မင်းသားလုပ်ဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ Paul Austin





The Voice Myanmar season -2 ပြိုင်ပွဲကြီးမှာတော့ winner ဆုကို Novem Htoo က ထိုက်တန်စွာ ဆွတ်ခူးခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်မှာတော့ ပြိုင်ပွဲဝင် လေးဦးနဲ့အတူ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေလည်း ရင်ခုန် စိတ်လှုပ်ရှားခဲ့ရပါတယ်။ တစ်ဦးချင်း သီဆိုယှဉ်ပြိုင်မှု ရှိသလို နည်းပြတွေနဲ့ တွဲဖက်ပြီး စုံတွဲ သီချင်း သီဆိုကာ နှစ်ကျော့ ပြိုင်ရချိန်မှာ နောက်ဆုံးအနေနဲ့ Novem Htoo နဲ့ Paul Austin ပဲ ကျန်ပါတော့တယ်။ Fianl ထိ ရောက်လာတဲ့အပေါ်မှာ ခံစားချက်ကိုတော့ Paul က ခုလို ပြောပါတယ်။


“ ခုလက်ရှိ ခံစားချက်ကတော့ ဝမ်းသာတယ်။ ကျွန်တော် ဒီအထိ ရောက်လာတာလည်း ကျေနပ်ပါတယ်။ ကို Novem အတွက် ဂုဏ်ယူပါတယ်လို့လည်း ပြောချင်ပါတယ်။ ကျွန်တော့်ရဲ့ fans တွေလည်း ကျွန်တော့်ကို ခုချိန်ထိ အားပေးလို့ ဝမ်းသာပါတယ် ခင်ဗျ။ ငယ်ငယ်လေးတည်းက အဆိုတော် ဖြစ်ချင်တာ။ ငယ်ငယ်လေးတည်းက ဖြစ်ချင်ခဲ့တဲ့ အဆိုတော် ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ အခွင့်အရေးတွေက တော်ရုံတန်ရုံနဲ့ မရှိခဲ့ဘူး။ အခု ကျောင်းတွေ ပြီးသွားတဲ့အချိန် အလုပ်တွေ ဘာတွေ လုပ်နေတော့မှ The Voice ကနေပြီး အနုပညာထဲ ဝင်ခွင့်ရလို့ ကျေးဇူးအများကြီး တင်ပါတယ်။” ဆိုပြီး ပြောသွားပါတယ်။


မိန်းကလေး ပရိသတ်တွေ များတဲ့အပေါ် Paul က ခုလို သုံးသပ်ပါတယ်။

“မိန်းကလေး ပရိသတ်တွေ ပိုများမယ် ထင်ပါတယ်။ ယောက်ျားလေး ပရိသတ်တွေလည်း မနည်းပါဘူး။ သူတို့တွေ အားပေးတဲ့ အသံကို ကြားတာနဲ့တင် ကျွန်တော် winner ဖြစ်နေပါပြီ။ ကျွန်တော်လည်း သိပ်မပြောတတ်ဘူး။ မိန်းကလေး ပရိသတ်တွေများလို့ ဝမ်းသာပါတယ်။” လို့ ဆိုပါတယ်။



မင်းသားလုပ်ဖို့ ကမ်းလှမ်းလာရင် မင်းသားလုပ်မယ့် အကြောင်းလည်း Paul က ခုလို ပြောသွားပါတယ်။


“မင်းသားလုပ်ဖို့ ကမ်းလှမ်းလာရင်တော့ မင်းသားလုပ်မှာပါ။ သရုပ်ဆောင်တာလည်း စိတ်ဝင်စားပါတယ်။ သီချင်းလည်း စိတ်ဝင်စားပါတယ်။ မင်းသားလုပ်ဖို့ဆိုရင်တော့ အများကြီး သင်ယူရဦးမယ်။ ထိုင်းကိုတော့ ပြန်မသွားတော့ပါဘူး။ အလည်တော့ပြန်မယ်။ အနုပညာကိုတော့ မြန်မာနိုင်ငံမှာပဲ အောင်မြင်အောင် ကြိုးစားချင်တယ်” ဆိုပြီး ပြောပြသွားပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget