” တရားခံလို႔ေၾကညာခံထားရတဲ့ ယာဥ္ေမာင္းေအာင္ႀကီးရဲ႕ အသိုင္းအဝိုင္းဘက္မွ ပြင့္ထြက္လာမႈမ်ား”
ဗစ္တိုးရီးယားရဲ႕အမွဳနဲ႕ပတ္သတ္ျပီး တရားခံဟာ ကားဒရိုင္ဘာကိုေအာင္ၾကီးမဟုတ္ဘူးလို႕ယံုၾကည္ေၾကာင္းနဲ႕ ကိုေအာင္ၾကီးအတြက္ရဲစခန္းကိုလိုက္သြားစဥ္က ေက်ာင္းပိုင္ရွင္ကိုပညာရဲ႕ေျပာစကားေတြကို ဒီညတင္ေပးမယ္ဆိုတဲ့သူ
အခုလူမွဳကြန္ယက္ေပၚမွာ Ko Lucent ဆိုတဲ့ account ပိုင္ရွင္တစ္ေယာက္ဟာ ကားဒရိုင္ဘာကိုေအာင္ၾကီးအတြက္ အမွဳျဖစ္စက ရဲစခန္းကိုလိုက္ေပးခဲ့ရတဲ့အေၾကာင္းနဲ႕ Wisdom Hill ကၾကီးၾကပ္ေရးမွဳးနဲ႕ Wisdom Hill ေက်ာင္းပိုင္ရွင္ျဖစ္သူတို႔ေျပာခဲ့တဲ့စကားေတြကို ယခုညမွာ တင္ျပေပးမယ္ဆိုျပီး လူမွဳကြန္ယက္မွာတင္ထားပါတယ္။ Wisdom Hillေက်ာင္းကိုလည္း ဒါဟာေတာ္ေတာ္ ေအာက္တန္းက်သြားျပီလို႕ေရးသားထားျပီး ကားဒရိုင္ဘာျဖစ္သူကိုေအာင္ၾကီးဟာ တရားခံလံုး၀မျဖစ္ႏိုင္ေၾကာင္းသိတယ္လို႕လည္းေရးသားထားပါတယ္။ ကားဒရိုင္ဘာျဖစ္သူကိုေအာင္ၾကီးဟာ အေပါင္းအသင္းမွားခဲ့လို႕သာ ေဆးမွဳနဲ႕ေထာင္က်ခဲ့ရတာျဖစ္ျပီး ကေလးငယ္တစ္ေယာက္အေပၚ ဒီလိုျပစ္မွဳမိ်ဳးက်ဴးလြန္ဖို႕အထိ ဇ မရွိေၾကာင္း စေတြ႕ခဲ့တဲ့ရဲစခန္းမွာကတည္းက တစ္ခုခုလြဲေနတာကိုသတိထားမိေၾကာင္းနဲ႕ ကားဒရိုင္လာျဖစ္သူကိုေအာင္ၾကီးဟာ အခ်ဳပ္ခန္းထဲကေနသူမဟုတ္ဘူးဆိုတာကို တြင္တြင္ျငင္းခဲ့ေၾကာင္းေရးသားထားတာပါ။
အဲ့တာအျပင္ကို အေကာင့္ပိုင္ရွင္ျဖစ္သူဟာ ပို႕စ္တင္ရတဲ့ရည္ရြယ္ခ်က္ကိုလည္း မဟုတ္မွန္းလည္းသိတယ္။ မဟုတ္ဘူးဆိုတာလည္းသိတယ္။ ဒါကို အရင္ေျပာစကားေတြနဲ႕ညီေအာင္ ဘာလို႔မကာကြယ္ မ၀န္းရံရသလဲဆိုျပီး ေမးခြန္းထုတ္ထားပါတယ္။
အခု အခ်ိန္မွာ ေနျပည္ေတာ္မွာရွိတဲ့ Wisdom Hill ဆိုတဲ့မူၾကိဳမွာတက္ေရာက္ခဲ့တဲ့ အသက္ ၃ႏွစ္အရြယ္ ဗစ္တိုးရီးယားလို႔အမည္ရတဲ့ကေလးငယ္ေလးအေပၚ လိင္ပိုင္းဆိုင္ရာေစာ္ကားမွဳျပဳလုပ္ခဲ့တယ္ဆိုတဲ့စြဲခ်က္နဲ႕ အဲ့ဒီမူၾကိဳမွာဒရိုင္ဘာအေနနဲ႕အလုပ္လုပ္တဲ့ ကိုေအာင္ၾကီးကို ရာဇသတ္ၾကီးပုဒ္မ ၃၇၆နဲ႕ တရားစြဲဆို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားပါတယ္။ ဒါေပမယ့္လည္း လူမွဳကြန္ယက္အသံုးျပဳသူေတြနဲ႕ ဒီအမွဳကိုေစာင့္ၾကည့္ေလ့လာေနတဲ့သူေတြဟာ တရားခံဟာ ကိုေအာင္ၾကီးတကယ္ဟုတ္ပါ့မလားဆိုတဲ့အခ်က္ကို သံသယ၀င္ေမးခြန္းထုတ္ေနၾကပါတယ္။ ApannPyay ပရိတ္သတ္ၾကီးတို႔အတြက္ Ko Lucent အေကာင့္ပိုင္ရွင္ကတင္ထားတဲ့ မူရင္းပို႕စ္က ေရးသားခ်က္ေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။
ပထမ post… Wisdom Hill ကိစၥ စျဖစ္ကတည္းက ဒရိုင္ဘာေအာင္ျကီးရဲ႕ အစ္ကိုျကီးျဖစ္သူ နဲ႕ ဆီကုန္အခ်ိန္ကုန္ခံပီး လိုက္ပါကူညီခ့ဲ တာပါ။တရားရုံး ကရီမန္ယူတာကအစလိုက္ ပါခ့ဲတာပါ။ Wisdom Hill ကျကီးျကပ္ေရးမွဴး အပါအ၀င္ အ့ဲဒီကဆရာမေတြနဲ႕ပါ ရဲစခန္းမွာ ေတြ႕ဖူးတယ္။ ျကီးျကပ္ေရးမွဴး ခင္ဗ်ားဘာမ်က္နွာနဲ႕ ဘာစကားေျပာခ့ဲတယ္ ကိုပညာဆိုတ့ဲလူ ဘာစကား ေျပာခ့ဲတယ္ဆိုတာခင္ဗ်ားတို႔အသိဆုံးပါ။ခင္ဗ်ားတို႔ဗ်ာ ေတာ္ေတာ္စုတ္ပ့ဲပီး ဒါပညာတတ္တ့ဲလားကြ။ ေအာင္ျကီး လုံး၀ မျဖစ္နိုင္ဘူးဆိုတာ သိတယ္။ ဒါအမႈမွန္ေဖၚထုတ္ရာမွာ ေတာ္ေတာ္ေအာက္တန္းစား ဆန္တ့ဲ ျပယုဒ္ဘဲ။
Wisdom Hill အခုမွေတာ္ေတာ္ရြံဖို႔ေကာင္းသြားပီ 📷:( ။ ေသခ်ာတာကေတာ့ ဒါေတာ္ေတာ္စုတ္ပ့ဲျပီး ေအာက္တန္းက်တာဘဲ။ေကာင္းပီ ဒီည ေက်ာင္းျကီးျကပ္ေရးမွဴး ခင္ဗ်ား ဘာေျပာခ့ဲလဲ ကိုပညာ ရဲစခန္းေပၚတီကိုေအာက္မွာ ခင္ဗ်ား ဘာေျပာခ့ဲလဲဆိုတာ အကုန္ တင္ျပမယ္။ ရွင္းတယ္ေနာ္။ ၆၆(ဃ) နဲ႕ေတာ့မခ်ိန္းေျခာက္နဲ႕။ေျကာက္တ့ဲေသြး မိဘကမထည္႔ ထားေပးခ့ဲဘူး။ခင္ဗ်ားတို႔ေျပာတာဘဲတင္ျပမွာ။Top of Form
ဒုတိယပို႕စ္…. Wisdom Hill ကိစၥစျဖစ္စဥ္က က်ေနာ္က လမ္းတကာေလ်ွာက္သြားေနတာ။အ့ဲမွာ ေအာင္ျကီးရဲ႕ အစ္ကိုျကီး ကိုသိန္းဦးဆိုတာနဲ႕ က်ေနာ့္က ခင္မင္မႈရွိတယ္။ေအာင္ျကီးဆိုတာသူေျပာမွ သူညီမွန္းသိတာ။သူညီအဖမ္းခံရမႈနဲ႕က်ေနာ့္ကိုလာေျပာ ေတာ့။ဘာမႈလဲဆိုေတာ့ xxx အ့ဲအမႈတ့ဲ။က်ေနာ္ပထမစဥ္း စားတယ္။အရွင္းေျပာ႐ရင္က်ေနာ္နားမေထာင္ခ်င္ဘူး။ ကိုသိန္းဦးက သူတို႔မိသားစု အေျကာင္းေျပာျပတယ္။
