ဂျင်း Post မဟုတ်ဘူး
Love အတိုအစလေးများ
Unicode
အောင်စာရင်းမှာ မပါပဲ အမှတ် တောင်းကြည့်မှ အောင်နေတဲ့ ဖြစ်ရပ်
ဂျင်း Post မဟုတ်ဘူး
ပညာရေး ဝန်ကြီးဌာန အသုံးမကျချက် ကို တရားဝင် ပြောတာ။
နေပြည်တော် ရုံးအမှတ် (၅၂) မှ ၂ – ၇ – ၂၀၁၉ မှာ ထုတ်ယူ လာတဲ့ တက္ကသိုလ် ဝင်တန်း အမှတ်စာရင်းပါ။
အောင်စာရင်း မှာ ပါမလာရင် စာမေးပွဲ ကျတယ် ဆိုတာ လူတိုင်း သိတယ်။ အမှတ် စာရင်း ထုတ်တော့ ဓာတ်ပုံပါ အတိုင်း ပဲ ။
မင်းစံဟိန်း ဆိုတာ ကျုပ် တူ အရင်း။ မိန်းမရဲ့ အစ်မက မွေး ထားတာ။
အောင်စာရင်းမှာ မပါပဲ အမှတ် စာရင်းမှာ အောင်နေတယ် ။ ဒါမျိုး လွဲစရာ လား ?
ဒီလို စာမေးပွဲ ကျ လို့ ဆိုပြီး ဒီလို နစ်နာသူတွေ ဘယ်နှစ်ယောက် လောက် ရှိနေ လဲ ?
ကဲ ပညာရေးကို အဆင့်မြှင့် နေတယ် လို့ မကြုံးဝါး နေနဲ့။
ဒီလို ကလေးတွေ တက္ကသိုလ် တက်မယ် ဆိုရင် ဘယ်က စ ရှင်းရ မလဲ ?
အောင်စာရင်း ထပ်ထုတ်ပေး မလား?
မှားတယ် ဆိုရင် အချိန်မရွေး လာဖမ်း။ အထောက် အထား အသင့် နဲ့ အိမ်မှာ စောင့် နေမယ် ။
Source – ခင်ကျော်ညို , Khin Kyaw Nyo
Love အတိုအစလေးများ