“Victoria အမႈ DNA စစ္ေဆးတဲ့ လုပ္ငန္းစဥ္ အေပၚ ႏိုင္ငံတကာေရွ႕ေနအသင္းေတြရဲ႕ အကူအညီနဲ႔ ဆန္းစစ္သြားမယ္”





ဗစ္တုိးရီးယားလို႔ အမည္ေပးထားတဲ့ သက္ငယ္မုဒိန္းမႈနဲ႔ ပတ္သက္ၿပီး DNA စစ္ေဆးတဲ့ နည္းလမ္းေတြ၊ ေနရာနဲ႔ အခ်ိန္အခါေတြကို ႏုိင္ငံတကာက DNA နဲ႔ ပတ္သက္လို႔ ကၽြမ္းက်င္တဲ့ ေရွ႕ေနအသင္းေတြရဲ႕ အကူအညီနဲ႔ ဆန္းစစ္မႈေတြ ျပဳလုပ္သြားမယ္လုိ႔ ျမန္မာႏိုင္ငံ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္း (ILAM) ကေန သိရပါတယ္။

ဗစ္တုိးရီးယား အမႈနဲ႔ ပတ္သက္လို႔ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္းအေနနဲ႔ အေမရိကန္ေရွ႕ေနအသင္း(ဥပေဒစိုးမုိးေရး)၊ လြတ္လပ္စြာေဖာ္ထုတ္ခြင့္ဆုိင္ရာ အာဆီယံေရွ႕ေနမ်ားအသင္းနဲ႔ ထုိင္းႏိုင္ငံေရွ႕ေနမ်ားအသင္းတုိ႔နဲ႔ ပူးေပါင္းကာ DNA စစ္ေဆးတဲ့ ျဖစ္စဥ္ေပၚ စစ္ေဆးတဲ့ေနရာ၊ စစ္ေဆးတဲ့အခ်ိန္၊ စစ္ေဆးတဲ့နည္းစနစ္စတဲ့ လုပ္ငန္းစဥ္ေတြနဲ႔ ပတ္သက္လို႔ ဆန္းစစ္လုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္း (ILAM) ရဲ႕ အေထြေထြအတြင္းေရးမွဴး ဦးသိန္းသန္းဦးက ေရႊႀတိဂံေဒသသတင္းဌာနကို ေျပာပါတယ္။



“DNA ကို လုပ္ေဆာင္သြားမယ္ဆုိတာ DNA ကိုေတာင္းၿပီးေတာ့ စစ္မွာေတာ့ မဟုတ္ဘူး။ ေတာင္းလို႔လဲ ေပးမွာ မဟုတ္ဘူး။ ဒါေပမယ့္ ဘယ္အခ်ိန္မွာစစ္တာလဲ၊ ဘယ္ေနရာကဟာကိုစစ္တာလဲ၊ ဘယ္လိုနည္းစနစ္နဲ႔ စစ္တာလဲ ဆုိတာေတြကို ႏိုင္ငံတကာက အေတြ႔အၾကံဳရွိတဲ့ ေရွ႕ေနအသင္းေတြနဲ႔ ပူးေပါင္းေဆာင္ရြက္သြားမွာပါ။ ဒါအေပၚအေျခခံၿပီး ဘယ္ေလာက္မွန္ကန္မႈရွိႏိုင္လဲေပါ့။ ဥပမာ ထုိင္းက ေရွ႕ေနေတြဆုိရင္ ဝင္းနဲ႔ေဇာ္ အမႈတုန္းက DNA စစ္ေဆးတာနဲ႔ ပတ္သက္လို႔ ကူညီတာရွိတယ္” လို႔ ဦးသိန္းသန္းဦးက ေျပာပါတယ္။

ဒါ့အျပင္ ဗစ္တုိးရီးယားအမႈနဲ႔ ပတ္သက္လုိ႔ ရဲတပ္ဖြဲ႔ရဲ႕ သတင္းစာရွင္းလင္းပြဲ ေျပာၾကားခ်က္ေတြဟာ အမႈစစ္ေဆးမယ့္ တရားရံုးအေပၚ မလိုအပ္ဘဲ ၾသဇာသက္ေရာက္မႈ၊ စကားဦးသန္းမႈေတြ ျဖစ္ေစတယ္လုိ႔ ယူဆရေၾကာင္းလည္း ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္းက ထုတ္ျပန္ေၾကညာထားပါတယ္။



“ရဲတပ္ဖြဲ႔ရဲ႕ ေျပာၾကားခ်က္ထဲမွာ တရားခံက ေအာင္ႀကီးပါတုိ႔။ DNA စစ္တာ မွန္တယ္တုိ႔ ဆုိတာက ေျပာခြင့္မရွိဘူး။ သံသယရွိတဲ့သူကို ဖမ္းထားတယ္။ ဘယ္အခ်က္ေတြေၾကာင့္ ခိုင္လံုတယ္လို႔ ယူဆရတယ္ ဆိုတာမ်ိဳးပဲ ေျပာခြင့္ရွိတယ္” လို႔ ဦးသိန္းသန္းဦးက ရွင္းျပပါတယ္။