ကိုသိန္းဦးဆိုတာ လူပုစိတ္ျပတ္ လူမ်ိဳး သူညီတေယာက္ရွိ ေသးတယ္ သူလည္း ဌာနဆိုင္ရာယာဥ္ေမာင္းတဦးဘဲ။ ဒီေတာ့ဗ်ာ ကိုသိန္းဦးစိတ္ဓါတ္ကိုသိေနေတာ့အားနာတာနဲ႕ နားေထာင္ေပးမိတယ္။သူညီဆိုတာလဲ မျမင္ဘူးေတာ့ယုံရခက္ ခက္ရယ္။ကိုသိန္းဦးက အေျကာင္းစုံေျပာျပပီးေတာ့ ရဲစခန္းမွာ လိုက္နားေထာင္ေပးပါ အမႈအသြားအလာကိုျကည့္ေပးပါဆို ေတာ့ မလိုက္ခ်င္ေပမယ့္ လိုက္နားေထာင္မိရာကေန ေအာင္ျကီး ဆိုတာ wisdom hill ဆိုတာနဲ႕ကိုပညာဆိုတာရယ္ ေက်ာင္း ျကီးျကပ္ေရမွဴး ဆိုသူကိုပါ သိျမင္ခ့ဲရတာပါဘဲ။ အ့ဲဒီစစခ်င္းမွာကတည္းက နဲနဲေလးလြဲသလိုတာျမင္သိခ့ဲရတယ္။
ေအာင္ျကီးကေတာ့ အခ်ဳပ္ခန္းထဲကေန က်ေနာ္ မဟုတ္ဘူး က်ေနာ္လုံး၀မသိဘူး မလုပ္ဘူးဆိုတြင္တြြင္ျငင္းေနတာဘဲ။ အျပင္ကမိသားစု၀င္ေတြ မဟုတ္ဘူဆိုတာသိေနေတာ့ သူ႔တို႔သား ေအာင္ျကီး ကို စိတ္မညစ္ဖို႔စိတ္ဓါတ္မက်ဖို႔ အားေပးေနျကတယ္။ သူတို႔မိသားစုအေနနဲ႕ကလည္း ဟုတ္မွန္ရင္ ခံ ဖို႔၀န္ေလးေနတ့ဲ မိသားစု မဟုတ္ဘူးဆိုတာပါ။ တခုေတာ့ရွိတယ္ ေအာင္ျကီး က အေပါင္းသင္းမွား လို႔ ေဆးမႈ နဲ႕အျပစ္ဒဏ္ခံခ့ဲရတ့ဲသူတစ္ေယာက္။ဒါေပမယ့္ အ့ဲလိုလုပ္ဖို႕ ဇ ရွိတ့ဲသူေတာ့မဟုတ္ဘူး။ ခင္မ်ားတို႔ ျကည့္လိုရရင္ သြား ျကည့္နိုင္တယ္။အခုလိုတင္ျပတာက နာမည္ဖ်က္လိုစိတ္ လုံး၀ မရွိပါ မပါ၀င္ပါ။
တတိယ post…. တင္ခ့ဲတ့ဲ ပိုစ့္ရည္ရြယ္ခ်က္ကို ေျပာမယ္ဗ်ာ။ ရည္ရြယ္ခ်က္က မဟုတ္မွန္းလဲသိတယ္ မဟုတ္ဘူးဆိုတာ လဲသိတယ္ ဒါကို အရင္ေျပာစကားေတြနဲ႕ညီေအာင္ ဘာလို႔ မကာကြယ္ မ၀န္းရံ ရတာလဲဆိုတာပါဘဲ။ ခမ်ားတို႔ နာမည္အတြက္ အစစအရာရာ အားနည္းပီး မျကာခင္ကမွ နိုင္ငံ၀န္ထမ္း ေအာက္ေျခပင္စင္စားရတ့ဲ မိသားစုပါ။
ဒီေရးသားခ်က္ေတြဟာ မွန္သလား မမွန္ဘူးလားကိုဘယ္သူမွမသိႏိုင္ေသးေပမယ့္ ဒီအမူကိုေစာင့္ၾကည့္ေနတဲ့ လူမွဳကြန္ယက္အသံုးျပဳေနတဲ့သူေတြကေတာ့ ဒီညမွာ ဒီအေကာင့္ပိုင္ရွင္တင္မယ့္ ေက်ာင္းပိုင္ရွင္ဦးပညာကိုေျပာခဲ့တယ္ဆိုတဲ့စကားေတြကို ဖတ္ရွဳဖို႔ ေစာင့္ေမွ်ာ္ေနၾကပါတယ္။
Credit: Yenin Phawh ( ApannPyay)
Unicode Version
ဗစ်တိုးရီးယားရဲ့အမှုနဲ့ပတ်သတ်ပြီး တရားခံဟာ ကားဒရိုင်ဘာကိုအောင်ကြီးမဟုတ်ဘူးလို့ယုံကြည်ကြောင်းနဲ့ ကိုအောင်ကြီးအတွက်ရဲစခန်းကိုလိုက်သွားစဉ်က ကျောင်းပိုင်ရှင်ကိုပညာရဲ့ပြောစကားတွေကို ဒီညတင်ပေးမယ်ဆိုတဲ့သူ
