ချစ်စရာကောင်းစွာ ပိုစ့်လေးတွေနဲ့ အပြိုင်အဆိုင်လှသွေးကြွယ်နေကြတဲ့ကစ်တို့ ညီအမ




ပရိတ်သတ်တွေရဲ့ အချစ်တော်လေးတစ်ယောက်ဖြစ်ပြီး ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ဖွေးဖွေးကတော့ အနုပညာအလုပ်တွေကို ဆယ်ကျော်သက်အရွယ် ကတည်းက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ဖွေးဖွေးကအနုပညာကို အရမ်းဝါသနာပါပြီး ဆရာသမားတွေရဲ့ စကားကိုနားထောင်ရင်း ကြိုးကြိုးစားစားလုပ်ဆောင်ခဲ့လို့ ဖွေးဆိုတဲ့ နေရာတစ်နေရာနဲ့ ရပ်တည်ခဲ့ကာ ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်လာတဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။


ဖွေးဖွေးက အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာဖြစ်လို့ သူမရဲ့အနုပညာသက်တမ်းကလည်း အခုဆိုရင် အရမ်းကို ကြာမြင့်နေပြီး အရင်ကထက် ပိုကောင်းတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေနဲ့ ပရိတ်သတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနေဆဲဖြစ်ပါတယ်။ဖွေးဖွေးရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေဆိုရင်လည်း ပရိတ်သတ်တွေက တစ်ခဲနက်ကို အားပေးကြမ်းကြလွန်းလို့ အရမ်းကိုအောင်မြင်ပြီး အကယ်ဒမီဆုတွေအများကြီးကိုလည်း ပိုင်ဆိုင်ထားတာပါနော်။





ဖွေးကတော့ အခုဆိုရင် ရွှေနန်းတော်၂၅နှစ်ပြည့် ငွေရတုပွဲလေးကို အနုပညာညီအစ်ကိုမောင်နှမများစွာနဲ့အတူ ပျော်ရွှင်စွာတက်ရောက်ခဲ့ပါတယ်နော်။ဖွေးရဲ့ ချစ်စရာအမူအရာလေးတွေနဲ့အပြောအဆိုလေးတွေကြောင့် အသက်၃၀ကျော်အရွယ်လို့မထင်ရဘဲ အမြဲတက်ကြွနေတဲ့ ကလေးလေးတစ်ယောက်လိုပါပဲနော်။အခုဆိုရင်တော့ ပရိသတ်ကြီးအတွက် ဖွေးရဲ့နုပျိုလန်းဆန်းပြီးတက်ကြွနေတဲ့အလှတရားပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Credit  \\  original

Recent Updates

Recent Posts Widget