ဗစ္တိုးရီးယားအမႈမွာ က်ဴးလြန္သူအျဖစ္ ဖမ္းဆီးခံထားရတဲ့ ကားေမာင္းသမား ေအာင္ႀကီးဘက္ေန ေရွ႕ေနအျဖစ္ ျမန္မာႏိုင္ငံလြတ္လပ္ေသာ ေရွ႕ေနမ်ားအသင္းရဲ႕ ျပန္ၾကားေရးမွဴး တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က လိုက္ပါေဆာင္ရြက္သြားမွာျဖစ္ၿပီး အဆင့္တုိင္းကို ျမန္မာႏိုင္ငံအတြင္းက ညီေနာင္ ေရွ႕ေနအသင္းေတြ ပူးေပါင္း ေစာင့္ၾကည့္ကာ ေတြ႔ရွိခ်က္ေတြကို သမၼတထံ ေပးပို႔သြားမယ္လုိ႔ သိရပါတယ္။

Credit: – ေရႊႀတိဂံေဒသသတင္း
Photo- ဗစ္တိုးရီးယားအမႈ တရားမွ်တမႈရရွိရန္ ဆႏၵေဖာ္ထုတ္ေနစဥ္

Unicode Version

ဗစ်တိုးရီးယားလို့ အမည်ပေးထားတဲ့ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး DNA စစ်ဆေးတဲ့ နည်းလမ်းတွေ၊ နေရာနဲ့ အချိန်အခါတွေကို နိုင်ငံတကာက DNA နဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့ ရှေ့နေအသင်းတွေရဲ့ အကူအညီနဲ့ ဆန်းစစ်မှုတွေ ပြုလုပ်သွားမယ်လို့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း (ILAM) ကနေ သိရပါတယ်။

ဗစ်တိုးရီးယား အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းအနေနဲ့ အမေရိကန်ရှေ့နေအသင်း(ဥပဒေစိုးမိုးရေး)၊ လွတ်လပ်စွာဖော်ထုတ်ခွင့်ဆိုင်ရာ အာဆီယံရှေ့နေများအသင်းနဲ့ ထိုင်းနိုင်ငံရှေ့နေများအသင်းတို့နဲ့ ပူးပေါင်းကာ DNA စစ်ဆေးတဲ့ ဖြစ်စဉ်ပေါ် စစ်ဆေးတဲ့နေရာ၊ စစ်ဆေးတဲ့အချိန်၊ စစ်ဆေးတဲ့နည်းစနစ်စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆန်းစစ်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (ILAM) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦးက ရွှေတြိဂံဒေသသတင်းဌာနကို ပြောပါတယ်။
“DNA ကို လုပ်ဆောင်သွားမယ်ဆိုတာ DNA ကိုတောင်းပြီးတော့ စစ်မှာတော့ မဟုတ်ဘူး။ တောင်းလို့လဲ ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဘယ်အချိန်မှာစစ်တာလဲ၊ ဘယ်နေရာကဟာကိုစစ်တာလဲ၊ ဘယ်လိုနည်းစနစ်နဲ့ စစ်တာလဲ ဆိုတာတွေကို နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ ရှေ့နေအသင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒါအပေါ်အခြေခံပြီး ဘယ်လောက်မှန်ကန်မှုရှိနိုင်လဲပေါ့။ ဥပမာ ထိုင်းက ရှေ့နေတွေဆိုရင် ဝင်းနဲ့ဇော် အမှုတုန်းက DNA စစ်ဆေးတာနဲ့ ပတ်သက်လို့ ကူညီတာရှိတယ်” လို့ ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒါ့အပြင် ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်တွေဟာ အမှုစစ်ဆေးမယ့် တရားရုံးအပေါ် မလိုအပ်ဘဲ သြဇာသက်ရောက်မှု၊ စကားဦးသန်းမှုတွေ ဖြစ်စေတယ်လို့ ယူဆရကြောင်းလည်း မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။
“ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ထဲမှာ တရားခံက အောင်ကြီးပါတို့။ DNA စစ်တာ မှန်တယ်တို့ ဆိုတာက ပြောခွင့်မရှိဘူး။ သံသယရှိတဲ့သူကို ဖမ်းထားတယ်။ ဘယ်အချက်တွေကြောင့် ခိုင်လုံတယ်လို့ ယူဆရတယ် ဆိုတာမျိုးပဲ ပြောခွင့်ရှိတယ်” လို့ ဦးသိန်းသန်းဦးက ရှင်းပြပါတယ်။

ဗစ်တိုးရီးယားအမှုမှာ ကျူးလွန်သူအဖြစ် ဖမ်းဆီးခံထားရတဲ့ ကားမောင်းသမား အောင်ကြီးဘက်နေ ရှေ့နေအဖြစ် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းရဲ့ ပြန်ကြားရေးမှူး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်သွားမှာဖြစ်ပြီး အဆင့်တိုင်းကို မြန်မာနိုင်ငံအတွင်းက ညီနောင် ရှေ့နေအသင်းတွေ ပူးပေါင်း စောင့်ကြည့်ကာ တွေ့ရှိချက်တွေကို သမ္မတထံ ပေးပို့သွားမယ်လို့ သိရပါတယ်။

Credit: – ရွှေတြိဂံဒေသသတင်း
Photo- ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရန် ဆန္ဒဖော်ထုတ်နေစဉ်

Recent Updates

Recent Posts Widget