အဖေနဲ့ အမေရဲ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေးအတိုင်း ဇာတ်လမ်းပြန်ရိုက်ခဲ့တဲ့ စည်ဖြိုးတို့ စုံတွဲ




ချိုသာတဲ့ မျက်နှာလေးနဲ့ မိန်းကလေးတွေရဲ့ အသည်းကို ဆွဲဆောင်နိုင်တဲ့ မင်းသားချော စည်ဖြိုးက ရုပ်ရှင်၊ ဇာတ်ကားကြီးတွေကို ရိုက်ကူးရင်း အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စည်ဖြိုးက မကြာသေးခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “အလင်းထဲကလူ” ရုပ်သံဇာတ်လမ်းတွဲနဲ့လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ စည်ဖြိုးက အခုလက်ရှိမှာတော့ ရုပ်ရှင်၊ ဇာတ်လမ်းတွေ ရိုက်ကူးခြင်းအပြင် သီချင်းတွေလည်း သီဆိုနေပြီ ဖြစ်ပါတယ်။



ဒီတစ်ခေါက်မှာတော့ စည်ဖြိုးက မိဘနှစ်ပါးရဲ့ အိမ်ထောင်သက် (၃၀)နှစ်ပြည့် ပုလဲရတုမင်္ဂလာအတွက် လက်ဆောင်လေး ပေးခဲ့တာကိုတွေ့ရပါတယ်။ ထိုလက်ဆောင်လေးကတော့ သူ့ရဲ့မိဘနှစ်ပါး ချစ်သူတွေ စဖြစ်ခဲ့တဲ့အကြောင်းကို ထိုခေတ်က ပုံစံအတိုင်း ဇာတ်လမ်းလေး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းလေးမှာ စည်ဖြိုးနဲ့ သူ့ရဲ့ချစ်သူကောင်မလေး ခင်လွှမ်းက ပြန်လည်သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။



ဇာတ်လမ်းလေးကို လွန်ခဲ့တဲ့ နှစ်(၃၀)ကျော်က အငွေ့အသက်တွေအတိုင်း အဖြူအမည်းနဲ့ ရိုက်ကူးထားပြီး နောက်ခံတေးသီချင်းလေးကလည်း ထိုခေတ်က နာမည်ကြီး သီချင်းဖြစ်တဲ့ ဦးမင်းမင်းလတ်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းလေးကို Cover MTV ပုံစံလေးရိုက်ကူးထားတာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် စည်ဖြိုးနဲ့ အဖွဲ့သားတွေ ကြိုးစားပုံဖော်ထားတဲ့ ဒီဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

အဖေနဲ့ အမေအတွက် ဇာတ်လမ်းတိုလေးနဲ့ ဂုဏ်ပြုပေးခဲ့တဲ့ စည်ဖြိုး


စည်ဖြိုးကတော့ အဖေနဲ့အမေ ငယ်ဘဝတွေကို ပြန်သတိရသွားအောင် ဇာတ်လမ်းတိုလေးကို ကြိုးစားပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းလေးကို နားထောင်ရင်း ကျေနပ်ကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget