အနာဂတ္မွာ ျဖစ္လာႏုိင္တဲ့ က်ိက်ိတက္ခ်မ္းသာသူေတြသာသံုးႏိုင္မွာျဖစ္တဲ႔ထုတ္ကုန္ ၁၅ မ်ဳိး





ေစ်းကြက္စီးပြားေရးဟာအျမင္က်ယ္ျပန္႕လာျပီးဘီလ်ံနာေတြအတြက္ဇိမ္ခံပစၥည္းေတြသီးသန္႕ေရာင္းခ်မႈမ်ိဳးရွိလာပါတယ္။အဲ့ဒါကသာမာန္လူေတြအတြက္ေတာ့ ရူးသြပ္မႈတမ်ိဳးလို႕ ထင္ရဖြယ္ရွိေအာင္ မေမ်ွာ္မွန္းဖူးတဲ့ ေစ်းႏႈန္းေတြကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။



1သြားတိုက္ေဆးတစ္ဗူးကိုျမန္မာေငြ135000က်ပ္ေလာက္ကုန္က်ခံရမယ္ဆိုရင္သင္သံုးခ်င္ပါ့မလား။ဒါေပမယ့္ဒါမ်ိဳးကိုသံုးတဲ့သူေတြရွိလို႕ ထုတ္လုပ္လိုက္တာျဖစ္ပါတယ္။



2ဒါကေတာ့ဘိုထိုင္အိမ္သာရဲ႕အဖံုးျဖစ္ျပီးေတာ့ကာဗြန္ဖိုက္ဘာနဲ႕လုပ္ထားတဲ့Handmadeျဖစ္ပါတယ္။ေနာက္ဆံုးေပၚအမ်ိဳးအစားျဖစ္သလို သဘာဝသတၱဳနဲ႔ ေပါ့ပါးစြာလုပ္ထားတာျဖစ္ပါတယ္။သူရဲ႕ ေစ်းႏႈန္းက ေဒၚလာ 300 ျဖစ္ျပီး ျမန္မာေငြနဲ႕ဆို 4 သိန္းေက်ာ္ရွိပါတယ္။



3ဒါကေတာ့နားကပ္ထက္နားၾကပ္ကိုတြင္တြင္က်ယ္က်ယ္ဝတ္ဆင္ေနတဲ့ေခတ္မွာေရႊနဲ႕စိန္ကိုမံျပီးထုတ္လုပ္ထားတာျဖစ္ပါတယ္။ေစ်းႏႈန္းက ေဒၚလာ 638 ျဖစ္ျပီး ျမန္မာေငြနဲ႕ဆို ၈ သိန္း နဲ႕ ၉ သိန္းဝန္းက်င္က်သင့္မွာျဖစ္ပါတယ္။



4ပိုးသားထက္ႏူးညံ့တဲ့ေတာင္အေမရိကားကႏို႕တိုက္သတၱဝါတစ္မ်ိဳးရဲ႕အေမႊးနဲ႕ေပါင္းျပီးျပဳလုပ္ထားတဲ့ေျခအိတ္ျဖစ္ျပီးေတာ့တကမာၻလံုးမွာ 10 စံုပဲရွိပါေသးတယ္။ေစ်းႏႈန္းအားျဖင့္ 1188 ေဒၚလာရွိပါတယ္။



5KaufmanMercantileဆိုတဲ့ဒီဇိုင္နာထြင္လိုက္တဲ့တိမ္မီးလံုးျဖစ္ပါတယ္။မိုးျခိမ္သံေရက်သံေတြပါပါဝင္ပါတယ္။ေစ်းႏႈန္းကေတာ့ေဒၚလာ 3360 ျဖစ္ပါတယ္။



6ဒါကေတာ့မီးဖိုေခ်ာင္သံုးဓားပါပဲ။တျခားဓားေတြနဲ႕မတူတာကသူ႕ကိုကာဗြန္စတီးနဲ႕ျပဳလုပ္တာျဖစ္ျပီးလက္ကိုင္မွာေငြကိုထည့္သြင္းထားတာျဖစ္ပါတယ္။ဓားက လယ္သာ ေသတၱာနဲ႕ လာတာျဖစ္ျပီး ဓားေသြးေက်ာက္နဲ႕ဓားကိုသုတ္တဲ့အဆီပါပါဝင္ပါတယ္။ေစ်းႏႈန္းကေဒၚလာ 5415 ျဖစ္ပါတယ္။



7 ဂ်ာမနီက ကုမၼဏီတခုက ထုတ္လိုက္တဲ့ ခဲတံျဖစ္ျပီးခဲတံအဖံုးမွာတင္ခြ်န္စက္ပါဝင္ပါတယ္။ခဲတံမွာစိန္သံုးလံုးပါဝင္ျပီးေစ်းႏႈန္းကေဒၚလာ 13400 ျဖစ္ပါတယ္။



8ေခတ္အစားဆံုးနဲ႕ေစ်းအၾကီးဆံုးျဖစ္ေနတဲ့မိုႏိုပိုလီျဖစ္ပါတယ္။မိုႏိုပိုလီအခင္းကိုလယ္သာနဲ႕လုပ္ထားတာျဖစ္ျပီးအကြက္နဲ႕အတံုးေတြကို ေရႊနဲ႔ အံစာတံုးကို ေငြနဲ႕ ျပဳလုပ္ထားတာျဖစ္ပါတယ္။ေစ်းႏႈန္းက ေဒၚလာ 14161 ျဖစ္ပါတယ္။



9လီဗာပူးမွာရွိတဲ့StuartHughesစိန္ေရႊရတနာတိုက္ကေနေစ်းၾကီးတဲ့iPhone7ရဲ႕ကိုယ္ထည္ကိုေရႊနဲ႕ျပဳလုပ္လိုက္တာျဖစ္ပါတယ္။အခုဆို iPhone X ကို လုပ္ျပီးရင္ လုပ္ျပီးေလာက္ပါျပီ။အဲ့ဒီတုန္းက iPhone ေစ်းႏႈန္းဟာ 25850 ေဒၚလာျဖစ္ပါတယ္။



10Zafirroကထုတ္လုပ္လိုက္တဲ့မုတ္ဆိတ္ရိတ္တဲ့ဂ်ဳတ္ျဖစ္ပါတယ္။ဒီဂ်ဳတ္ရဲ႕လက္ကိုင္ကိုနီလာနဲ႕ေရႊျဖဴအျပည့္ေပါင္းစပ္ထုတ္လုပ္ထားျဖစ္ျပီး ေစ်းႏႈန္းက ေဒၚလာ တစ္သိန္းျဖစ္ပါတယ္။



11အိမ္သာသံုးစကၠဴလိပ္ကိုေရႊဆိုင္းျပားနဲ႕လုပ္ထားတာျဖစ္ပါတယ္။တကယ့္ကိုရူးသြပ္တဲ့လူေတြရဲ႕လုပ္ေဆာင္မႈတမ်ိဳးပါပဲ။ေစ်းႏႈန္းအာျဖင့္ ေဒၚလာ 158335 ရွိျပီး ျမန္မာေငြနဲ႕ဆို



12 ဒီလက္ဖက္ရည္ခရားနဲ႕ ဧည့္သည္ကို တိုက္မယ္ဆို သူဟာ အတြင္းကလက္ဖက္ရည္ထက္အိုးကိုပဲလိုခ်င္ၾကမွာပါ။ဘာလို႕လဲဆိုေတာ့ အိုးမွာပါဝင္တဲ့ ေရႊ၊စိန္ အလံုး 1500 နဲ႔ ပတၱျမား 500 တို႕ စီျခယ္ထားတာျဖစ္ပါတယ္။ေစ်းႏႈန္းက ေဒၚလာ သံုးသန္းျဖစ္ပါတယ္။



13ဟမ္းခ်ိန္းေလးဟာအျမင္အားျဖင့္ေသးေသာ္လည္းေရႊ18ကာရက္နဲ႔အေရာင္ေပါင္းစံုပါဝင္စိန္ေတြနဲ႕စီထားတာျဖစ္ပါတယ္။မိန္းမငယ္ေလးေတြရဲ႕ လက္မွာပတ္ဖို႕ သင့္ေတာ္ေပမယ့္ ေစ်းႏႈန္းကေတာ့ မသင့္ေတာ္ပါဘူး။ေဒၚလာ 3800000 ျဖစ္ပါတယ္။



14စိန္ပြင့္ပါတဲ့လက္စြပ္မဟုတ္ပါဘူး။စိန္တံုးကိုေသြးထားျပီးလက္စြပ္ကြင္းလုပ္ထားတာျဖစ္ပါတယ္။ဆြစ္ဇာလန္ႏိုင္ငံကထုတ္ထားတာျဖစ္ျပီး ေစ်းႏႈန္းက ေဒၚလာ 7 သန္းျဖစ္ပါတယ္။



