“သမီးငယ္ေလးဗစ္တိုးရီးယားအတြက္ ဗို္လ္ႀကီးေဟာင္းတစ္ဦးမွ ရဲခ်ဳပ္ေအာင္ဝင္းဦးထံ အမွန္တရားအတြက္ ေပးစာ 😱👍”
ရဲဗိုလ္ခ်ဳပ္ႀကီးေအာင္ဝင္းဦး
ရဲခ်ဳပ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕
ကြၽန္ေတာ္ေလးစားစြာျဖင့္ စာေရးလိုက္ပါတယ္။ ကြၽန္ေတာ္က ရဲခ်ဳပ္ႀကီး ရန္ကုန္တိုင္းစစ္ဗ်ဴဟာတြင္ ဦးစီးအရာရိွ(တတိယတန္း) တာဝန္ထမ္းေဆာင္စဥ္က ဗ်ဴဟာမႉးျဖစ္သူ ဗိုလ္မႉးႀကီး ရန္သိမ္း၏သား ဇာနည္ရန္ျဖစ္ပါတယ္ခင္ဗ်ာ။ ထိုစဥ္က ကြၽန္ေတာ့္မွာ အေျခခံပညာအထက္တန္းစာေမးပြဲ ေအာင္ျမင္ထားၿပီး စစ္တကၠသိုလ္ဝင္ခြင့္ေျဖဆိုရန္ ေစာင့္ဆိုင္းေနခ်ိန္ျဖစ္ပါတယ္။ စစ္ယူနီေဖာင္းနဲ႔စမတ္က်တဲ့လူေတြ အမ်ားထဲကမွ ကြၽန္ေတာ္မ်က္စိထဲစြဲေနသူထဲမွာ ဦးေအာင္ဝင္းဦး၊ ရဲခ်ဳပ္ႀကီးလည္းအပါအဝင္ပါပဲ။ ဒီလိုစမတ္က်တဲ့သူေတြကို စံျပအျဖစ္ထားၿပီး ကြၽန္ေတာ္လည္းစစ္တကၠသိုလ္တက္ခဲ့ေပမယ့္
ကံအက်ဳိးေပးနဲတာႏွင့္ ကြၽန္ေတာ္ကိုယ္တိုင္ညံ့တာေၾကာင့္ ဗိုလ္ႀကီးအဆင့္နဲ႔ပဲ တပ္မေတာ္က အၿငိမ္းစားယူခဲ့ရပါတယ္။ ဦးေအာင္ဝင္းဦး ရဲခ်ဳပ္တာဝန္စတင္ထမ္းေဆာင္သည့္အခါမွသာ ရဲခ်ဳပ္ျဖစ္ေနမွန္းသိပါတယ္။ စစ္တကၠသိုလ္ေက်ာင္းဆင္းခ်င္း၊ တပ္ခြဲတစ္ခုတည္းတူညီတာေရာ၊ ဦးေလးနဲ႔တူသဖြယ္ လက္ပြန္းတတီးေနခဲ့တာေၾကာင့္ပါ သံေယာဇဥ္ရိွလွ်က္ပါ။ ေဖေဖကလည္း ရဲခ်ဳပ္ႀကီးအတြက္ ဂုဏ္ယူေနပါတယ္။
ရခိုင္ျပည္နယ္ရဲစခန္းမ်ား တိုက္ခိုက္ခံရခ်ိန္၊ ဦးကိုနီအမႈစစ္ေဆးေနခ်ိန္၊ မူးယစ္ေဆးဝါးမ်ား ေဖာ္ထုတ္ဖမ္းဆီးမႈ အရိွန္ျမႇင့္ေနခ်ိန္ေတြက တကယ္ကိုအလုပ္မ်ားၿပီး စြမ္းစြမ္းတမံေဆာင္ရြက္ေနရလိမ့္မယ္ဆိုတာ ေတြးၾကည့္ယံုျဖင့္ သိႏိုင္ပါတယ္။ ယခုေနာက္ဆံုး အားလံုးသိၾကၿပီျဖစ္တဲ့ သမီးငယ္ေလးတစ္ေယာက္ ေက်ာင္းအတြင္းမွာပဲ အႏိုင္က်င့္ေစာ္ကားခံရတဲ့ကိစၥက ေရွ႕ကျဖစ္စဥ္ေတြထက္ လူတိုင္းကိုစိတ္လႈပ္ရွားေစခဲ့ပါတယ္။ အထူးသျဖင့္ မိဘေတြအားလံုးကိုေပါ့၊
