ဓဇဂ္ဂသုတ်တော် အစွမ်းကြောင့် သေဘေးမှ လွတ်လာသူများ
လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာကြသောခရီးသည်အပေါင်းတို့ရှင် ကျွန်မတို့လေယာဉ်သည် မကြာခင်မှာပင်ခန္တီးလေဆိပ် သို့ ဆင်းသက်တော့မည် ဖြစ်ပါ၍ ထိုင်ခုံခါးပါတ်များ အားပါတ်ထားကြပါရန် မေတ္တာရပ်ခံပါသည်ရှင်”
လေယာဉ်မယ်လေး၏ ချိုမြိန်သော သတိပေးသံနှင့် အတူ လိုက်ပါလာကြသောခရီးသည်များမှာ ထိုင်ခုံခါး ပါတ်များကိုမိမိတို့ခါးသို့ပါတ်လျှက်သတိအနေအထားဖြင့် လေယာဉ်နှင့်လေယာဉ်ပြေး လမ်းတို့၏ ထိတွေ့မည့်အချိန်ကိုငံ့လင့်နေကြသည်။
မိနစ်များစွာကြာသည်အထိ လေယာဉ်နှင့် လေယာဉ်ပြေးလမ်း ထိတွေ့ ရိုက်ခတ်ခြင်းမရှိခဲ့ပါ သို့ဖြစ်၍ ခရီးသည်များ တစ်ဦးနှင့်တစ်ဦး ကြည့်လျှက် ဘယ်လိုပါလိမ့်ဟု အတွေးကိုယ်စီ ရှိနေခိုက် ။
“ခရီးသည်များရှင့် ကျွန်မတို့လေယာဉ်သည် ခန္တီး လေဆိပ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရာသီဥတု ဆိုးရွား၍မိုးနှင်းများအဆက်မပြတ်ကျ ရောက်ပိတ်ဖုံးနေပါသဖြင့် ။
လေယာဉ်ဆင်းသက်ရန် ခက်ခဲနေပါ၍ သည်းခံစောင့်ဆိုင်းနေကြပါရန်နှင့် ထိုင်ခုံ ခါးပါတ်များကို တင်းတင်းပါတ်ထားကြပါရန် သတိ ပေးအပ်ပါသည်ရှင့်”“တီ တီ တီ “။
လေယာဉ်မယ်၏သတိပေးသံအဆုံး အချက်ပေးသံ မြည်လာသဖြင့် လေယာဉ်မယ်သည် လေယာဉ်မှူးရှိရာ ဦးခန်းသို့ ခပ်သွက်သွက်လျှောက်၍ သွားပါတော့သည်။
“ဟာဒုက္ခပါဘဲဟေ့: “ဘယ်လိုလုပ်ကြမလဲ”
“အိုဗျာ..ကိုယ့်နေရာကိုယ်ငြိမ်ငြိမ်ထိုင်နေကြစမ်းပါ” ခရီးသည်များ စိုးရိမ်ပူပန်စိတ်များဖြင့် ပြောဆိုနေကြစဉ် လေယာဉ်မယ်နှင့်လေယာဉ်မောင်နှစ်ဦး လေယာဉ်မှူးအခန်းမှထွက်လာကြသည်ကို တွေ့ကြရ၍ ။
သိလိုစိတ်ဖြင့်ကြည့်နေမိကြပါတော့သည် လေယာဉ်မောင်သည် လက်အုပ်ချီရှိခိုး၍.”အရှင်ဘုရား တပည့်တော် များလေယာဉ်ပေါ်တွင် ဆရာတော်တစ်ပါးပါလာကြောင်း သိရပါတယ်ဘုရား။
ယခု တပည့်တော်များ လေယာဉ်မှာ ရာသီဥတု ဆိုးရွားလှ၍ လေယာဉ်ကွင်းကိုလည်းမမြင်ရ ၊ လေယာဉ်ပြေးလမ်းကိုလည်းမမြင်ရသည့်အြပင် မြစ်ကြီးနားသို့ပြန်လှည့်ရန်မှာလည်း လေယာဉ်ဆီမလုံလောက်သည့်အခြေအနေမှာ ရှိနေပါတယ် ဘုရား။”
