အေမရိကန္တပ္ေတြကို အခ်ိန္တုိအတြင္း အျမစ္ျဖဳတ္ႏုိင္စြမ္းရွိေၾကာင္း အီရန္,ရန္စစိန္ေခၚၿပီ





အေမရိကန္ဘက္က အီရန္အေရး ႏႈတ္ဆိတ္သြားခ်ိန္မွာ အီရန္ဗုိလ္ခ်ဳပ္ႀကီးတစ္ဦးက မီးစကို ယမ္းေတာင့္နဲ႔ တုိ႔လုိက္ျပန္ပါၿပီ။ အဲဒီဗုိလ္ခ်ဳပ္ႀကီးနာမည္ကေတာ့ Alireza Sabahifard ျဖစ္ၿပီး၊ သူက အီရန္မွာ အေမရိကန္ကို ေကာင္းေကာင္း ႏွိပ္ကြပ္ႏုိင္မယ့္ လွ်ိဳ႕ဝွက္လက္နက္ေတြ ရွိတယ္လုိ႔ ဆုိပါတယ္။အီရန္ဟာ ယူေရနီယမ္လုိသေလာက္ ထုတ္ယူသုံးစြဲႏုိင္ငံျဖစ္ၿပီး၊ အေမရိကန္တပ္ေတြကို အခ်ိန္မေရြး အျမစ္ျဖတ္သုတ္သင္လုိ႔ရတဲ့ လွ်ိဳ႕ဝွက္လက္နက္ေတြ မေရတြက္ႏုိင္ရွိတယ္လုိ႔လည္း Alireza က သတိေပး ဝင့္ၾကြားလိုက္တာပါ။



အေမရိကန္ေတြဟာ အီရန္အေရး ကုိင္တြယ္မႈမွာ-ယခင္ကလုိ ဆင္ဖမ္းမယ္၊ က်ားဖမ္းမယ္ ေလသံမဟုတ္ေတာ့ဘဲ ေပ်ာ့ေျပာင္းႏႈတ္ဆိတ္သြားတာဟာ စစ္ေရးစစ္ရာ ေလ့လာသူေတြအတြက္ေတာ့ နားမလည္ႏုိင္စရာပါဘဲ။ အီရန္ကေတာ့ ဥေရာပလုံၿခဳံေရးေကာင္စီနဲ႔ နုိင္ငံတကာဥပေဒေတြကို ေလးစားလုိက္နာေသာအားျဖင့္ ျႏဴသေဘာတူညီမႈကို သည္းခံေနဆဲလုိ႔ ဆုိပါတယ္။အီရန္ေလတပ္ရဲ႕ ဒုတိယဗုိလ္မွဴးႀကီးတာဝန္ ထမ္းေဆာင္တဲ့ ဗုိလ္ခ်ဳပ္ Sabahifard ကလည္း ရန္သူေတြက ေနာက္မဆုတ္ဘူးဆုိရင္၊ သူတုိ႔မွာ လက္နက္အားကုိး႐ုံမွတစ္ပါး အျခားမရွိေတာ့ဘူးလုိ႔ ေျပာပါတယ္။



 အခုအခ်ိန္ထိ အေမရိကန္စစ္ေရယာဥ္ေတြဟာ Strait of Hormuz ရဲ႕ မုိင္(၂၀၀)အကြာမွာ စခန္းခ်ေနဆဲျဖစ္လုိ႔-ဒါဟာ အီရန္ကုိ ရန္စေနတာလုိ႔လည္း ဗုိလ္ခ်ဳပ္ Sabahifard က ေျပာပါတယ္။ အီရန္တပ္မေတာ္ကေတာ့ ဘာကိုမွ စမ္းသပ္တာမ်ိဳး လုပ္ေနမွာမဟုတ္ဘဲ၊ အေမရိကန္ဘက္က အမွားက်ဴးလြန္တဲ့ေန႔ဟာ အေမရိကန္တုိ႔ ကမာၻေပၚက ေပ်ာက္ကြယ္သြားရမယ့္ ပထမဆုံးေန႔လုိ႔ ျပတ္ျပတ္သားသား ေျပာလုိက္ပါတယ္။

Credit  \\ original

ယူနီကုဒ်ဖြင့် ဖတ်ရန်-အမေရိကန်ဘက်က အီရန်အရေး နှုတ်ဆိတ်သွားချိန်မှာ အီရန်ဗိုလ်ချုပ်ကြီးတစ်ဦးက မီးစကို ယမ်းတောင့်နဲ့ တို့လိုက်ပြန်ပါပြီ။ အဲဒီဗိုလ်ချုပ်ကြီးနာမည်ကတော့ Alireza Sabahifard ဖြစ်ပြီး၊ သူက အီရန်မှာ အမေရိကန်ကို ကောင်းကောင်း နှိပ်ကွပ်နိုင်မယ့် လျှို့ဝှက်လက်နက်တွေ ရှိတယ်လို့ ဆိုပါတယ်။အီရန်ဟာ ယူရေနီယမ်လိုသလောက် ထုတ်ယူသုံးစွဲနိုင်ငံဖြစ်ပြီး၊ အမေရိကန်တပ်တွေကို အချိန်မရွေး အမြစ်ဖြတ်သုတ်သင်လို့ရတဲ့ လျှို့ဝှက်လက်နက်တွေ မရေတွက်နိုင်ရှိတယ်လို့လည်း Alireza က သတိပေး ဝင့်ကြွားလိုက်တာပါ။ အမေရိကန်တွေဟာ အီရန်အရေး ကိုင်တွယ်မှုမှာ-ယခင်ကလို ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် လေသံမဟုတ်တော့ဘဲ ပျော့ပြောင်းနှုတ်ဆိတ်သွားတာဟာ စစ်ရေးစစ်ရာ လေ့လာသူတွေအတွက်တော့ နားမလည်နိုင်စရာပါဘဲ။ အီရန်ကတော့ ဥရောပလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာသောအားဖြင့် နြူသဘောတူညီမှုကို သည်းခံနေဆဲလို့ ဆိုပါတယ်။အီရန်လေတပ်ရဲ့ ဒုတိယဗိုလ်မှူးကြီးတာဝန် ထမ်းဆောင်တဲ့ ဗိုလ်ချုပ် Sabahifard ကလည်း ရန်သူတွေက နောက်မဆုတ်ဘူးဆိုရင်၊ သူတို့မှာ လက်နက်အားကိုးရုံမှတစ်ပါး အခြားမရှိတော့ဘူးလို့ ပြောပါတယ်။ အခုအချိန်ထိ အမေရိကန်စစ်ရေယာဉ်တွေဟာ Strait of Hormuz ရဲ့ မိုင်(၂၀၀)အကွာမှာ စခန်းချနေဆဲဖြစ်လို့-ဒါဟာ အီရန်ကို ရန်စနေတာလို့လည်း ဗိုလ်ချုပ် Sabahifard က ပြောပါတယ်။ အီရန်တပ်မတော်ကတော့ ဘာကိုမှ စမ်းသပ်တာမျိုး လုပ်နေမှာမဟုတ်ဘဲ၊ အမေရိကန်ဘက်က အမှားကျူးလွန်တဲ့နေ့ဟာ အမေရိကန်တို့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားရမယ့် ပထမဆုံးနေ့လို့ ပြတ်ပြတ်သားသား ပြောလိုက်ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget