ပကသနလုံးဝမရှိပဲ ပေါ့ပေါးပါးပါး ဖက်ရှင်လေးနဲ့ ပွဲတက်လာတဲ့ ဝတ်မှုံရွှေရည်
ပရိသတ်တွေချစ်တဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်က သရုပ်ဆောင်ကောင်းပြီး ဖက်ရှင်ကျကျဝတ်တတ်တဲ့ မင်းသမီးလေးအဖြစ် နာမည်ကြီးသူလေးပါ။ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဝတ်မှုံရွှေရည်က ယခုအချိန်ထိတိုင် အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေသူလေးလဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လက်ရှိမှာလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသူလေးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ကို တက်ရောက်ခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ “နှစ်ပါးသွား Update” Press Show ရောက် ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ဝတ်မှုံရွှေရည်ကတော့ ထိုပွဲကို လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ နာမည်ကြီး ဒိတ်ဒိတ်ကြဲ မင်းသမီးဆိုပေမယ့် ပကာသနမရှိပဲ လွတ်လွတ်လပ်လပ်သာ ဝတ်စားဆင်ယင်လာတာကြောင့် ပရိသတ်တွေက အံ့အားသင့်ခဲ့ရတာပဲ ဖြစ်ပါတယ်။
အမြဲတမ်းလိုလို ချစ်စရာကောင်းပြီး မိန်းကလေးဆန်ဆန် အပြင်အဆင်တွေနဲ့သာ ပွဲတက်လေ့ရှိတဲ့ ဝတ်မှုံရွှေရည်ကို အခုလို ပုံစံလေးနဲ့ တွေ့ရတော့လည်း တစ်မျိုးလေး ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။
“နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇော်လင်းက ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး နေတိုး၊ ဝတ်မှုံရွှေရည်တို့က အဓိကသရုပ်ဆောင်ထားပြီး အခြားသော သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်ပါတယ်။
ဝတ်မှုံရွှေရည်က “ကစ်နဲ့ ကိုနေတိုး တို့နှစ်ယောက် အပြိုင်တယောက်နဲ့တယောက် ဆေးထိုးထားကြတဲ့ တကားလုံး ခွီနေရမယ့် နှစ်ပါးသွာuးpdate ကားလေး July 18 ရက်နေ့ဆို ရုံတင်တော့မယ်နော်။ ကြည့်ပြီး ခွီပေးကြအုံးနော်😂😂😂” ဆိုပြီး ပရိသတ်တွေကို ပြောထားပါသေးတယ်။
ဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေ အသည်းယားရအောင် တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတယ်နော်။ “နှစ်ပါးသွား Update” ရုပ်ရှင်ဇာတ်ကားကြီးကို ဇူလိုင်လ (၁၈) ရက်နေ့ (ကြာသပတေး)နေ့မှ စတင်ပြီး တစ်ပြည်လုံးရုံတင်ပြသတော့မှာမို့ ဆက်ဆက်သွားကြည့်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original