ကြၽန္ေတာ္လည္း ခေလးတို႔ဖခင္မို႔ ဒီအျဖစ္အပ်က္ကို ေတာက္ေလ်ာက္ေစာင့္ၾကည့္ေနခဲ့ပါတယ္။ ေလာကမွာရိွသမွ်လူတိုင္း သားသမီးအရာနဲ႔ မိဘေနရာ ဆင့္ကဲေနလာခဲ့ၾကသူခ်ည္းပါပဲ။ အႏိုင္က်င့္ခံရတဲ့သမီးငယ္ေလးမိဘမဆိုနဲ႔ ေဘးကၾကားရတဲ့ ကြၽန္ေတာ္တို႔သည္ပင္ ဤလူမဆန္ေသာကိစၥကို ဘယ္လိုမွခြင့္လႊတ္ႏိုင္စရာ မရိွပါဘူး။ တရားဥပေဒက ပိုၿပီးေတာ့ ခြင့္လႊတ္ႏိုင္စရာ ရိွမွာမဟုတ္ဘူးလို႔ ယံုၾကည္ပါတယ္။ ဒီအမႈက အခ်ိန္ၾကာလာတာနဲ႔အမွ် အလြန္ခက္ခဲၿပီး ႐ႈပ္ေထြးေနလိမ့္မယ္လို႔ ခန္႔မွန္းမိပါတယ္။ ဒါေပမယ့္ စီအိုင္ဒီရဲမႉးတာဝန္ထမ္းေဆာင္ခဲ့တဲ့ ရဲခ်ဳပ္ႀကီးအတြက္ ရဲလုပ္ထံုးလုပ္နည္းေတြကို
စနစ္တက်ေဆာင္ရြက္ခိုင္းလိမ့္မယ္ဆိုတာ သံသယဝင္စရာမလိုပါဘူး။ ဒီအမႈမွာ တရားခံဘယ္သူဝါဆိုတာ တရား႐ံုးကအမိန္႔မခ်မခ်င္း အားလံုးက ရင္တမမနဲ႔ ျဖစ္ရေလာက္ေအာင္ အမ်ဳိးမ်ဳိးျမင္ရ၊ ၾကားေနရပါတယ္။ တရား႐ံုးက မွန္ကန္တဲ့ဆံုးျဖတ္ခ်က္မခ်ခင္ တရား႐ံုးထံ တရားစြဲဆိုတင္ပို႔မယ့္ ဥပေဒဘက္ေတာ္သား ရဲတပ္ဖြဲ႕ဝင္မ်ားကလည္း တကယ့္တရားခံအစစ္အမွန္ကိုသာ တရားစြဲဆိုတင္ပို႔လိမ့္မယ္လို႔ ကြၽန္ေတာ္တို႔မိဘမ်ားက ယံုၾကည္ေနပါတယ္။
အဲဒီတရားခံအစစ္အမွန္ကိုသာ တရားစြဲဆိုၿပီး လြတ္လမ္းမရိွေအာင္ ျပစ္ဒဏ္ေပးႏိုင္ပါမွ တႏိုင္ငံလံုးကမိဘေတြ စိတ္ေအးႏိုင္မွာျဖစ္ပါတယ္။ ျပစ္မႈက်ဴးလြန္သူသာမက ျပစ္မႈက်ဴးလြန္ရာတြင္ တနည္းနည္းျဖင့္ပါဝင္ပတ္သက္သူမ်ားကိုလည္း ထိေရာက္တဲ့ျပစ္ဒဏ္ေတြ ေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။ တကယ္ေတာ့ ဒီျဖစ္စဥ္မွာ သမီးငယ္ေလးရဲ႕မိဘက မိဘအစစ္ႏွစ္ေယာက္တည္း မဟုတ္ေတာ့ပါဘူး၊ တႏိုင္ငံလံုးက အၾကင္နာႏွလံုးသားပိုင္ရွင္ မိဘအားလံုးက အဲဒီသမီးေလးမိဘအျဖစ္ ရိွေနၾကပါၿပီ။
ရဲခ်ဳပ္ႀကီး ခင္ဗ်ာ
မေျပာေကာင္းမဆိုေကာင္း ရဲတပ္ဖြဲ႕ကတရားစြဲဆိုတင္ပို႔သူသည္ တရားခံအစစ္မဟုတ္ခဲ့ပါက တရား႐ံုးကသက္ေသခိုင္လံုလ်င္ ျပစ္ဒဏ္ခ်မည္၊ သက္ေသမခိုင္လံုက ျပန္လႊတ္ျခင္းမ်ားျဖစ္ခဲ့လ်င္ တရားခံအစစ္မွာ လံုးဝလြတ္ေျမာက္သြားဖြယ္ရာရိွပါသည္။ က်ဴးလြန္သူအစစ္မွာ ယခုလိုႏိူင္ငံေက်ာ္အမႈမွ လြတ္သြားၿပီဆိုက ေနာင္တခ်ိန္ထပ္မံ ျပစ္မႈက်ဴးလြန္ရန္ ဝန္ေလးေတာ့မည္မဟုတ္ေပ။ ထိုထက္ပို၍ကား ရဲတပ္ဖြဲ႕က က်ဴးလြန္သူအစစ္အမွန္ကို မဖမ္းႏိုင္ဘဲ ရဲတပ္ဖြဲ႕မဟုတ္သူမ်ားကသာ က်ဴးလြန္သူအစစ္အမွန္ကို ေဖာ္ထုတ္ႏိုင္ခဲ့ပါက ရဲတပ္ဖြဲ႕၏ဂုဏ္သိကၡာ မည္သို႔ရိွလိမ့္မည္နည္း။ လူအမ်ား