ဒါ့ကြောင့်မို့ ဆရာတော်မှ အတတ်နိုင်ဆုံး စောင့်ရှောက်တော်မူပါရန် ရိုသေစွာ ရှောက်ထားပါတယ်ဘုရား” လေယာဉ်မောင်သည် အားကိုးကြီးစွာဖြင့် လေယာဉ်ဦးပိုင်းထိုင်ခုံရှိ ဆရာတော်တစ်ပါးကို လျှောက်ထားနေသည်ကို တွေ့ကြရသဖြင့် အားလုံးငြိမ်သက်လျှက် ရင်တမမဖြင့်ကြည့်နေကြသည်။
ထိုအချိန်တွင် “ကောင်းပြီလေ. ဘုန်းကြီး လေယာဉ်ခန်း ကြွလို့ရမလား” မှန်လှပါဘုရား၊ ရပါတယ် ကြွတော်မူပါ့ဘုရား လေယာဉ်မောင်၏ လျှောက်ထားသံအဆုံး ကြေးတောင်ဝှေးကို ညာလက်မှကိုင်လျှက် လေယာဉ်မှူးအခန်းသို့ ကြွသွားသည်ကိုတွေ့ကြရသည်။
လေယာဉ်ပေါ်ရှိခရီးသည်များလည်း တထိတ်ထိတ်နဲ့ရှိနေကြလျှက် ဆုမွန်ကောင်းများတောင်းကာ မိမိတို့ရထားသမျှ ဂါထာ မန္တာန် များကိုရွတ်လျှက်.။သို့ရှိစဉ်“ခရီးသည်များအားလုံး သတိထားပါ ခန္တီးလေယာဉ်ကွင်းကို လေယာဉ်ဆင်းသက်နေပြီဖြစ်ပါတယ်” စကားသံအဆုံး သိပ်မကြာမှီလေယာဉ်ဘီးနှင့် လေယာဉ်ပြေးလမ်းထိသံကြားလိုက်ရကာ လေယာဉ်မှာတသိမ့်သိမ့် တုန်ခါသွားပါတော့သည်။
လေယာဉ်သည် ချောမောစွာ ဆင်းသက်နိုင်ခဲ့ပေပြီ၊ အန္တရာယ်မှလွတ်ခဲ့ရြပီဖြစ်ပါသည်။လေယာဉ်ရပ်၍ ခရီးသည်များ ပြန်လည်လှုပ်ရှားလာပါတော့သည်။ထိုချိန် လေယာဉ်မှူးနှင့်အတူ ဆရာတော်သည် ခရီးသည်များရှိရာသို့ ထွက်လာသည်ကို တွေ့ရပါသည် လေယာဉ်မှူးမှ.”ခရီးသည်များခင်ဗျာဆရာတော်ကြွပြီးမှ နောက်ကလိုက်ပါဆင်းကြပါခင်ဗျ။
ဆရာတော်ရဲ့ကျေးဇူးတော်
ဒီနေ့ကျွန်တော်တို့အားလုံးဟာ အင်မတန် ကံကောင်းခဲ့ကြပါတယ် ဒီလိုကံကောင်းခြင်းမှာလည်း ဆရာတော်ရဲ့ကျေးဇူးတော်ကြောင့်လို့ပြောလိုပါတယ် ။
ူ
ထိုသို့ပြောနေရာမှ လေယာဉ်မှူးသည် ဆရာတော်အား ရှိခိုးလျှက် “ဟောဒီဆရာတော်မှ လက်တစ်ဖက်က တောင်ဝှေးကိုင်ပြီး လက်တစ်ဖက်က လေယာဉ်အရှေ့ဘက် ကိုလက်ညိုးထိုးပြီး ဂါထာများကို ရွတ်ဆိုပေးတယ် ။
မကြာခင်မှာဘဲ မိုးနှင်းထုကြားမှ ဆလိုက်မီးမောင်းထိုးပြလိုက်သလို ခန္တီးလေယာဉ်ကွင်းပြေးလမ်းကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရပါတယ်။
