ဧရာဝတီတိုင္း ေျမာင္းျမခရိုင္ ဝါးခယ္မျမိဳ႕နယ္တြင္ျဖစ္ပြားခဲ့တဲ့ အမ်ိဳးသားနွစ္ဦးမွ ၈ တန္းေက်ာင္းသူကို သားမယားျပဳက်င့္မႈ
ဧရာဝတီတိုင္း ေျမာင္းျမခရိုင္ ဝါးခယ္မျမိဳ႕နယ္တြင္ျဖစ္ပြါးခဲ့ေသာ အမ်ိဳးသားနွစ္ ဦးမွ ၈ တန္းေက်ာင္းသူကို သားမယားျပဳက်င့္မႈ
လြန္ခဲ႕ေသာ 20-6-2019ရက္ေန႕တြင္
ဝါးခယ္မျမိဳ႕ အ .ထ .က(1)ေက်ာင္းတြင္ ပညာသင္ႀကားေနေသာ ၈တန္းေက်ာင္းသူေလးအားFacebook(online)ျဖင္႕စကားျမားေက်းရႊာေနေမာင္ဇာနည္ႏွင္႕ခ်စ္ႀကိဳက္ခဲ႕က်ျပီး
အျပင္တြင္ခ်ိန္းေတြ႕ရန္ခ်ိန္းဆိုမႈ႕ေႀကာင္႕ခ်ိန္းေတြ႕ရန္ေမာင္ဇာနည္ႏွင့္ ေမာင္ရိႈင္းထက္တို႕မွလာေရာက္ေခၚေဆာင္ကာ –
ေျမာင္းျမျမိဳ႕ ဆင္ျဖဴတည္းခိုခန္းတြင္ သားမယားအျဖစ္ ေမာင္ဇာနည္မွ ျပဳက်င္႕ခဲ႕ျပီး ငွင္းႏွင္႕အတူလိုက္ပါလာေသာ ေမာင္ရိႈင္းထက္အား ဝါးခယ္မသုိ႕ျပန္ပို႕ခိုင္းပါသည္။
ထို႕ေနာက္ ဝါးခယ္မသို႕ ေမာင္ရိႈင္းထက္မွ ေခၚေဆာင္လာ၍ ေကာင္မေလးအား ယူမယ္ဟုဆိုကာ ဝါးခယ္ကားဝင္းနေဘးတြင္ သားမယားအျဖစ္တညလံုးျပဳက်င္႕ျပီး –
မနက္မိုးလင္းေသာအခါမွ ေမာင္ရိႈင္းထက္မွဆိုင္ကယ္ဆီသြားထည္႕မည္႕ဟုဆိုကာ ေကာင္မေလးဆီမွ ဆီဖိုး၅၀၀၀/°က်ပ္ေတာင္း၍ ျပန္မလာေတာ႕ဘဲျမသိန္းတန္၁လမ္းထိပ္တြင္ထားခဲ႕ပါသည္။
ထို႕ေနာက္ ေကာင္မေလး၏မိဘႏွင္ ျပန္လည္ေတြ႕ဆံုျပီး သက္ဆိုင္ရာရဲစခန္းသို႕ တိုင္ႀကားထားခဲ႕ရာယေန႕(7-7-2019)ရက္ေန႕တြင္ ပစ္မႈ႕က်ဴးလြန္သူ ေမာင္ဇာနည္ႏွင္႕ေမာင္ရိႈင္းထက္တို႕အား ဝါးခယ္မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္တူးကိုကိုေခါင္းေဆာင္၍-
တပ္ႀကပ္ခင္ေမာင္လြင္-တပ္ႀကပ္ေက်ာ္ေက်ာ္-နယ္ထိန္းစိုးသိန္းထြဋ္တို႕ႏွင္႕အတူ သြားေရာက္ဖမ္းဆီး၍ဝါးခယ္မရဲစခန္းတြင္အမႈ႕ဖြင္႕အေရးယူေဆာင္ရြက္ထားျပီးေႀကာင္း သတင္းေကာင္းပါးအပ္ပါသည္ခင္ဗ်ာ။
Credit – ဇာမဏီတပ္မွဴး
Unicode ျဖင့္ဖတ္ရန္
ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင်ဖြစ်ပွါးခဲ့သော အမျိုးသားနှစ် ဦးမှ ၈ တန်းကျောင်းသူကို သားမယားပြုကျင့်မှု
လွန်ခဲ့သော 20-6-2019ရက်နေ့တွင်
ဝါးခယ်မမြို့ အ .ထ .က(1)ကျောင်းတွင် ပညာသင်ကြားနေသော ၈တန်းကျောင်းသူလေးအားFacebook(online)ဖြင့်စကားမြားကျေးရွှာနေမောင်ဇာနည်နှင့်ချစ်ကြိုက်ခဲ့ကျပြီ
အပြင်တွင်ချိန်းတွေ့ရန်ချိန်းဆိုမှု့ကြောင့်ချိန်းတွေ့ရန်မောင်ဇာနည်နှင့် မောင်ရှိုင်းထက်တို့မှလာရောက်ခေါ်ဆောင်ကာ –
မြောင်းမြမြို့ ဆင်ဖြူတည်းခိုခန်းတွင် သားမယားအဖြစ် မောင်ဇာနည်မှ ပြုကျင့်ခဲ့ပြီး ငှင်းနှင့်အတူလိုက်ပါလာသော မောင်ရှိုင်းထက်အား ဝါးခယ်မသို့ပြန်ပို့ခိုင်းပါသည်။
ထို့နောက် ဝါးခယ်မသို့ မောင်ရှိုင်းထက်မှ ခေါ်ဆောင်လာ၍ ကောင်မလေးအား ယူမယ်ဟုဆိုကာ ဝါးခယ်ကားဝင်းနဘေးတွင် သားမယားအဖြစ်တညလုံးပြုကျင့်ပြီး –
မနက်မိုးလင်းသောအခါမှ မောင်ရှိုင်းထက်မှဆိုင်ကယ်ဆီသွားထည့်မည့်ဟုဆိုကာ ကောင်မလေးဆီမှ ဆီဖိုး၅၀၀၀/°ကျပ်တောင်း၍ ပြန်မလာတော့ဘဲမြသိန်းတန်၁လမ်းထိပ်တွင်ထားခဲ့ပါသည်။
ထို့နောက် ကောင်မလေး၏မိဘနှင် ပြန်လည်တွေ့ဆုံပြီး သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားထားခဲ့ရာယနေ့(7-7-2019)ရက်နေ့တွင် ပစ်မှု့ကျူးလွန်သူ မောင်ဇာနည်နှင့်မောင်ရှိုင်းထက်တို့အား ဝါးခယ်မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တူးကိုကိုခေါင်းဆောင်၍-
တပ်ကြပ်ခင်မောင်လွင်-တပ်ကြပ်ကျော်ကျော်-နယ်ထိန်းစိုးသိန်းထွဋ်တို့နှင့်အတူ သွားရောက်ဖမ်းဆီး၍ဝါးခယ်မရဲစခန်းတွင်အမှု့ဖွင့်အရေးယူဆောင်ရွက်ထားပြီးကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျာ။
Credit – ဇာမဏီတပ်မှူ