ရဲတပ္ဖြဲ႕အေပၚယံုၾကည္ကိုးစားမႈသည္ ယခုျဖစ္စဥ္ကိုၾကည့္ၿပီး အေပါင္း၊ အႏႈတ္ျဖစ္လိမ့္မည္ဟု ကြၽန္ေတာ္ထင္ပါသည္။ အကယ္၍မ်ား အမႈသြားအမႈလာအရ တရားစြဲဆိုျခင္း၊ တရားစီရင္ျခင္းမ်ားကို ျပည္သူအမ်ားစုက အယံုအၾကည္မဲ့သြားပါက ေနာင္မေဝးေတာ့ေသာကာလတြင္ လက္စားေခ်ျခင္း၊ ဓားကိုဓားခ်င္း၊ ေသနတ္ကိုေသနတ္ခ်င္း၊ ဟန္မူရာဘီကိုယ္ဓဥပေဒမ်ဳိး ျဖစ္လာႏိုင္စရာရိွသျဖင့္ စိုးရိမ္မိပါသည္။ ဤသို႔ေသာကိစၥတြင္ လူတို႔၏ယံုၾကည္မႈ၊
ရဲတပ္ဖြဲ႕အေပၚအားကိုးရမႈကို ပိုင္ပိုင္ႏိုင္ႏိုင္ရယူႏိုင္ပါက ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ဂုဏ္သိကၡာ အႀကီးအက်ယ္ျမင့္တက္သြားလိမ့္မည္ ျဖစ္ပါသည္။ ဥပေဒဘက္ေတာ္သားမ်ား၏ အမွန္တရားအတြက္ မဆုတ္မနစ္ႀကိဳးစားအားထုတ္မႈႏွင့္ ေျဖာင့္မွန္ေသာတရားစီရင္ေရးစနစ္ကို သမီးငယ္ေလးအတြက္ ယူေဆာင္ေပးဖို႔ ဦးေအာင္ဝင္းဦး၊ ရဲခ်ဳပ္ႀကီးႏွင့္တကြ တာဝန္ထမ္းေဆာင္ေနသူအားလံုးကို ေလးေလးနက္နက္ ေတာင္းဆိုပါရေစ။
ေလးစားစြာျဖင့္
ဇာနည္ရန္သိမ္း
Credit Via စြယ္စံု သတင္းစံု
Unicode Version
သို့
ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး
ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
ကျွန်တော်လေးစားစွာဖြင့် စာရေးလိုက်ပါတယ်။ ကျွန်တော်က ရဲချုပ်ကြီး ရန်ကုန်တိုင်းစစ်ဗျူဟာတွင် ဦးစီးအရာရှိ(တတိယတန်း) တာဝန်ထမ်းဆောင်စဉ်က ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီး ရန်သိမ်း၏သား ဇာနည်ရန်ဖြစ်ပါတယ်ခင်ဗျာ။ ထိုစဉ်က ကျွန်တော့်မှာ အခြေခံပညာအထက်တန်းစာမေးပွဲ အောင်မြင်ထားပြီး စစ်တက္ကသိုလ်ဝင်ခွင့်ဖြေဆိုရန် စောင့်ဆိုင်းနေချိန်ဖြစ်ပါတယ်။ စစ်ယူနီဖောင်းနဲ့စမတ်ကျတဲ့လူတွေ အများထဲကမှ ကျွန်တော်မျက်စိထဲစွဲနေသူထဲမှာ ဦးအောင်ဝင်းဦး၊ ရဲချုပ်ကြီးလည်းအပါအဝင်ပါပဲ။ ဒီလိုစမတ်ကျတဲ့သူတွေကို စံပြအဖြစ်ထားပြီး ကျွန်တော်လည်းစစ်တက္ကသိုလ်တက်ခဲ့ပေမယ့်
ကံအကျိုးပေးနဲတာနှင့် ကျွန်တော်ကိုယ်တိုင်ညံ့တာကြောင့် ဗိုလ်ကြီးအဆင့်နဲ့ပဲ တပ်မတော်က အငြိမ်းစားယူခဲ့ရပါတယ်။ ဦးအောင်ဝင်းဦး ရဲချုပ်တာဝန်စတင်ထမ်းဆောင်သည့်အခါမှသာ ရဲချုပ်ဖြစ်နေမှန်းသိပါတယ်။ စစ်တက္ကသိုလ်ကျောင်းဆင်းချင်း၊ တပ်ခွဲတစ်ခုတည်းတူညီတာရော၊ ဦးလေးနဲ့တူသဖွယ် လက်ပွန်းတတီးနေခဲ့တာကြောင့်ပါ သံယောဇဉ်ရှိလျှက်ပါ။ ဖေဖေကလည်း ရဲချုပ်ကြီးအတွက် ဂုဏ်ယူနေပါတယ်။
