ခဲြစိတ္စဥ္ လူနာ၏ ခါးအတြင္း ကတ္ေၾကးက်ဳိးက်န္ခဲ့ျခင္းေၾကာင့္ ဂရန္းဟံသာေဆးရံုမွ တာဝန္ရွိသူမ်ားကုိ အမႈဖြင့္
ခဲြစိတ္စဥ္ လူနာ၏ ခါးအတြင္း ကတ္ေၾကးက်ဳိးက်န္ခဲ့ျခင္းေၾကာင့္ ဂရန္းဟံသာေဆးရံုမွ တာဝန္ရွိသူမ်ားကုိ အမႈဖြင့္
ခြဲစိတ္လူနာ၏ခါးအတြင္း၌ ကတ္ေၾကးက်ိဳးက်န္ေစခဲ့သည္ဆိုကာ လူနာရွင္က Grand Hantha International ေဆး႐ုံမ ွ
ခြဲစိတ္ဆရာ၀န္မ်ားႏွင့္ ဒါရိုက္တာအဖြဲ႔၀င္မ်ားကိုရန္ကုန္ၿမိဳ႕၊ ကမာရြတ္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္ထားေၾကာင္း သိရသည္။
အမႈႏွင့္ပတ္သက္၍ တရားလိုမွာ ေဒါက္တာေအာင္ေအာင္ျဖစ္ၿပီး ခါးရိုးဆစ္ကြ်ံသျဖင့္ ၿပီးခဲ့သည့္ေဖေဖာ္၀ါရီလ ၁၅ ရက္က Grand
Hantha International ေဆးရံုႀကီး၌ခြဲစိတ္ကုသမႈခံယူခဲ့ေၾကာင္း သိရသည္။ ထိုသို႔ခြဲစိတ္ရာ၌ ခါးအတြင္း ကတ္ေၾကး ထိပ္ပိုင္း
က်ိဳးက်န္ေနခဲ့သျဖင့္ ေဖေဖာ္၀ါရီလ ၁၇ ရက္တြင္ ေနာက္တစ္ႀကိမ္ထပ္မံခြဲစိတ္ခဲ့ရေၾကာင္း သိရသည္။
“ကြ်န္ေတာ့္ကိုခြဲစိတ္ေပးတဲ့သူက ႏုိင္ငံျခားဆရာ၀န္ေပါ့။ ခြဲစိတ္မႈအၿပီးမွာေတာ့ ေအာင္ျမင္တယ္။ ဒါေပမဲ့ ကတ္ေၾကး
ထိပ္ပိုင္းက်ိဳးက်န္ေနခဲ့တာကိုျပႆနာမရွိဘူးလို႔ေျပာၿပီးေနာက္ ၆ လေလာက္ေနရင္ သူ႔ဟာသူခဲၿပီး က်န္ေနခဲ့မယ္လို႔
ကြ်န္ေတာ္ကိုေျပာတယ္ေလ။ ဒါေပမဲ့ကြ်န္ေတာ္ကလည္းမျဖစ္ေသးပါဘူးဆိုၿပီးေတာ့
အသိမိတ္ေဆြအရိုးကုဆရာ၀န္ေတြနဲ႔ ျပၿပီးဓာတ္မွန္ရိုက္တဲ့အခါမွာ သူေျပာတဲ့ေနရာနဲ႔လြဲေနတာကို သိသြားခဲ့တယ္။ အဲဒါေၾကာင့္
ေနာက္တစ္ရက္ျခားမွာအဲဒီ ေဆးရံုမွာပဲ ျပန္ခဲြစိတ္တယ္။ အဲဒီအခ်ိန္မွာေတာ့ ကြ်န္ေတာ့္ကို ခြဲစိတ္ေပးတဲ့ဆရာ၀န္က
ျပန္သြားၿပီမရွိေတာ့ဘူး” ဟု အမႈဖြင့္သူ ေဒါက္တာေအာင္ေအာင္က ေျပာသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ Grand Hantha International ေဆး႐ုံမွ ၿဖိဳးျမတ္ခိုင္၊ ခင္ေ႒းလင္း၊ ဝင္းပပ၊ ဇင္မီသိမ့္၊ Mohammad
MashfiqulArafinSiddiqui ၊ Chin Pak Lin ႏွင့္Christine Chan (လက္ေထာက္ ခြဲစိတ္)တို႔ကို ၿပီးခဲ့သည့္ ဇြန္လ ၂၉ ရက္က
ကမာရြတ္ၿမိဳ႕မရဲစခန္း၌ (ပ)၁၃၆၁ ၊ ပုဒ္မ – ၃၃၈ ျဖင့္ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ အကုန္သိသတင္းဌာနမွ Grand Hantha International သို႔ ဆက္သြယ္ ေမးျမန္းခဲ့ေသာ္ လည္း
ေဆး႐ုံမွ တာ၀န္ရွိသူတစ္ဦးျဖစ္သည့္ေဒါက္တာေအာင္ေက်ာ္ထက္က လက္ရွိ၌ သတင္းထုတ္ျပန္ရန္ မရိွေသး ေၾကာင္း
ပန္လည္ေျဖၾကားခဲ့သည္။
ႏုိင္မင္းလြင္ (အကုန္သိ သတင္းဌာန) (ေလးစားမႈျဖင့္ ခရက္ဒစ္)
Credit \\ original
Uniocde
