ကမ္ဘာတဝှမ်းက အဆင့်မြင့်ဆုံး စမတ်အဆောက်အအုံကြီး (၄)ခုအကြောင်း
ကမ္ဘာပေါ်မှာ တဖြည်းဖြည်း ခေတ်စားလာတဲ့ စမတ်အဆောက်အအုံအကြောင်းကိုတော့ ပရိသတ်တွေ သိပ်မရင်းနှီးသေးဘူးလို့ ယူဆပြီး ဦးစွာ ရှင်းပြပေးချင်ပါတယ်။ အခြေခံအနေနဲ့ကတော့ စမတ်အဆောက်အအုံဆိုတာ အဆောက်အဦးရဲ့ လေဝင်လေထွက်စနစ်၊ အပူအအေးပေးစနစ်၊ မီးအမှောင်အလင်း စတာတွေကို အလိုအလျောက် စနစ်နဲ့ ပြုလုပ်ထားခြင်း ပါဝင်ပါတယ်။ ဒီ့ထက်တစ်ဆင့်မြှင့်လို့ ကျန်တဲ့အချက်ကတော့ အဆောက်အဦးရဲ့ စွမ်းအင်အသုံးပြုမှုတွေ၊ လုံခြုံရေးတွေ၊ နေထိုင်ရအဆင်ပြေမှုတွေအတွက် အဆင့်မြင့်နည်းပညာတွေ ထည့်သွင်းဖန်တီးထားခြင်း ပါဝင်ပါတယ်။
ဒါဆို စမတ်အဆောက်အဦးဆိုပြီး ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ အဆောက်အဦး ၄ ခုအကြောင်းကို ဆက်လက်ပြီး ဖော်ပြပေးပါမယ်။
The Leadenhall Building, London
Shutterstock/Victor Moussa
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ရှိတဲ့ ဒီ The Leadenhall အဆောက်အဦးကိုတော့ မှန်အလွှာသုံးလွှာနဲ့ ထပ်အုပ်ကာ တည်ဆောက်ထားပြီး အပူချိန်နဲ့ နေရောင်ကျရောက်မှုပေါ်မူတည်ကာ ရွေ့လျားဖွင့်ပိတ်ပေးတဲ့ ပြတင်းကာစနစ်ကို ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ၇ ထပ်လုံးမှာ စွမ်းအင်သုံးမှုကို တိုင်းတာတဲ့ စက်တွေ၊ ရေသုံးညှိပေးတဲ့စနစ်တွေ၊ စမတ်ဓာတ်လှေကားတွေ၊ လေအေးပေးစက် အသုံးပြုမှုကို လျှော့နိုင်ဖို့ လေဝင်လေထွက် ကောင်းအောင် လုပ်ပေးတဲ့ စနစ်တွေ တပ်ဆင်ထားပါတယ်။ စွမ်းအင်ချွေတာဖို့ နည်းပညာကို အသုံးပြုထားတဲ့ စမတ်အဆောက်အအုံကြီးဖြစ်ပါတယ်။
ါ်ခဲ့
The Edge Building, Amsterdam

Shutterstock/www.hollandfoto.net
နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့က The Edge ကတော့ ကမ္ဘာ့ခေတ်အမီဆုံး အဆောက်အဦးလို့တောင် ပြောလို့ရပါတယ်။ ဝင်းထဲလာတဲ့ ကားတွေကို စကန်မှတ်ပြီး ပါကင်နေရာလွတ်ရှာပေးတဲ့ စနစ်ရှိတဲ့အပြင် လျှပ်စစ်ကားနဲ့ hybrid ကားတွေအတွက် ကားအားသွင်းဖို့နေရာတွေ ထားရှိပေးထားပါတယ်။ အဆောက်အဦးရဲ့ သန့်ရှင်းရေးကို စက်ရုပ်တွေက လုပ်ပါတယ်။ ဝန်ထမ်းတစ်ဦးချင်စီရဲ့ အပူအအေး အလင်းအမှောင် ဘယ်လောက်ကြိုက်တတ်လဲဆိုတဲ့ အချက်အလက်တွေကို မှတ်ထားပြီး လိုက်ညှိပေးတဲ့ app လည်း ရှိပါတယ်။
The Crystal Building, London

Shutterstock/johnbraid
ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ စနစ်ကို အဓိက ကျင့်သုံးတဲ့ စမတ်အဆောက်အအုံဖြစ်ပါတယ်။ အဆောက်အဦးကနေ ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုက သာမန်ထက် ၇၀% လျော့ကျပြီး သန့်စင်ခန်းတွေရဲ့ ရေတွေဟာ ၁၀၀% recycle စနစ်ဖြစ်ပါတယ်။ အရွယ်အစားတူညီတဲ့ အခြားအဆောက်အအုံကြီးတွေထက် စွမ်းအင်သုံးစွဲမှု ၄၆% နှုန်းလျော့ပါတယ်။ ဆိုလာပြားတွေကနေ စွမ်းအင်ထုတ်ယူသုံးစွဲပြီး မိုးရေခံသုံးတဲ့ စနစ်တွေကိုလည်း တပ်ဆင်ထားပါတယ်။
Al Bahr Towers, Abu Dhabi

Shutterstock/dvoevnore
UAE ရဲ့ အဘူဒါဘီမြို့က ဒီအဆောက်အအုံမှာတော့ ဖုံးထားတဲ့ မျက်နှာစာ မှန်ပြားတွေက နေရောင်ခြည် ကျရောက်မှုအလိုက် ရွေ့လျားအလုပ်လုပ်တဲ့ စနစ်နဲ့ ဖြစ်ပါတယ်။ ထိုစနစ်ကို လက်ရှိ အဆောက်အဦးတော်တော်များများမှာ အသုံးပြုနေကြပြီး Al Bahr တာဝါမှာဆိုရင်တော့ ကန္တာရကနေ သက်ရောက်တဲ့ အပူရှိန်ကို ကာကွယ်ဖို့အတွက် အသုံးပြုတာ ဖြစ်ပါတယ်။
Ref: asgroup.net.au
Credit \\ original


