ကိုယ့်မိသားစုကိုကာကွယ်ပါ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပါ ဆိုတဲ့ မယ်လိုဒီ
လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ ၂ နှစ်အရွယ် သမီးလေး မုဒိန်းကျင့်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မြန်မာ ပြည်သူ၊ ပြည်သားတွေအကုန်လုံး စိတ်မကောင်းဖြစ်နေကြတာပါ။ ပြည်သူတစ်ဦးတဖြစ်လဲ သရုပ်ဆောင် မယ်လိုဒီကလည်း သမီးလေး Victoria အတွက် သူမရဲ့ခံစားချက်ကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ မယ်လိုဒီကတော့ ကိုယ့်မိသားစုသာဆိုရင် ဆိုပြီး ကိုယ်ချင်းစာတရားအပြည့်ရှိကြဖို့ကိုလည်း ပြောထားပါသေးတယ်။
ချစ်ပရိသတ်တွေအတွက် မိခင်တိုင်းရှိသင့်တဲ့ စိတ်ထားလေးကို လှစ်ဟာပြလိုက်တဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မယ်လိုဒီကတော့ “ကိုယ့်ကလေး၎နှစ်ကျော် သားလေးပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းရဲ့ဘယ်နေရာတွေကမထိရမကိုင်ရ မနမ်းရ သားလေးကိုကိုင်ရင်ဆရာမတွေကိုပြောမေမေတို့ကိုပြောလို့ သင်ပေးထားပါတယ် အဲ့လိုဘဲ သားလေးကလည်း သူတစ်ပါးကိုမကိုင်ရဘူးနော်လို့သေချာဆုးံမထားပါတယ်ကိုယ့်မိသားစုကိုကာကွယ်ပါ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းပါ
ထားကြပါပညာတတ်ပေမယ့် အမှန်တရားဘက်မှာမရပ်တည်ရင်လူယုတ်မာပါဘဲ အမှားအမှန်ဝေဖန်ပိုင်းခြားပြီး အမှန်တရားဘက်မှာရပ်တည်တဲ့ သူတော်ကောင်းဖြစ်ဖို့အရေးကြီးပါတယ်အေးချမ်းသာယာတဲ့နိုင်ငံတော်ကြီးဖြစ်ဖို့ အပြစ်ကျူးလွန်သူ တွေကိုအပြစ်ပေးမှာ တရားမျှတာအေးချမ်းသာယာမှာပါ JusticeforVictoria” ဆိုပြီး ကိုယ်ချင်းစာတရားထားပေးကြဖို့ သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ သားလေးကိုထိန်းရင်း အနုပညာအလုပ်တွေပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း သမီးလေး Victoria ရဲ့အမှုနဲ့ပတ်သတ်ပြီး သူမရဲ့အမြင်ကို ပြောလာတဲ့ မယ်လိုဒီရဲ့အကြောင်းကို share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original



