“ကားေမာင္းသမားအိပ္ငိုက္သြားတဲ့အခါ… ေျခာက္ျခားစရာ႐ုပ္သံ”
မ်ားေသာအားျဖင့္ ကားစီးတဲ့အခါ ေရွ႕ခန္းမွာထိုင္တဲ့ သူနဲ႔ ယာဥ္ေမာင္းတို႔ကသာ ထိုင္ခုံခါးပတ္ ပတ္ေလ့ရွိၾကပါတယ္။ ေနာက္ခန္းမွာ ထိုင္သူေတြကေတာ့ ခါးပတ္ပတ္ဖို႔ မလိုဘူးလို႔ အမွတ္မွားေနၾကတဲ့ သူေတြမ်ားပါတယ္။ ပုံမွန္ ဆလြန္းကားတစ္စီးမွာဆိုရင္ ထိုင္ခုံခါးပတ္ ၅ ခု ပါေလ့ရွိၿပီး ယာဥ္ေပၚ လိုက္ပါလာသူအားလုံးက ခါးပတ္ပတ္ဖို႔ တာဝန္ရွိပါတယ္။
ရုပ္သံၾကည့္ရန္
အခ်ိဳ႕ေနာက္ခန္းထိုင္သူေတြဟာ ဟိုင္းေဝးထြက္မွသာ ခါးပတ္ကို သုံးေလ့ရွိၿပီး ၿမိဳ႕တြင္းမွာေတာ့ လုံးဝကို ခါးပတ္ ပတ္ေလ့မရွိၾကပါဘူး။ ဒါေပမယ့္ ကားေတြကေတာ့ လမ္းရွင္းရင္ ရွင္းသလို အျမန္ေမာင္းေနၾကဆဲပါ။
ဇြန္လ ၃၀ ရက္ေန႔က တ႐ုတ္နိုင္ငံ ဂြီက်ိဳးၿမိဳ႕မွာ ေနာက္ခန္းမွာ ခရီးသည္ ႏွစ္ဦးတင္လာတဲ့ အငွားယာဥ္ေမာင္းသမား ႐ုတ္တရက္အိပ္ငိုက္သြားၿပီးေနာက္ မေတာ္တဆမွု ျဖစ္ခဲ့ရာမွာ တကၠစီကားရဲ့ လုံျခဳံေရး ကင္မရာကေန ဖမ္းယူရရွိခဲ့တဲ့ ႐ုပ္သံပုံရိပ္ေတြက ေျခာက္ျခားစရာေကာင္းခဲ့ပါတယ္။
သူတို႔ သုံးဦးစလုံး ေဆး႐ုံေပၚမွာ ကုသမွုေတြ ခံယူေနရဆဲျဖစ္ကာ အေျခအေနကိုေတာ့ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာဆိုျခင္း မရွိေသးပါဘူး။ ဒီ႐ုပ္သံၾကည့္ၿပီးရင္ေတာ့ ေနာက္ခန္းကေနစီးတဲ့အခါ ဟိုင္းေဝးပဲျဖစ္ျဖစ္ ၿမိဳ႕တြင္းပဲ ျဖစ္ျဖစ္ ထိုင္ခုံခါးပတ္ေတြ ပတ္ထားၾကလိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္။
Credit: Popolay
Unicode Version
များသောအားဖြင့် ကားစီးတဲ့အခါ ရှေ့ခန်းမှာထိုင်တဲ့ သူနဲ့ ယာဉ်မောင်းတို့ကသာ ထိုင်ခုံခါးပတ် ပတ်လေ့ရှိကြပါတယ်။ နောက်ခန်းမှာ ထိုင်သူတွေကတော့ ခါးပတ်ပတ်ဖို့ မလိုဘူးလို့ အမှတ်မှားနေကြတဲ့ သူတွေများပါတယ်။ ပုံမှန် ဆလွန်းကားတစ်စီးမှာဆိုရင် ထိုင်ခုံခါးပတ် ၅ ခု ပါလေ့ရှိပြီး ယာဉ်ပေါ် လိုက်ပါလာသူအားလုံးက ခါးပတ်ပတ်ဖို့ တာဝန်ရှိပါတယ်။
ရုပ်သံကြည့်ရန်
အချို့နောက်ခန်းထိုင်သူတွေဟာ ဟိုင်းဝေးထွက်မှသာ ခါးပတ်ကို သုံးလေ့ရှိပြီး မြို့တွင်းမှာတော့ လုံးဝကို ခါးပတ် ပတ်လေ့မရှိကြပါဘူး။ ဒါပေမယ့် ကားတွေကတော့ လမ်းရှင်းရင် ရှင်းသလို အမြန်မောင်းနေကြဆဲပါ။
ဇွန်လ ၃၀ ရက်နေ့က တရုတ်နိုင်ငံ ဂွီကျိုးမြို့မှာ နောက်ခန်းမှာ ခရီးသည် နှစ်ဦးတင်လာတဲ့ အငှားယာဉ်မောင်းသမား ရုတ်တရက်အိပ်ငိုက်သွားပြီးနောက် မတော်တဆမှု ဖြစ်ခဲ့ရာမှာ တက္ကစီကားရဲ့ လုံခြုံရေး ကင်မရာကနေ ဖမ်းယူရရှိခဲ့တဲ့ ရုပ်သံပုံရိပ်တွေက ခြောက်ခြားစရာကောင်းခဲ့ပါတယ်။
သူတို့ သုံးဦးစလုံး ဆေးရုံပေါ်မှာ ကုသမှုတွေ ခံယူနေရဆဲဖြစ်ကာ အခြေအနေကိုတော့ အာဏာပိုင်တွေက ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒီရုပ်သံကြည့်ပြီးရင်တော့ နောက်ခန်းကနေစီးတဲ့အခါ ဟိုင်းဝေးပဲဖြစ်ဖြစ် မြို့တွင်းပဲ ဖြစ်ဖြစ် ထိုင်ခုံခါးပတ်တွေ ပတ်ထားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Credit: Popolay


