ထိရက်စရာမရှိလောက်အောင် ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ရဲ့ အလှ





နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးချောလေး အကယ်ဒမီ ဝတ်မှုံရွှေရည် ဟာဆိုရင် ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုတွေ ဆွတ်ခူးထားနိုင်သူ တစ်ဦးပါ။ သူမ ကချောမောလှပပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေူသာချစ်စရာကောင်းရုံသာမက အနုပညာပါရမီလဲ ထူးချွန်တာမို့ ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ဇွန်လ(၃) ရက်နေ့မှာတော့ ဝတ်မှုံရွှေရည်က သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို တက်ရောက်ခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်အမှတ်တရပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။



ဝတ်မှုံရွှေရည်က ထိုပွဲလေးကို သူမနဲ့ လိုက်ဖက်လွန်းတဲ့ အသာရောင်ဂါဝန်ဖားဖားကို ဝတ်ဆင်လာခဲ့တာပါ။ လှရက်လွန်းတဲ့ ဝတ်မှုံရွှေရည်ရဲ့ သဘာဝအလှစစ်ကို ပရိသတ်တွေသာမက အနုပညာရှင် အချင်းချင်းတောင် ငေးမောကြည့်နေခဲ့ရတာပဲဖြစ်ပါတယ်။

“ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရဲတိုက်၊ ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးလေးနဲ့ ဒိတ်ဒိတ်ကြဲမင်းသားသုံးဦး ဆုံတဲ့ ရုပ်ရှင်ဇာတ်ကားလေးမို့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာ ဖြစ်ပါတယ်။



လှရက်လွန်းသူလေး ဝတ်မှုံရွှေရည်

ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ ပျိုမြစ်ခြင်းတွေက ဘယ်တော့မှ ကုန်သွားမယ် မထင်ပါဘူး။ ဝတ်မှုံရွှေရည် ပါဝင်သရုပ်ဆောင်ထားတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်ရုံတင်ပြသတော့မှာမို့ အားပေးကြပါဦးနော်။

Rowena
Source: Wutt Hmone Shwe Yis’s fb
Photo: Amazing Grace

Credit  \\  original

Recent Updates

Recent Posts Widget