ကြီးကျယ်ခမ်းနားလှတဲ့အိမ်ကြီးရဲ့ လှပတဲ့ရေချိုးခန်းထဲမှာ အရမ်းကိုစိတ်ကူးယဉ်ဆန်နေတဲ့ ပိုပို
သီချင်းတွေကို ကိုယ်ပိုင်ခံစားချက်နဲ့ ဖန်တီးပြီး Mood အပြည့်နဲ့ သီဆိုလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော် ပိုပိုကတော့ ပရိသတ်တွေအတွက် အမိုက်စားသီချင်းတွေကိုလည်း ဖန်တီးနေသူတစ်ဦးပါ။ ခြွေတာစုဆောင်းတတ်လွန်းတဲ့ ပိုပိုကတော့ ယခုဆိုရင် ခမ်းနားလှတဲ့ အိမ်အသစ်ကြီးကို ကိုယ်ပိုင်ဝင်ငွေနဲ့ တည်ဆောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပိုပိုက ခမ်းနားလွန်းတဲ့ သူမရဲ့အိမ်အသစ်ကြီးထဲက အမိုက်စားရေချိုးခန်းနဲ့အတူရိုက်ကူးထားတဲ့ ချစ်စရာပုံရိပ်လှလှလေးတွေကို ထုတ်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
မိုမိုလေး ချစ်ပရိသတ်တွေအတွက် အိမ်အသစ်ကြီးထဲက ခမ်းခမ်းနားနား ဖန်တီးထားတဲ့ ရေချိုးခန်းကြီးနဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ ပိုပိုရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပိုပိုကတော့ ” ကိုကို ရေ ဖုန်းကိုင်ပါ 😍 🛀😍 ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ပိုပိုရဲ့ ရေချိုးခန်းကြီးကလည်း အရမ်းကို စိတ်ကူးယဉ်စရာကောင်းလွန်းတဲ့ နေရာတစ်နေရာပါပဲနော်။
ပိုပိုရဲ့ ဘုရားအနေကဇာတင် ၊ အိမ်သစ်တက် ၊ ၀ါဆိုသင်္ကန်းကပ်နဲ့ Million Dreams Studio ဖွင့်ပွဲအခမ်း အနားကိုတော့ ဇူလိုင်လ (၃) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
အရမ်းကို ခမ်းနားလှတဲ့ ရေချိုးခန်းကြီးထဲမှာ စိတ်ကူးယဉ်ဆန်နေတဲ့ ပိုပိုရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။
ပိုပိုရဲ့အမိုက်စားအိမ်ကြီးထဲမှာတော့ သေချာပြင်ဆင်ထားတဲ့ စတူဒီယိုအခန်းကြီးလည်းရှိတာမို့ သူမလို အဆိုပညာရှင်တွေလည်း အသံသွင်းလို့ရအောင် စီစဉ်ထားပါသေးတယ်။ လတ်တလောမှာတော့ ပိုပိုက အိမ်အသစ်ကြီး ပြီးသွားပြီမို့ သီချင်းဘက်ကိုပဲ အာရုံစိုက်ဖို့ ကြိုးစားနေတာပါ။ ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ ချစ်စရာကောင်မလေး ပိုပိုရဲ့အချစ်ရေးကတော့ အခုအချိန်အထိ တစ်ကိုယ်တည်းပါပဲတဲ့နော်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုခမ်းနားလွန်းတဲ့ ပိုပိုရဲ့အိမ်အသစ်ကြီးထဲက ရေချိုးခန်းကြီးကိုသဘောကျရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့နော်။
Credt \\ original






