သီလရှင်ဝတ်ပြီးမှ ပိုပြီးသည်းခံတတ်လာတယ်ဆိုတဲ့ မော်ဒယ် စူးရှထက်





မော်ဒယ် စူးရှထက်ကတော့ ပြီးခဲ့တဲ့ နှစ်ကမှ ပရိသတ်တွေ သတိထားမိလာတဲ့ အနုပညာရှင် တယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ စူးရှထက်ကတော့ သူ့ကို အားပေးတဲ့ ပရိသတ်တွေ ရှိနေပြီဖြစ်သလို တချို့ပွဲတွေကိုလည်းတတ်နေရပြီ ဖြစ်ပါတယ်။ စူးရှထက်ကတော့ ပြီးခဲ့တဲ့ လတုန်းက သီလရှင်ဝတ်ခဲ့သလို သီလရှင်ဝတ်ခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြသွားပြီး သူ့အတွက်ဘာတွေ ပြောင်းလဲမှုကြီးတွေ ဖြစ်သွားလည်းဆိုတာကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

စူးရှထက်ကတော့ ဆယ်လီကမ္ဘာနဲ့ အင်တာဗျူးမှာတော့ သီလရှင်ဝတ်လိုက်တော့ ဘာတွေပြောင်းလဲမှုတွေ ဖြစ်လဲဆိုတဲ့ အပေါ်မှာတော့ “တရားပိုရလာတာပေါ့။ သီလရှင်ဝတ်လိုက်တော့အရင်ပုံစံနဲ့ မတူတော့ဘူး။ သည်းခံတတ်လာတယ်။ ကိုယ်တရားထိုင်တဲ့အချိန်တွေမှာတော့ ကိုယ့်ကိုချစ်တဲ့သူတွေရော မုန်းတဲ့သူတွေကိုရော သိတယ်။ အေးချမ်းတယ်။


အရင်က ပူလောင်တဲ့အရာတွေ ပိုပြီးတော့ အေးချမ်းလာတယ်။ သည်းခံတတ်လာတယ်။ အေးချမ်းလာတယ်။ သီလရှင်ဝတ်တာ တကယ့်ကို အေးချမ်းပါတယ်။ ပျော်သလောက်ဝတ်မယ်။ ၁၁ ရက်လောက်ဝတ်မယ်ဆိုပြီးတော့ စိတ်ကူးထားတာ။ ဒါပေမယ့်လည်း အလုပ်တဖက်ကလည်းရှိတော့ ၅ ရက်လောက်တော့ ဝတ်လိုက်ရပါတယ်”

“ဆံပင်တုတွေတော့ တက်နေရတာပေါ့။ တချို့ကျတော့လည်း သူငယ်ချင်းပေးထားတာတွေ ဆံပင်တုတွေကလည်း ဈေးကြီးတာတွေ အများကြီး ရှိတယ်လေ။ ဒါပေမယ့်လည်း မတတ်နိုင်ပါဘူး။ အတိုလေးတွေလည်း တတ်ဖြစ်ပါတယ်။ ကတုံးနဲ့ကတော့ နည်းနည်းဂေါ်မယ်။ အခုဆံပင်တိုတိုလေးတွေ ထွက်နေပြီ ရှိတ်ပြီးမှ ဂေါ်မယ်”

မိသားစုနဲ့ ပတ်သက်ပြီး “အဖေနဲ့ အမေကတော့ စူးရှအတွက် အမြဲတမ်း ကိုယ့်ရဲ့ ဘုရားပြီးရင် အဖေနဲ့ အမေပါပဲ။ အစားကောင်းစားရင်တောင် ကိုယ်ချစ်တဲ့သူတွေကို သတိရတယ်။ စကားပြောရင် ဘာလို့ စူးရှကမိဘတွေကို စကားထဲ ထည့်ပြောတာလည်းဆိုတော့ မိဘတွေက ကိုယ့်စိတ်ထဲမှာ အမြဲတမ်းရှိတာကိုး ကိုယ့်မိဘက ဒီလိုမွေးထုတ်ပေးလို့ ဒီလိုဖြစ်လာတာပေါ့လေ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Credit – nanmalgyi

Recent Updates

Recent Posts Widget