ခွဲစိတ်စဉ် လူနာ၏ ခါးအတွင်း ကတ်ကြေးကျိုးကျန်ခဲ့ခြင်းကြောင့် ဂရန်းဟံသာဆေးရုံမှ တာဝန်ရှိသူများကို အမှုဖွင့်
ခွဲစိတ်လူနာ၏ခါးအတွင်း၌ ကတ်ကြေးကျိုးကျန်စေခဲ့သည်ဆိုကာ လူနာရှင်က Grand Hantha International ဆေးရုံမ ှခွဲစိတ်ဆရာဝန်များနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို
ရန်ကုန်မြို့၊ ကမာရွတ်မြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ တရားလိုမှာ ဒေါက်တာအောင်အောင်ဖြစ်ပြီး ခါးရိုးဆစ်ကျွံသဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၅ ရက်က Grand Hantha International ဆေးရုံကြီး၌
ခွဲစိတ်ကုသမှုခံယူခဲ့ကြောင်း သိရသည်။ ထိုသို့ခွဲစိတ်ရာ၌ ခါးအတွင်း ကတ်ကြေး ထိပ်ပိုင်း ကျိုးကျန်နေခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်တွင် နောက်တစ်ကြိမ်ထပ်မံခွဲစိတ်ခဲ့ရကြောင်း သိရသည်။
“ကျွန်တော့်ကိုခွဲစိတ်ပေးတဲ့သူက နိုင်ငံခြားဆရာဝန်ပေါ့။ ခွဲစိတ်မှုအပြီးမှာတော့ အောင်မြင်တယ်။ ဒါပေမဲ့ ကတ်ကြေး ထိပ်ပိုင်းကျိုးကျန်နေခဲ့တာကို
ပြဿနာမရှိဘူးလို့ပြောပြီးနောက် ၆ လလောက်နေရင် သူ့ဟာသူခဲပြီး ကျန်နေခဲ့မယ်လို့ ကျွန်တော်ကိုပြောတယ်လေ။ ဒါပေမဲ့ကျွန်တော်ကလည်းမဖြစ်သေးပါဘူးဆိုပြီးတော့
အသိမိတ်ဆွေအရိုးကုဆရာဝန်တွေနဲ့ ပြပြီးဓာတ်မှန်ရိုက်တဲ့အခါမှာ သူပြောတဲ့နေရာနဲ့လွဲနေတာကို သိသွားခဲ့တယ်။ အဲဒါကြောင့် နောက်တစ်ရက်ခြားမှာ
အဲဒီ ဆေးရုံမှာပဲ ပြန်ခွဲစိတ်တယ်။ အဲဒီအချိန်မှာတော့ ကျွန်တော့်ကို ခွဲစိတ်ပေးတဲ့ဆရာဝန်က ပြန်သွားပြီမရှိတော့ဘူး” ဟု အမှုဖွင့်သူ ဒေါက်တာအောင်အောင်က ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Grand Hantha International ဆေးရုံမှ ဖြိုးမြတ်ခိုင်၊ ခင်ဋ္ဌေးလင်း၊ ဝင်းပပ၊ ဇင်မီသိမ့်၊ Mohammad MashfiqulArafinSiddiqui ၊ Chin Pak Lin နှင့်
Christine Chan (လက်ထောက် ခွဲစိတ်)တို့ကို ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ကမာရွတ်မြို့မရဲစခန်း၌ (ပ)၁၃၆၁ ၊ ပုဒ်မ – ၃၃၈ ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အကုန်သိသတင်းဌာနမှ Grand Hantha International သို့ ဆက်သွယ် မေးမြန်းခဲ့သော် လည်း ဆေးရုံမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့်
ဒေါက်တာအောင်ကျော်ထက်က လက်ရှိ၌ သတင်းထုတ်ပြန်ရန် မရှိသေး ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
နိုင်မင်းလွင် (အကုန်သိ သတင်းဌာန) (လေးစားမှုဖြင့် ခရက်ဒစ်)
Credit \\ original