ရခိုင်ပြည်နယ်ရဲစခန်းများ တိုက်ခိုက်ခံရချိန်၊ ဦးကိုနီအမှုစစ်ဆေးနေချိန်၊ မူးယစ်ဆေးဝါးများ ဖော်ထုတ်ဖမ်းဆီးမှု အရှိန်မြှင့်နေချိန်တွေက တကယ်ကိုအလုပ်များပြီး စွမ်းစွမ်းတမံဆောင်ရွက်နေရလိမ့်မယ်ဆိုတာ တွေးကြည့်ယုံဖြင့် သိနိုင်ပါတယ်။ ယခုနောက်ဆုံး အားလုံးသိကြပြီဖြစ်တဲ့ သမီးငယ်လေးတစ်ယောက် ကျောင်းအတွင်းမှာပဲ အနိုင်ကျင့်စော်ကားခံရတဲ့ကိစ္စက ရှေ့ကဖြစ်စဉ်တွေထက် လူတိုင်းကိုစိတ်လှုပ်ရှားစေခဲ့ပါတယ်။ အထူးသဖြင့် မိဘတွေအားလုံးကိုပေါ့၊
ကျွန်တော်လည်း ခလေးတို့ဖခင်မို့ ဒီအဖြစ်အပျက်ကို တောက်လျောက်စောင့်ကြည့်နေခဲ့ပါတယ်။ လောကမှာရှိသမျှလူတိုင်း သားသမီးအရာနဲ့ မိဘနေရာ ဆင့်ကဲနေလာခဲ့ကြသူချည်းပါပဲ။ အနိုင်ကျင့်ခံရတဲ့သမီးငယ်လေးမိဘမဆိုနဲ့ ဘေးကကြားရတဲ့ ကျွန်တော်တို့သည်ပင် ဤလူမဆန်သောကိစ္စကို ဘယ်လိုမှခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ တရားဥပဒေက ပိုပြီးတော့ ခွင့်လွှတ်နိုင်စရာ ရှိမှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ ဒီအမှုက အချိန်ကြာလာတာနဲ့အမျှ အလွန်ခက်ခဲပြီး ရှုပ်ထွေးနေလိမ့်မယ်လို့ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် စီအိုင်ဒီရဲမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲချုပ်ကြီးအတွက် ရဲလုပ်ထုံးလုပ်နည်းတွေကို
စနစ်တကျဆောင်ရွက်ခိုင်းလိမ့်မယ်ဆိုတာ သံသယဝင်စရာမလိုပါဘူး။ ဒီအမှုမှာ တရားခံဘယ်သူဝါဆိုတာ တရားရုံးကအမိန့်မချမချင်း အားလုံးက ရင်တမမနဲ့ ဖြစ်ရလောက်အောင် အမျိုးမျိုးမြင်ရ၊ ကြားနေရပါတယ်။ တရားရုံးက မှန်ကန်တဲ့ဆုံးဖြတ်ချက်မချခင် တရားရုံးထံ တရားစွဲဆိုတင်ပို့မယ့် ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်များကလည်း တကယ့်တရားခံအစစ်အမှန်ကိုသာ တရားစွဲဆိုတင်ပို့လိမ့်မယ်လို့ ကျွန်တော်တို့မိဘများက ယုံကြည်နေပါတယ်။
