တရုတ်က အသက်အန္တရာယ်ရှိပေမယ့်လူတက်များနေတဲ့ တောင်တက်ခရီးစဉ်




သက်ရှိမှန်ရင် အသက်အန္တရာယ်ရှိမှာ၊ သေမှာကို ကြောက်ကြတဲ့လူတွေချည်းပါပဲ။ ဒါပေမဲ့လည်း လူတွေဆိုတာမျိုးရဲ့စိတ်ကအစိုးမရတာကြောင့် စွန့်စားခရီးစဉ်လို့ အမည်ခံကာ အန္တရာယ်ရှိတဲ့အရပ်တွေနဲ့ လူသွားလူလာနည်းပါးတဲ့ ဒေသတွေဆီကို ခရီးထွက်ခြေဆန့်ချင်သူများလည်း ရှိလို့နေပါတယ်။ သင်ကလည်း စွန့်စားမှုတွေကို ကြိုက်နှစ်သက်သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင်တော့ ယခုတစ်ခေါက် ခရီးသွား ကဏ္ဍအတွက် မိတ်ဆက်ပေးမယ့် တောင်တက်ဖို့ နေရာလေးနဲ့သင်နဲ့ ကိုက်ညီမှုရှိနေမှာပါနော်။ အကြောင်းအရာကိုတော့ Matador Network မှ ကိုးကားထားပါတယ်။

Jose L Vilchez/Shutterstock
နေရာကတော့ Huashan တောင်ပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတည်ရှိပြီး တောင်ထိပ်ကိုရောက်ဖို့အတွက်ဆိုရင်တော့ ကေဘယ်ကားနှစ်ဆင့်စီးပြီး ကုန်ကြောင်း နှစ်ခါဆင်းလျှောက်ရမှာပါ။ Xi’an ကနေ ၇၅ ကီလိုမီတာထပ်သွားရပြီး Huashan ရွာရဲ့ တောင်ဖက်စွန်းစွန်းမှာ တည်ရှိနေပါတယ်။ Xi’an ကနေပြီး Huashan အမျိုးသားဥယျာဉ်ထဲကို အမြန်ရထားရှိပြီး တစ်နေ့ကို ၁၆ ကြိမ်ပြေးဆွဲလျက်ရှိရာ တစ်ကြောင်းစီကို မိန်စ ၃၀ မှ ၄၅ မိနစ်အတွင်း ရထားစီးချိန်ကြာမြင့်ပါတယ်။ ရထားတွေကိုတော့ Xi’an ရဲ့ မြောက်ပိုင်းဘူတာမှာ သွားရောက်စီးနင်းနိုင်မှာပါ။


ဘတ်စ်ကားဆိုရင်တော့ ၂ နာရီလောက်စီးရမှာဖြစ်ပြီး ဘတ်စ်ကားတွေဟာ လူပြည့်မှထွက်တာတာကြောင့် ဘတ်စ်ကားစီးဖို့ ကြံစည်ထားမယ်ဆိုရင်တော့ လူပြည့်ခါနီးကားကို ရှာစီးပါလို့ အကြံပေးချင်ပါတယ်။ ဘတ်စ်ကားစီးမယ်ဆိုရင်တော့ East သို့မဟုတ် West Gate အထိပဲရောက်မှာဖြစ်ပြီး အဲဒီရွာထဲကနေတစ်ဆင့် အမျိုးသားဥယျာဉ်ဆီကို တက္ကစီတစ်ဆင့် ပြန်စီးရမှာပါ။


Jose L Vilchez/Shutterstock


Komsan Pichaiyongwongdee/Shutterstock

ဥယျာဉ်ထဲဝင်ကြေးကတော့ ယွမ် ၁၀၀ မှ ၁၈၀ အတွင်းဖြစ်ပါတယ်။ တောင်တက်တဲ့အခါ မနက်ဖက်တွေမှာ လူတွေများနေတတ်တာကြောင့် တချို့တွေကတော့ ညဖက်လူခြေတိတ်ချိန်မှ တက်ကြတာကို ပိုသဘောကျလေ့ရှိပါတယ်တဲ့။ ဒါပေမဲ့ ညဖက်တောင်တက်ဖို့ လက်မှတ်တွေကိုတော့ West Gate မှာပဲ ဝယ်ယူလို့ရနိုင်မှာပါ။ တောင်တက်နေတုန်း ဈေးဆိုင်တည်ဖို့နေရာမရှိတာကြောင့် စားစရာကို ကိုယ့်ဟာကိုယ်သယ်သွားရမှာဖြစ်ပါတယ်။ အရင်တုန်းကတော့ တောင်တက်ချင်ရင် ဒီတိုင်းတက်သွားလို့ရပေမယ့်လို့ ၂၀၁၈ ခုနှစ်တုန်းက တောင်တက်ရင်းတစ်ယောက်ပြုတ်ကျကာ အသက်ဆုံးရှုံးသွားတဲ့အတွက်ကြောင့် အဲဒီနောက်ပိုင်းကစပြီး လက်မှတ်ဝယ်၊ မှတ်ပုံတင်ပြီးမှသာ တက်ခွင့်ရပါတော့တယ်။

ကဲဒီတော့ အန္တရာယ်များတဲ့ စွန့်စားခရီးစဉ်တောင်တက်လမ်းကြောင်လေးရဲ့ ပုံရိပ်လေးတွေကို ကြည့်လိုက်ကြပါဦးနော်။ အမြင့်ကြောက်တတ်သူတွေကတော့ ဗီဒီယိုနဲ့တင် ဒူးတုန်နေမယ်မလား။


Credit  \\  originl

Recent Updates

Recent Posts Widget