ဘေးနှစ်ဘက်မှောင်မြဲမှောင်နေပြီး လေယာဉ်ပြေးလမ်းတည့်တည့်ကိုသာ မီးမောင်းထိုး ထားသလိုတွေ့မြင်ရလို့ အံ့သြဝမ်းသာစွာနဲ့. ယခုကဲ့သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ပါကြောင်း ပြောကြားအပ်ပါသည်”
လေယာဉ်မှူးစကားအဆုံး ခရီးသည်အားလုံးမှ လက်အုပ်ကိုယ်စီ ချီ၍ရှိခိုးလိုက်ကြသည် ခန္တီးမြေကို ခြေချလျှင်ဘဲ ခရီးသည်နှင့် လာကြိုသူတို့ သည်အဖြစ်အပျက်များကို အပြန်အလှန်ပြောဆိုသံ တီးတိုးဖြင့် ဆရာတော်အား လက်ညိုးတထိုးထိုးရှိနေပေတော့သည်။
ထိုအခိုက် လေယာဉ်မှူးနှင့် လေယာဉ်မောင်မယ် တို့သည် ဆရာတော်နားချဉ်း ကပ်လျှက် ” ဆရာတော်ဘုရား ခေတ္တအနားယူရန်ကြွေ တော်မူပါဘုရား”ဟု လျှောက်ထားလျှက် နားနေဆောင်သို့ ပင့်ဆောင်သွားပါတော့သည်။
ခန္တီးမြို့ လေယာဉ်ကွင်း၌ ဆရာတော်အား ပင့်ဆောင်ကြိုဆိုရေးအဖွဲ့များ၊ လေယာဉ်မှူးနှင့် လေယာဉ် မောင်မယ်များ၊လေယာဉ် ပေါ်မှ ပါလာသည့် ခရီးသည်ပရိတ်သတ် ၃၀ ခန့် သည် မိမိတို့တွင်ပါလာကြသော လှူဖွယ်ဝတ္ထုတို့ဖြင့် ဆက်ကပ်လှူဒါန်း ကြရင်း မေး လျှောက် ကြလေသည်။
ထိုသို့မေးလျှောက်ရာတွင် လေယာဉ်မှူးကြီးမှ “ဆရာတော် ဘုရားရဲ့ကျေးဇူးကြီးမားလှပါတယ်ဘုရား” “ဘာ့ကြောင့်လည်းဒကာ”။
“ဆရာတော် ဂါထာရွတ်ဆို အဓိဌာန်ပြုသဖြင့် လေယာဉ် ဆင်းသက်နိုင်ခဲ့လို့ ခရီးသည်နဲ့တပည့်တော်တို့ အသက်ဘေးမှလွတ်မြောက်ခဲ့ရတယ် မဟုတ်ပါလား ဘုရား။
ဒါ့ကြောင့် ကျေးဇူးကြီးမားလှပါတယ်လို့ လျှောက်တာပါဘုရား” “ဒါယကာကြီးတို့ ကျေးဇူးတင်ချင်လည်း မြတ်စွာဘုရားကိုကျေးဇူးတင်ပါ”“လေယာဉ်ပေါ်မှာ အရေး ကြုံလို့ ဘုန်းကြီးရွတ်ခဲ့တဲ့ဂါထာက ဘုရားရှင်ရဲ့ပရိတ်တော်မို့ပါ”။
“မှန်လှပါ အဲ့ဒီလိုဆိုရင်မြတ်စွာဘုရားရော၊ဆရာတော်ရော ကျေးဇူးတင်လှပါတယ်ဘုရား””တပည့်တော်တို့မှာလည်း အမြဲလိုလိုလေယာဉ်နဲ့သွားနေရပါတယ်ဘုရား။
အခုလို အရေးကြုံလာရင် တပည့်တော်တို့နှင့်ခရီးသည်များ ဘေးရန်ကင်းဝေးစေရန် လေယာဉ်ပေါ်မှာရွတ်ဆိုခဲ့တဲ့ ဂါထာအား သနားသဖြင့် ချီးမြှင့်တော်မူ ပါရန် လျှောက်ထားအပ်ပါသည်ဘုရား” ဟု လေယာဉ်မှူးကြီးမှ လျှောက်ထားရာ ။