အဲဒီတရားခံအစစ်အမှန်ကိုသာ တရားစွဲဆိုပြီး လွတ်လမ်းမရှိအောင် ပြစ်ဒဏ်ပေးနိုင်ပါမှ တနိုင်ငံလုံးကမိဘတွေ စိတ်အေးနိုင်မှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူသာမက ပြစ်မှုကျူးလွန်ရာတွင် တနည်းနည်းဖြင့်ပါဝင်ပတ်သက်သူများကိုလည်း ထိရောက်တဲ့ပြစ်ဒဏ်တွေ ပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ တကယ်တော့ ဒီဖြစ်စဉ်မှာ သမီးငယ်လေးရဲ့မိဘက မိဘအစစ်နှစ်ယောက်တည်း မဟုတ်တော့ပါဘူး၊ တနိုင်ငံလုံးက အကြင်နာနှလုံးသားပိုင်ရှင် မိဘအားလုံးက အဲဒီသမီးလေးမိဘအဖြစ် ရှိနေကြပါပြီ။
ရဲချုပ်ကြီး ခင်ဗျာ
မပြောကောင်းမဆိုကောင်း ရဲတပ်ဖွဲ့ကတရားစွဲဆိုတင်ပို့သူသည် တရားခံအစစ်မဟုတ်ခဲ့ပါက တရားရုံးကသက်သေခိုင်လုံလျင် ပြစ်ဒဏ်ချမည်၊ သက်သေမခိုင်လုံက ပြန်လွှတ်ခြင်းများဖြစ်ခဲ့လျင် တရားခံအစစ်မှာ လုံးဝလွတ်မြောက်သွားဖွယ်ရာရှိပါသည်။ ကျူးလွန်သူအစစ်မှာ ယခုလိုနိူင်ငံကျော်အမှုမှ လွတ်သွားပြီဆိုက နောင်တချိန်ထပ်မံ ပြစ်မှုကျူးလွန်ရန် ဝန်လေးတော့မည်မဟုတ်ပေ။ ထိုထက်ပို၍ကား ရဲတပ်ဖွဲ့က ကျူးလွန်သူအစစ်အမှန်ကို မဖမ်းနိုင်ဘဲ ရဲတပ်ဖွဲ့မဟုတ်သူများကသာ ကျူးလွန်သူအစစ်အမှန်ကို ဖော်ထုတ်နိုင်ခဲ့ပါက ရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာ မည်သို့ရှိလိမ့်မည်နည်း။ လူအများက
ရဲတပ်ဖွဲ့အပေါ်ယုံကြည်ကိုးစားမှုသည် ယခုဖြစ်စဉ်ကိုကြည့်ပြီး အပေါင်း၊ အနှုတ်ဖြစ်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ အကယ်၍များ အမှုသွားအမှုလာအရ တရားစွဲဆိုခြင်း၊ တရားစီရင်ခြင်းများကို ပြည်သူအများစုက အယုံအကြည်မဲ့သွားပါက နောင်မဝေးတော့သောကာလတွင် လက်စားချေခြင်း၊ ဓားကိုဓားချင်း၊ သေနတ်ကိုသေနတ်ချင်း၊ ဟန်မူရာဘီကိုယ်ဓဥပဒေမျိုး ဖြစ်လာနိုင်စရာရှိသဖြင့် စိုးရိမ်မိပါသည်။ ဤသို့သောကိစ္စတွင် လူတို့၏ယုံကြည်မှု၊
ရဲတပ်ဖွဲ့အပေါ်အားကိုးရမှုကို ပိုင်ပိုင်နိုင်နိုင်ရယူနိုင်ပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဂုဏ်သိက္ခာ အကြီးအကျယ်မြင့်တက်သွားလိမ့်မည် ဖြစ်ပါသည်။ ဥပဒေဘက်တော်သားများ၏ အမှန်တရားအတွက် မဆုတ်မနစ်ကြိုးစားအားထုတ်မှုနှင့် ဖြောင့်မှန်သောတရားစီရင်ရေးစနစ်ကို သမီးငယ်လေးအတွက် ယူဆောင်ပေးဖို့ ဦးအောင်ဝင်းဦး၊ ရဲချုပ်ကြီးနှင့်တကွ တာဝန်ထမ်းဆောင်နေသူအားလုံးကို လေးလေးနက်နက် တောင်းဆိုပါရစေ။
လေးစားစွာဖြင့်
ဇာနည်ရန်သိမ်း
Credit Via စွယ်စုံ သတင်းစုံ





