို အကောင်းဆုံးအရာတွေပဲပိုင်ဆိုင်စေချင်တယ်။
သားသမီးကို ဘယ်လိုတည့်မတ်ပေး ရမလဲ။ သွားနေတဲ့လမ်းကြောင်းက မှားနေရင် ပြုပြင်ပေးမယ်။ မိုးပြည့်ထိန်းသိမ်းပေးဖို့ပဲလိုပါတယ်။
ကိုယ့် ဆန္ဒကြီးဘာဖြစ် ချင်တယ်ဆိုတာကို မိုးပြည့်ကလေးအပေါ်ထားမှာ မ ဟုတ်ဘူး။ သမီးလေးက အနုပညာ ကိုဝါသနာပါတယ်။
ကိုယ့်ထက် သူကအိုက်တင်တွေ၊ ဘာတွေပိုလုပ် တတ်တယ်။ ဒါပေမယ့် ငယ်သေး တော့ မိုးပြည့်ပညာရေးကိုပဲ ဦးစား ပေးမှာပါ။
အရွယ်တစ်ခုရောက် လာလို့ သူဘာဖြစ်ချင်တယ်ဆိုရင် လည်း မိုးပြည့်မိဘ တစ်ယောက်အနေ နဲ့ အကောင်းဆုံးကူညီပံ့ပိုးပေးသွားမှာ ပါ’လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။
မိုးပြည့်ပြည့်မောင်ဟာဆိုရင် လက်ရှိမှာ ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ တိုက်နဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက်ရှိပါတယ်။
Credit \\ original




