စပိန္တြင္မုိးသည္းထန္ၿပီး ျမစ္ေရလွ်ံ၊ရာ ေရစီးျဖင့္ေမ်ာသြားသည့္ ကားထဲမွ အမ်ဳိးသား ေသဆုံး





စပိန္ႏုိင္ငံ ေျမာက္ပုိင္း နာဗာရာေဒသမွာ ဇူလုိင္ ၈ ရက္ေန႔ ညပုိင္းက မုိးသည္းသည္းမည္းမည္းရြာၿပီး ႐ုတ္တရက္ ျမစ္ေရလွ်ံတက္ခဲ့တာေၾကာင့္ ေရစီးနဲ႔အတူ ေမ်ာပါသြားတဲ့ ကားတစီးထဲက အမ်ိဳးသားတေယာက္ ေသဆုံးခဲ့ပါတယ္။စီဒါကုိျမစ္ဟာ နာရီပုိင္းအတြင္း ၄ ဒသမ ၃ လက္မထိ ေရမ်က္ႏွာျပင္ ျမင့္တက္ခဲ့တာေၾကာင့္ ျမစ္ေရေတြဟာ အနားက လမ္းေတြေပၚကုိ လွ်ံတက္လာၿပီး ေရစီးလမ္းေၾကာင္းမွာ ရွိသမွ် အရာအားလုံး ေမ်ာပါကုန္ပါတယ္။နာဗာရာေဒသကုိ ႐ုတ္တရက္ မုန္တုိင္းဝင္ေရာက္ခ်ိန္မွာ မုိးေရခ်ိန္ဟာ ပုံမွန္ပမာဏထက္ ေလးဆပုိမ်ားၿပီး ရြာသြန္းခဲ့ပါတယ္။


မုိးဆက္ရြာေနၿပီး ပတ္ဝန္းက်င္မွာလည္း ဆုိးဆုိးရြားရြား ေရႀကီးေရလွ်ံေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ေနအိမ္အျပင္ မထြက္ၾကဖုိ႔ နာဗာရာေဒသ အာဏာပုိင္ေတြက အဂၤါေန႔မွာ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။႐ုတ္တရက္ ေရႀကီးလာတာေၾကာင့္ ဘာပစၥညး္မွ သယ္ဖုိ႔ အခ်ိန္မရခဲ့ဘူးလုိ႔ တာဖာယုိၿမိဳ႕နဲ႔ ပြယ္ေယာ္ၿမိဳ႕ ေဒသခံေတြက ေျပာပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္က ဥေရာပတလႊား အပူလႈိင္းျဖတ္တာေၾကာင့္ စပိန္ႏုိင္ငံမွာ လူႏွစ္ေယာက္ ေသဆုံးခဲ့ပါေသးတယ္။
Credit DVB Burmese News

Unicode

စပိန်နိုင်ငံ မြောက်ပိုင်း နာဗာရာဒေသမှာ ဇူလိုင် ၈ ရက်နေ့ ညပိုင်းက မိုးသည်းသည်းမည်းမည်းရွာပြီး ရုတ်တရက် မြစ်ရေလျှံတက်ခဲ့တာကြောင့် ရေစီးနဲ့အတူ မျောပါသွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။စီဒါကိုမြစ်ဟာ နာရီပိုင်းအတွင်း ၄ ဒသမ ၃ လက်မထိ ရေမျက်နှာပြင် မြင့်တက်ခဲ့တာကြောင့် မြစ်ရေတွေဟာ အနားက လမ်းတွေပေါ်ကို လျှံတက်လာပြီး ရေစီးလမ်းကြောင်းမှာ ရှိသမျှ အရာအားလုံး မျောပါကုန်ပါတယ်။နာဗာရာဒေသကို ရုတ်တရက် မုန်တိုင်းဝင်ရောက်ချိန်မှာ မိုးရေချိန်ဟာ ပုံမှန်ပမာဏထက် လေးဆပိုများပြီး ရွာသွန်းခဲ့ပါတယ်။

မိုးဆက်ရွာနေပြီး ပတ်ဝန်းကျင်မှာလည်း ဆိုးဆိုးရွားရွား ရေကြီးရေလျှံနေတာကြောင့် ဒေသခံတွေအနေနဲ့ နေအိမ်အပြင် မထွက်ကြဖို့ နာဗာရာဒေသ အာဏာပိုင်တွေက အင်္ဂါနေ့မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ရုတ်တရက် ရေကြီးလာတာကြောင့် ဘာပစ္စညး်မှ သယ်ဖို့ အချိန်မရခဲ့ဘူးလို့ တာဖာယိုမြို့နဲ့ ပွယ်ယော်မြို့ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်က ဥရောပတလွှား အပူလှိုင်းဖြတ်တာကြောင့် စပိန်နိုင်ငံမှာ လူနှစ်ယောက် သေဆုံးခဲ့ပါသေးတယ်။
Credit DVB Burmese News

Recent Updates

Recent Posts Widget