15 ေရႊသားအတိနဲ႕ ျပီးတဲ့အိမ္သာျဖစ္ျပီး 2001 က ထုတ္လုပ္ခဲ့တဲ့ ေရႊအိမ္သာျဖစ္ပါတယ္။တန္ဖိုးက ေဒၚလာ 2.5 သန္းရွိပါတယ္။

Credit: ေျပာခ်င္လြန္းလို႔

UNICODE:

ဈေးကွက်စီးပွားရေးဟာအမြင်ကျယ်ပြန့်လာပြီးဘီလျံနာတွေအတွက်ဇိမ်ခံပစ္စည်းတွေသီးသန့်ရောင်းချမှုမျိုးရှိလာပါတယ်။အဲ့ဒါကသာမာန်လူတွေအတွက်တော့ ရူးသွပ်မှုတမျိုးလို့ ထင်ရဖွယ်ရှိအောင်မမျှော်မှန်းဖူးတဲ့ဈေးနှုန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

1သွားတိုက်ဆေးတစ်ဗူးကိုမြန်မာငွေ135000ကျပ်လောက်ကုန်ကျခံရမယ်ဆိုရင်သင်သုံးချင်ပါ့မလား။ဒါပေမယ့်ဒါမျိုးကိုသုံးတဲ့သူတွေရှိလို့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။

2ဒါကတော့ဘိုထိုင်အိမ်သာရဲ့အဖုံးဖြစ်ပြီးတော့ကာဗွန်ဖိုက်ဘာနဲ့လုပ်ထားတဲ့Handmadeဖြစ်ပါတယ်။နောက်ဆုံးပေါ်အမျိုးအစားဖြစ်သလို သဘာဝသတ္တုနဲ့ ပေါ့ပါးစွာလုပ်ထားတာဖြစ်ပါတယ်။သူရဲ့ ဈေးနှုန်းက ဒေါ်လာ 300 ဖြစ်ပြီး မြန်မာငွေနဲ့ဆို 4 သိန်းကျော်ရှိပါတယ်။

3ဒါကတော့နားကပ်ထက်နားကြပ်ကိုတွင်တွင်ကျယ်ကျယ်ဝတ်ဆင်နေတဲ့ခေတ်မှာရွှေနဲ့စိန်ကိုမံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဈေးနှုန်းက ဒေါ်လာ 638 ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၈ သိန်း နဲ့ ၉ သိန်းဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။

4ပိုးသားထက်နူးညံ့တဲ့တောင်အမေရိကားကနို့တိုက်သတ္တဝါတစ်မျိုးရဲ့အမွှေးနဲ့ပေါင်းပြီးပြုလုပ်ထားတဲ့ခြေအိတ်ဖြစ်ပြီးတော့တကမ္ဘာလုံးမှာ 10 စုံပဲရှိပါသေးတယ်။ဈေးနှုန်းအားဖြင့် 1188 ဒေါ်လာရှိပါတယ်။

5KaufmanMercantileဆိုတဲ့ဒီဇိုင်နာထွင်လိုက်တဲ့တိမ်မီးလုံးဖြစ်ပါတယ်။မိုးခြိမ်သံရေကျသံတွေပါပါဝင်ပါတယ်။ဈေးနှုန်းကတော့ဒေါ်လာ 3360 ဖြစ်ပါတယ်။

6ဒါကတော့မီးဖိုချောင်သုံးဓားပါပဲ။တခြားဓားတွေနဲ့မတူတာကသူ့ကိုကာဗွန်စတီးနဲ့ပြုလုပ်တာဖြစ်ပြီးလက်ကိုင်မှာငွေကိုထည့်သွင်းထားတာဖြစ်ပါတယ်။ဓားကလယ်သာသေတ္တာနဲ့လာတာဖြစ်ပြီးဓားသွေးကျောက်နဲ့ဓားကိုသုတ်တဲ့အဆီပါပါဝင်ပါတယ်။ဈေးနှုန်းကဒေါ်လာ 5415 ဖြစ်ပါတယ်။