နေ့စဉ် ရွတ်ဆိုကြပါ
ဆရာတော်မှ”ကောင်းပြီလေ၊ ဒါယကာ၊ဒါယကာမတို့ အရကျက်မှတ်ပြီး နေ့စဉ် ရွတ်ဆိုကြပါ ဂါထာဆိုတာ….. အရေးကြုံမှရွတ်ဆိုရတာ မဟုတ်ဘူး အမြဲတမ်း အချိန်တိုင်း၊ သတိရတိုင်းရွတ်ဆိုနေရမယ်။
ဒါမှ အလေ့အကျင့်နဲ့အထုံ ဖြစ်ပြီး အရေးကြုံလို့. ရွတ်ဆိုတဲ့အခါ တည်ငြိမ်လေးနက်ပြီး အာနိသင်ထက်ပါတယ်””မွေးနေ့တိုင်း သတ္တဝါတွေကို ဘေးမဲ့ဒါနပြုတဲ့ အနေနဲ့အသက်သတ်လွတ်စားကြပါ။
သူများအသက်ကို ဘေးမဲ့ပေး အသက်သတ်လွတ် စားထားတဲ့ပုဂ္ဂိုလ်များဟာ ကိုယ့်အသက်ဘေးကြုံ လို့ ဂါထာမန္တာန်များ ရွတ်ဆိုရာမှာ အာနိသင်ပိုပြီး ထက်မြက်စေပါတယ်။
ဆရာတော်သည် ထိုကဲ့သို့ မိန့်တော်မူပြီး အောက်ဖေါ်ပြပါ ပရိတ်တော်ကို ချီးမြှင့်တော်မူသည် ထိုပရိတ်တော်မှာ ဓဇဂ္ဂသုတ်တော်ပင်ဖြစ်ပါသည်။
ကဲ အခုဘုန်းကြီး ရွတ်ပြခဲ့တဲ့ ဓဇဂ္ဂသုတ်တော်ကို ရွတ်ဆိုကြရင် ကုန်းဘေး၊ရေဘေး၊ လေဘေးတို့မှ ကင်းပျောက်စေနိုင်ပါတယ်။
ထိုအခါ လေယာဉ်မှူးကြီးမှ..”မှန်လှပါဘုရား၊ တကယ်တမ်းအနီးကပ် ဘေးရန်ကြုံတွေ့ပြီး ဓဇဂ္ဂသုတ်တော်ကို အစအဆုံးရွတ်ဆိုရန် အချိန် မရရင်ဘယ်လိုများ လုပ်ရမလဲ ဘုရား”ဟု လျှောက်တင်လေရာ ။
”ဒါကို မစိုးရိမ်ပါနဲ့ဒါယကာကြီးတို့မှာ ဓဇဂ္ဂသုတ်ကို အရကျက်ပြီး နေ့စဉ်ရွတ်ဆိုပါ။လေယာဉ်ပေါ်လည်း ရွတ်ဆိုပါ”အရေးအကြောင်းကြုံပြီဆို ရင်ဖြင့် ကိုယ်အမြဲရွတ်ဆိုနေတဲ့ ဓဇဂ္ဂသုတ်ကို ယုံ ကြည်အားထားစွာ သတိရ ပြီး …။
ဓဇဂ္ဂသုတ္တံ၊မံရက္ခတု လို့ ရွတ်ဆိုလိုက်ရင်ဘဲ ဘေးရန်ကင်းပါလိမ့်မယ် ဒီဓဇဂ္ဂသုတ်တော်ကို အမြဲရွတ်ဆိုပါ အာကာသ ကောင်းကင်၌ပင် ရပ်တည်နိုင်စွမ်းရှိကြောင်း ဘုရားဟောပါတယ်။
”ကဲ ကဲ ဘုန်းကြီးတို့လဲ ည တရားပွဲ ရှိသေးတယ် လာကြိုသူများလည်းစောင့်ရ တာကြာလှပြီ ၊သွားလိုက်ဦးမယ်””မှန်လှပါဘုရား” ဟု အားလုံးပြိုင်တူ ပြောဆို၍ ဆရာတော်အား ကန်တော့လိုက် ကြပါတော့သည်။
ထိုဆရာတော်ကား ကေလာသတောင် ဆရာတော် အရှင်အရိယဓမ္မသိဒ္ဓိ ပင်ဖြစ်ပါ တော့သည် သိဒ္ဓိ အဖုံဖုံကုံလုံကြပါစေ ။
ခရက်ဒစ်