သူမရဲ႕ခ်ိဳးၿပီးသားေရ တစ္ဘူးကို (၂၄)ေပါင္နဲ႔ ျပန္ေရာင္းခ်ရင္း စီးပြားျဖစ္ေနတဲ့ ေကာင္မေလး
သူမကိုယ္သူမ Gamer တစ္ေယာက္ပါလုိ႔ဆုိတဲ့ လူမႈကြန္ရက္ Influencer မေလးတစ္ေယာက္ကေတာ့ သူမ ခ်ိဳးၿပီးသားေရကုိ ဘူးထဲျပန္ထည့္ၿပီး “ဆာေလာင္ေနသူ အမ်ိဳးသားပရိသတ္ထံ” ျပန္ေရာင္းရင္း စီးပြားျဖစ္ေနတယ္လုိ႔ သိရပါတယ္။ ေရတစ္ဘူးကို (၂၄)ေပါင္ပါ။ ျမန္မာေငြနဲ႔ဆုိရင္ေတာ့ (၄၅၀၀၀)ေလာက္ ေပးရမွာပါ။
ေကာင္မေလးရဲ႕နာမည္ကေတာ့ Belle Delphine ျဖစ္ၿပီး အသက္(၂၀)ျဖစ္ပါတယ္။ သူမမွာ Follower (၄)သန္းေက်ာ္ရွိၿပီး၊ သူရဲ႕ ေရဘူးေတြဟာ (၂)ရက္တည္းနဲ႔ ေရာင္းကုန္သြားတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ တစ္ဖက္မွာေတာ့ ေဝဖန္မႈေတြ ခံေနရၿပီး-
သူမ ေရာင္းကုန္ေတြ မ်ားမ်ားေရာင္းေနရရင္ ၿပီးတာပဲလုိ႔ ဆုိပါတယ္။ Belle ဟာ ဂိမ္မာတစ္ေယာက္လုိ႔ သူမဘာသာ ေျပာေပမယ့္၊ အမ်ိဳးသားႀကိဳက္ပုံေလးေတြနဲ႔ သူမရဲ႕ လူမႈကြန္ရက္ကို ပြဲစည္ထားေစတာက မ်ားပါတယ္။ သူမက cosplay ေမာ္ဒယ္လုိ႔လည္း ေျပာပါတယ္။
ခ်ိဳၿပီးသားေရ ေရာင္းတဲ့အစီအစဥ္ကုိ Gamer Girl Bath Water ဆုိၿပီး သူမက အင္စတာဂရမ္မွာ အဂၤါေန႔က ေၾကညာခဲ့တာပါ။ ၿပီးေတာ့ ေနာက္ႏွစ္ရက္အၾကာမွာ အမ်ိဳးသားထုရဲ႕ အားေပးမႈေၾကာင့္ သူမမွာ ေရာင္းစရာကုန္သြားပါၿပီတဲ့။ Belle က-
” ဒါက တကယ္ ကၽြန္မခ်ိဳးထားတဲ့ေရပါ … ကၽြန္မ ေရခ်ိဳးေနရင္းနဲ႔ ပုလင္းေတြထဲကို ေသေသခ်ာခ်ာထည့္ထားတာပါ … ဒါေပမယ့္ ေျပာခ်င္တာက ဒါက ေသာက္ဖုိ႔မဟုတ္ပါဘူး .. ခိုင္မာစြာအားေပးျခင္းရဲ႕ သေကၤတလုိ႔ မွတ္ယူေပးပါ”လုိ႔ ေရးသားခဲ့ပါတယ္။
Credit \\ original
ယူနီကုဒ်ဖြင့် ဖတ်ရန်-
သူမကိုယ်သူမ Gamer တစ်ယောက်ပါလို့ဆိုတဲ့ လူမှုကွန်ရက် Influencer မလေးတစ်ယောက်ကတော့ သူမ ချိုးပြီးသားရေကို ဘူးထဲပြန်ထည့်ပြီး “ဆာလောင်နေသူ အမျိုးသားပရိသတ်ထံ” ပြန်ရောင်းရင်း စီးပွားဖြစ်နေတယ်လို့ သိရပါတယ်။ ရေတစ်ဘူးကို (၂၄)ပေါင်ပါ။ မြန်မာငွေနဲ့ဆိုရင်တော့ (၄၅၀၀၀)လောက် ပေးရမှာပါ။
ကောင်မလေးရဲ့နာမည်ကတော့ Belle Delphine ဖြစ်ပြီး အသက်(၂၀)ဖြစ်ပါတယ်။ သူမမှာ Follower (၄)သန်းကျော်ရှိပြီး၊ သူရဲ့ ရေဘူးတွေဟာ (၂)ရက်တည်းနဲ့ ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တစ်ဖက်မှာတော့ ဝေဖန်မှုတွေ ခံနေရပြီး-
ဘယ်လိုလူတွေကများ လူတစ်ယောက် ချိုးထားတဲ့ ရေကို သောက်ကြမလဲ၊ ဒါမှမဟုတ် အတော်ကို ထန်တဲ့ငနဲတွေပဲ ရေကို ကြည့်ပြီး အာသာဖြေကြမှာဆိုပြီး ပက်ပက်စက်စက် ဝေဖန်တာမျိုးတွေအထိ ရှိနေပါတယ်။ ဗြိတိန်အလှပဂေးမလေး Belle ကတော့ ဘယ်သူဝေဖန်တာကိုမှ ဂရုစမစိုက်ဘဲ၊
သူမ ရောင်းကုန်တွေ များများရောင်းနေရရင် ပြီးတာပဲလို့ ဆိုပါတယ်။ Belle ဟာ ဂိမ်မာတစ်ယောက်လို့ သူမဘာသာ ပြောပေမယ့်၊ အမျိုးသားကြိုက်ပုံလေးတွေနဲ့ သူမရဲ့ လူမှုကွန်ရက်ကို ပွဲစည်ထားစေတာက များပါတယ်။ သူမက cosplay မော်ဒယ်လို့လည်း ပြောပါတယ်။
ချိုပြီးသားရေ ရောင်းတဲ့အစီအစဉ်ကို Gamer Girl Bath Water ဆိုပြီး သူမက အင်စတာဂရမ်မှာ အင်္ဂါနေ့က ကြေညာခဲ့တာပါ။ ပြီးတော့ နောက်နှစ်ရက်အကြာမှာ အမျိုးသားထုရဲ့ အားပေးမှုကြောင့် သူမမှာ ရောင်းစရာကုန်သွားပါပြီတဲ့။ Belle က-
” ဒါက တကယ် ကျွန်မချိုးထားတဲ့ရေပါ … ကျွန်မ ရေချိုးနေရင်းနဲ့ ပုလင်းတွေထဲကို သေသေချာချာထည့်ထားတာပါ … ဒါပေမယ့် ပြောချင်တာက ဒါက သောက်ဖို့မဟုတ်ပါဘူး .. ခိုင်မာစွာအားပေးခြင်းရဲ့ သင်္ကေတလို့ မှတ်ယူပေးပါ”လို့ ရေးသားခဲ့ပါတယ်။
Credit \\ original






