ကျက်သရေရှိတဲ့ မြန်မာဝတ်စုံလှလှလေးနဲ့မြင်တွေ့ရတဲ့ မင်းသမီးချောလေး အေးမြတ်သူ
ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဆွဲဆောင်မှုရှိတဲ့အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးဖြစ်တဲ့ အေးမြတ်သူကတော့ စိတ်ထားကောင်းပြီး ပျော်ပျော်နေတတ်သူလေးမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မမြတ်လေးကတော့ လတ်တလောမှာ မြန်မာဝတ်စုံလေးတွေကိုသာ ဆက်တိုက်ဝတ်ဆင်ပေးနေတာမို့ ပရိသတ်တွေက သဘောကျနေခဲ့ကြရတာပါ။ မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်ညီစွာလှနေတဲ့ မမြတ်လေးကတော့ တစ်နေ့တစ်ခြားကို ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားခဲ့ရတာပါနော်။
လိုက်ဖက်ညီတဲ့ မြန်မာဝတ်စုံလေးဝတ်ဆင်ပြီး အရမ်းကို ကျက်သရေရှိနေတဲ့ မမြတ်လေးရဲ့ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။
ကျက်သရေရှိလှတဲ့ မြန်မာဝတ်စုံလေးနဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ မမြတ်လေးကတော့ ” ဟိုအရင်က ကျွန်မသိပ်ချစ်တဲ့ယောကျာ်းတယောက်က ကျွန်မကိုထားပြီး တခြားမိန်းမတယောက်ကို ထပ်ချစ်သွားမှာ သိပ်ကြောက်ခဲ့ဘူးတယ် အခုတော့ ကျွန်မမှာ အကြောက်တရားမရှိတော့ဘူး ကျွန်မအတွက်မဟုတ်တဲ့သူတွေက ကျွန်မဘေးက အကြောင်းအမျိုးမျိုးနဲ့ထွက်သွားမှာပါ ကျွန်မအတွက် စစ်မှန်တဲ့သူက ကျွန်မဘ၀ထဲရောက်ကိုလာမှာပဲ ”
” ချစ်လို့ရနေတဲ့အချိန်မှာချစ်မယ် ပြတ်သွားပြီဆိုတဲ့အခါမှာလဲ ကျောခိုင်းလိုက်မယ် ဘယ်အရာမှမမြဲဘူးလေ ❤ ဘယ်တော့မှ ထားခဲ့ခံရသည်ဟု မခံစားပါနှင့် ❤ ” ဆိုတဲ့ လွန်ခဲ့တဲ့ (၃) နှစ်က စာသားလေးနဲ့ ” လက်ရှိနှလုံးသားရေးရာနှင့် ပတ်သက်မှု့ လုံးဝလုံးဝမရှိပါကြောင်း 😁😁😁😁🤣🤣🤣 100%အာမခံပါသည် 😁😁😁😁😁 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။
အချစ်ရေးမှာ ငြိမ်သက်တိတ်ဆိတ်နေဆဲဖြစ်တဲ့ မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်ရတဲ့ မိသားစုတွေနဲ့အတူ ဘဝခရီးကို ပျော်ပျော်ကြီးဖြတ်သန်းပြီး အနုပညာအလုပ်တွေကိုသာ ဆက်လက်လုပ်ကိုင်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအပိုင်းမှာ အရမ်းကိုကြိုးစားလွန်းတဲ့သူမကတော့ “နောင်တွင်ဥဒါန်းတွင်စေသတည်း” ရုပ်ရှင်ကားကြီးနဲ့ အမျိုးသမီး ဇာတ်ပို့ဆုကြီးကို ဆွတ်ခူးရရှိထားခဲ့ပြီးပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း မြန်မာဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိနေတဲ့ အေးမြတ်သူရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးများကို သဘောကျကြမယ် ထင်ပါတယ်နော်။ ဘယ်အချိန်ကြည့်ကြည့် အမြဲလှနေတဲ့ အေးမြတ်သူကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original




