တတ်သည့်ပညာ မနေသာဆိုသလို နွားတွေကို ဆက်ဆိုဖုန်းမှုတ်ပြီး ဖျော်ဖြေပေးနေတဲ့ အမျိုးသား
အမေရိကန်နိုင်ငံ၊ Lafayette, Oregon မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်ကတော့ သူ တတ်တဲ့ပညာ မနေသာဆိုသလိုပဲ၊ နွားတွေအတွက် ဆက်ဆိုဖုန်းမှုတ်ပြပြီး ဖျော်ဖြေလေ့ရှိသူပါ။ သူ့အမည်ကတော့ Rick Herrmann ဖြစ်ပြီး၊ သူဟာ ညနေပိုင်းဆို အဲဒီလို အမြဲလုပ်လေ့ရှိပါတယ်။
Rick ဟာ ဆက်ဆိုဖုန်းလေမှုတ်တူရိယာ သင်တန်းကို (၇)လလောက်အထိ စိတ်ပါလက်ပါ တက်ရောက်ခဲ့တာဖြစ်ပြီး၊ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ ဂီတရည်ပြည့်ဝလာခဲ့ပြီလို့ ဆိုရမှာပါ။ သူက သင်တန်းနဲ့ပတ်သက်ပြီး “ တစ်ရက်တည်းနဲ့ ကျွန်တော်က သဘောကျသွားတာ ”လို့ ပြောပါတယ်။
ဆက်လက်ပြီး “နောက်တော့ ကျွန်တော် တစ်ခု ဝယ်လိုက်တယ် … (၇)လကြာတော့ နည်းနည်း ဆရာကျလာပြီ … ”လို့ ပြောပါတယ်။ ဆက်ဆိုဖုန်းတဂီဂီနဲ့ အိမ်မှာ ခဏခဏ လေ့ကျင့်တာကို ဇနီးက နားမခံနိုင်လို့လားမသိ၊ Rick ကို အကြံတစ်ခုပေးပါတယ်။
Embedded video
Erin Herrmann
@erinmherrmann
my parents are such goofs they drove out to the backroads so my dad could play the cows the songs he’s been learning on the saxophone pt.1
851K
11:57 AM - Jun 26, 2019
272K people are talking about this
Twitter Ads info and privacy
သူရဲ့ ဆက်ဆိုဖုန်းပညာကို ကွင်းပြင်ထဲမှာ ကျက်စားနေတဲ့ နွားတွေသိသွာေးအာင် ကြိုးစားသင့်တယ်လို့ အကြံပေးလိုက်တာပါ။ အဲဒါနဲ့ Rick ဟာ ညနေရောက်ပြီဆိုရင် သူရဲ့ ဆက်ဆိုဖုန်းလေး အသာယူသွားပြီး၊ နွားကောင်ရေ ရာနဲ့ချီကို ဖျော်ဖြေမှုတွေ စတင်ပါတော့တယ်။
သူ မှုတ်တဲ့ပင်တိုင် အမာခံသီချင်းတွေကတော့ Isn’t She Lovely သီချင်းနဲ့ Careless Whisper ဖြစ်ပါတယ်။ Careless Whisper သီချင်းကတော့ ဆက်ဆိုဖုန်းသင်သူတိုင်း မဖြစ်မနေ တက်ရတဲ့ ပထမဆုံး သီချင်းပါတဲ့။ တစ်ခါတလေ Tequila သီချင်းလေးကိုလည်း ခပ်သော့သော့လေး မှုတ်ပါတယ်တဲ့။
https://twitter.com/i/status/1143752585397932032
Embedded video
Bonnie Silkman KPTV
✔
@BonnieSilkman
Guess who I’m hanging out with! 🎶 🐄 This musical man is playing his sax ‘til the cows come home. They clearly think he’s utterly legenDAIRY. We met up with Rick after his saxaphone serenade video went viral. Story tonight at 10 🎷 @erinmherrmann #Fox12 #CowWhisperer
224
10:51 AM - Jun 29, 2019
53 people are talking about this
Twitter Ads info and privacy
တကယ်လည်း သူ သီချင်းကိုစမှုတ်တာနဲ့ တကယ့်အမာခံပရိသတ်တွေ သူ့အနီးအနားကို မျက်လုံးလေးတွေ ကြောင်စီစီနဲ့ စုစည်းလာတာကိုလည်း အားရဖွယ်မြင်တွေ့ရပါတယ်။ တစ်ချို့နေ့တွေဆို အိမ်နီးနားချင်းတွေကပါ choru အပိုဒ်တွေ ဝင်ဝင်ပြီး အော်ကြပါသေးသတဲ့။
Credit \\ original


