ဆီးခ်ိဳႏွင္္႔ ႏွလံုးသမားမ်ား သိထားသင္႔သည္႔႔ ကင္းပံုသီး





ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ အေလ့က်ေပါက္ေရာက္ေလ့ရွိၿပီး သစ္ပင္ ၿခံစည္းရိုးတို႔ကို ႏြယ္ၿပီး တက္တဲ့ အပင္မ်ိဳးျဖစ္ပါတယ္။

အၿမဲစိမ္း ႏြယ္ပင္ျဖစ္ၿပီး ပင္စည္ေသးပါတယ္။ အသီးက လံုးရွည္ေမ်ာေမ်ာျဖစ္ၿပီး ၂ လက္မေက်ာ္ေလာက္ရွိတယ္။ အစိမ္းေရာင္အခြံေပၚမွာ အျဖဴေရာင္အစင္းေလးေတြရွိပါတယ္။ အရသာကေတာ့ အခါးနဲ႔ အခ်ိဳ ႏွစ္မ်ိဳးရွိၿပီး အခါးကိုေတာ့ ေဆးေဖာ္တဲ့ေနရာမွာ အသံုးမ်ားပါတယ္။ အေအးစာျဖစ္တယ္။ အရြက္က ဖန္ပါတယ္။ အသီးကိုခ်က္စားလို႔လည္းရသလို အရြက္ေတြ အျမစ္ေတြကလည္း ေဆးဖက္၀င္ပါတယ္။

ကင္းပံုရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့


အဖ်ားေပ်ာက္ေစတယ္

ကင္းပံုဟာ အဖ်ားကိုသက္သာေပ်ာက္ကင္းေစပါတယ္။ ကင္းပံုရြက္နဲ႔ နံနံေစ့ကို ဆတူေရာျပဳတ္ၿပီး ေသာက္သံုးႏိုင္ပါတယ္။ အျမစ္ကိုလည္း အဖ်ားက်ေဆးအေနနဲ႔ အသံုးျပဳႏိုင္ပါတယ္။

ဆီးခ်ိဳ

ဆီးခ်ိဳရွိသူေတြကေတာ့ အရြက္ကိိုအရည္ျပဳတ္ေသာက္တာ၊ အရြက္စိမ္းအႏုကို ေၾကာ္ခ်က္စားတာမ်ိဳး လုပ္ႏိုင္ပါတယ္။ အသီးကိုလည္း ခ်က္စားႏိုင္ပါတယ္။ အျမစ္ကိုလည္း ေဆးေဖာ္ၿပီးေတာ့ အသံုးျပဳၾကပါတယ္။

ႏွွလံုးက်န္းမာေရး

ႏွလံုးခံုမမွန္တာကိုိ သက္သာေပ်ာက္ကင္းေပါတယ္။ ကင္းပံုရြက္ကိုျပဳတ္ၿပီး စားပြဲတင္ဇြန္း ၂ ဇြန္းစာေလာက္ေသာက္ေပးပါ။ ေသြးဖိအားကိုက်ေစၿပီး ႏွလံုးေရာဂါကင္းေ၀းေစပါတယ္။

မိခင္ေလာင္းေတြအတြက္္

မိခင္ေလာင္းေတြအတြြက္ ႏို႔ထြက္ေစဖို႔ ကင္းပံုသီးကိုအသံုးျပဳၾကသလို၊ ပန္းနာ ေခ်ာင္းဆိုေရာဂါေတြအတြက္လည္း အသံုးျပဳၾကပါတယ္။

ေဆးဖက္၀င္တယ္္

ကင္းပံုရြက္ကိို သန္ခ်ေဆးေဖာ္စပ္ရာမွာ အသံုးျပဳၾကပါတယ္။ ဒါ့အျပင္ သည္းေျခနဲ႔ အဆုတ္ျပြန္ေရာင္တဲ့ ေရာဂါေတြအတြက္ ေဖာ္စပ္တဲ့ေဆးေတြမွာ အသံုးျပဳၾကပါတယ္။ ေရယုန္ေပါက္ရင္လည္း ကင္းပံုရြက္အရည္ကို တို႔ေပးရင္ေပ်ာက္ပါတယ္။

ေက်းဇူးအထူးတင္ပါတယ္္

Credit:My Food Myanmar

Unicode

မြန်မာနိုင်ငံ အနှံ့အပြားမှာ အလေ့ကျပေါက်ရောက်လေ့ရှိပြီး သစ်ပင် ခြံစည်းရိုးတို့ကို နွယ်ပြီး တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။

အမြဲစိမ်း နွယ်ပင်ဖြစ်ပြီး ပင်စည်သေးပါတယ်။ အသီးက လုံးရှည်မျောမျောဖြစ်ပြီး ၂ လက်မကျော်လောက်ရှိတယ်။ အစိမ်းရောင်အခွံပေါ်မှာ အဖြူရောင်အစင်းလေးတွေရှိပါတယ်။ အရသာကတော့ အခါးနဲ့ အချို နှစ်မျိုးရှိပြီး အခါးကိုတော့ ဆေးဖော်တဲ့နေရာမှာ အသုံးများပါတယ်။ အအေးစာဖြစ်တယ်။ အရွက်က ဖန်ပါတယ်။ အသီးကိုချက်စားလို့လည်းရသလို အရွက်တွေ အမြစ်တွေကလည်း ဆေးဖက်ဝင်ပါတယ်။

ကင်းပုံရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

အဖျားပျောက်စေတယ်

ကင်းပုံဟာ အဖျားကိုသက်သာပျောက်ကင်းစေပါတယ်။ ကင်းပုံရွက်နဲ့ နံနံစေ့ကို ဆတူရောပြုတ်ပြီး သောက်သုံးနိုင်ပါတယ်။ အမြစ်ကိုလည်း အဖျားကျဆေးအနေနဲ့ အသုံးပြုနိုင်ပါတယ်။

ဆီးချို

ဆီးချိုရှိသူတွေကတော့ အရွက်ကိိုအရည်ပြုတ်သောက်တာ၊ အရွက်စိမ်းအနုကို ကြော်ချက်စားတာမျိုး လုပ်နိုင်ပါတယ်။ အသီးကိုလည်း ချက်စားနိုင်ပါတယ်။ အမြစ်ကိုလည်း ဆေးဖော်ပြီးတော့ အသုံးပြုကြပါတယ်။

နှှလုံးကျန်းမာရေး

နှလုံးခုံမမှန်တာကိို သက်သာပျောက်ကင်းပေါတယ်။ ကင်းပုံရွက်ကိုပြုတ်ပြီး စားပွဲတင်ဇွန်း ၂ ဇွန်းစာလောက်သောက်ပေးပါ။ သွေးဖိအားကိုကျစေပြီး နှလုံးရောဂါကင်းဝေးစေပါတယ်။

မိခင်လောင်းတွေအတွက််

မိခင်လောင်းတွေအတွွက် နို့ထွက်စေဖို့ ကင်းပုံသီးကိုအသုံးပြုကြသလို၊ ပန်းနာ ချောင်းဆိုရောဂါတွေအတွက်လည်း အသုံးပြုကြပါတယ်။

ဆေးဖက်ဝင်တယ််

ကင်းပုံရွက်ကိို သန်ချဆေးဖော်စပ်ရာမှာ အသုံးပြုကြပါတယ်။ ဒါ့အပြင် သည်းခြေနဲ့ အဆုတ်ပြွန်ရောင်တဲ့ ရောဂါတွေအတွက် ဖော်စပ်တဲ့ဆေးတွေမှာ အသုံးပြုကြပါတယ်။ ရေယုန်ပေါက်ရင်လည်း ကင်းပုံရွက်အရည်ကို တို့ပေးရင်ပျောက်ပါတယ်။

ကျေးဇူးအထူးတင်ပါတယ််

Credit:My Food Myanmar

Recent Updates

Recent Posts Widget