7ဂျာမနီကကုမ္မဏီတခုကထုတ်လိုက်တဲ့ခဲတံဖြစ်ပြီးခဲတံအဖုံးမှာတင်ချွန်စက်ပါဝင်ပါတယ်။ခဲတံမှာစိန်သုံးလုံးပါဝင်ပြီးဈေးနှုန်းကဒေါ်လာ 13400 ဖြစ်ပါတယ်။

8ခေတ်အစားဆုံးနဲ့ဈေးအကြီးဆုံးဖြစ်နေတဲ့မိုနိုပိုလီဖြစ်ပါတယ်။မိုနိုပိုလီအခင်းကိုလယ်သာနဲ့လုပ်ထားတာဖြစ်ပြီးအကွက်နဲ့အတုံးတွေကို ရွှေနဲ့ အံစာတုံးကို ငွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ဈေးနှုန်းက ဒေါ်လာ 14161 ဖြစ်ပါတယ်။

9လီဗာပူးမှာရှိတဲ့StuartHughesစိန်ရွှေရတနာတိုက်ကနေဈေးကြီးတဲ့iPhone7ရဲ့ကိုယ်ထည်ကိုရွှေနဲ့ပြုလုပ်လိုက်တာဖြစ်ပါတယ်။အခုဆို iPhone X ကို လုပ်ပြီးရင် လုပ်ပြီးလောက်ပါပြီ။အဲ့ဒီတုန်းက iPhone ဈေးနှုန်းဟာ 25850 ဒေါ်လာဖြစ်ပါတယ်။

10Zafirroကထုတ်လုပ်လိုက်တဲ့မုတ်ဆိတ်ရိတ်တဲ့ဂျုတ်ဖြစ်ပါတယ်။ဒီဂျုတ်ရဲ့လက်ကိုင်ကိုနီလာနဲ့ရွှေဖြူအပြည့်ပေါင်းစပ်ထုတ်လုပ်ထားဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ တစ်သိန်းဖြစ်ပါတယ်။

11အိမ်သာသုံးစက္ကူလိပ်ကိုရွှေဆိုင်းပြားနဲ့လုပ်ထားတာဖြစ်ပါတယ်။တကယ့်ကိုရူးသွပ်တဲ့လူတွေရဲ့လုပ်ဆောင်မှုတမျိုးပါပဲ။ဈေးနှုန်းအာဖြင့် ဒေါ်လာ 158335 ရှိပြီး မြန်မာငွေနဲ့ဆို

12 ဒီလက်ဖက်ရည်ခရားနဲ့ ဧည့်သည်ကို တိုက်မယ်ဆို သူဟာအတွင်းကလက်ဖက်ရည်ထက်အိုးကိုပဲလိုချင်ကြမှာပါ။ဘာလို့လဲဆိုတော့ အိုးမှာပါဝင်တဲ့ ရွှေ၊စိန် အလုံး 1500 နဲ့ ပတ္တမြား 500 တို့ စီခြယ်ထားတာဖြစ်ပါတယ်။ဈေးနှုန်းက ဒေါ်လာ သုံးသန်းဖြစ်ပါတယ်။

13ဟမ်းချိန်းလေးဟာအမြင်အားဖြင့်သေးသော်လည်းရွှေ18ကာရက်နဲ့အရောင်ပေါင်းစုံပါဝင်စိန်တွေနဲ့စီထားတာဖြစ်ပါတယ်။မိန်းမငယ်လေးတွေရဲ့ လက်မှာပတ်ဖို့ သင့်တော်ပေမယ့် ဈေးနှုန်းကတော့ မသင့်တော်ပါဘူး။ဒေါ်လာ 3800000 ဖြစ်ပါတယ်။

14စိန်ပွင့်ပါတဲ့လက်စွပ်မဟုတ်ပါဘူး။စိန်တုံးကိုသွေးထားပြီးလက်စွပ်ကွင်းလုပ်ထားတာဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံကထုတ်ထားတာဖြစ်ပြီး ဈေးနှုန်းက ဒေါ်လာ 7 သန်းဖြစ်ပါတယ်။

15 ရွှေသားအတိနဲ့ ပြီးတဲ့အိမ်သာဖြစ်ပြီး 2001 က ထုတ်လုပ်ခဲ့တဲ့ ရွှေအိမ်သာဖြစ်ပါတယ်။တန်ဖိုးက ဒေါ်လာ 2.5 သန်းရှိပါတယ်။

Credit: ပြောချင်လွန်းလို့

Recent Updates

Recent Posts Widget