အခုလူမှုကွန်ယက်ပေါ်မှာ Ko Lucent ဆိုတဲ့ account ပိုင်ရှင်တစ်ယောက်ဟာ ကားဒရိုင်ဘာကိုအောင်ကြီးအတွက် အမှုဖြစ်စက ရဲစခန်းကိုလိုက်ပေးခဲ့ရတဲ့အကြောင်းနဲ့ Wisdom Hill ကကြီးကြပ်ရေးမှုးနဲ့ Wisdom Hill ကျောင်းပိုင်ရှင်ဖြစ်သူတို့ပြောခဲ့တဲ့စကားတွေကို ယခုညမှာ တင်ပြပေးမယ်ဆိုပြီး လူမှုကွန်ယက်မှာတင်ထားပါတယ်။ Wisdom Hillကျောင်းကိုလည်း ဒါဟာတော်တော် အောက်တန်းကျသွားပြီလို့ရေးသားထားပြီး ကားဒရိုင်ဘာဖြစ်သူကိုအောင်ကြီးဟာ တရားခံလုံးဝမဖြစ်နိုင်ကြောင်းသိတယ်လို့လည်းရေးသားထားပါတယ်။ ကားဒရိုင်ဘာဖြစ်သူကိုအောင်ကြီးဟာ အပေါင်းအသင်းမှားခဲ့လို့သာ ဆေးမှုနဲ့ထောင်ကျခဲ့ရတာဖြစ်ပြီး ကလေးငယ်တစ်ယောက်အပေါ် ဒီလိုပြစ်မှုမျိုးကျူးလွန်ဖို့အထိ ဇ မရှိကြောင်း စတွေ့ခဲ့တဲ့ရဲစခန်းမှာကတည်းက တစ်ခုခုလွဲနေတာကိုသတိထားမိကြောင်းနဲ့ ကားဒရိုင်လာဖြစ်သူကိုအောင်ကြီးဟာ အချုပ်ခန်းထဲကနေသူမဟုတ်ဘူးဆိုတာကို တွင်တွင်ငြင်းခဲ့ကြောင်းရေးသားထားတာပါ။
အဲ့တာအပြင်ကို အကောင့်ပိုင်ရှင်ဖြစ်သူဟာ ပို့စ်တင်ရတဲ့ရည်ရွယ်ချက်ကိုလည်း မဟုတ်မှန်းလည်းသိတယ်။ မဟုတ်ဘူးဆိုတာလည်းသိတယ်။ ဒါကို အရင်ပြောစကားတွေနဲ့ညီအောင် ဘာလို့မကာကွယ် မဝန်းရံရသလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
အခု အချိန်မှာ နေပြည်တော်မှာရှိတဲ့ Wisdom Hill ဆိုတဲ့မူကြိုမှာတက်ရောက်ခဲ့တဲ့ အသက် ၃နှစ်အရွယ် ဗစ်တိုးရီးယားလို့အမည်ရတဲ့ကလေးငယ်လေးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်ခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ အဲ့ဒီမူကြိုမှာဒရိုင်ဘာအနေနဲ့အလုပ်လုပ်တဲ့ ကိုအောင်ကြီးကို ရာဇသတ်ကြီးပုဒ်မ ၃၇၆နဲ့ တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။ ဒါပေမယ့်လည်း လူမှုကွန်ယက်အသုံးပြုသူတွေနဲ့ ဒီအမှုကိုစောင့်ကြည့်လေ့လာနေတဲ့သူတွေဟာ တရားခံဟာ ကိုအောင်ကြီးတကယ်ဟုတ်ပါ့မလားဆိုတဲ့အချက်ကို သံသယဝင်မေးခွန်းထုတ်နေကြပါတယ်။ ApannPyay ပရိတ်သတ်ကြီးတို့အတွက် Ko Lucent အကောင့်ပိုင်ရှင်ကတင်ထားတဲ့ မူရင်းပို့စ်က ရေးသားချက်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
ပထမ post… Wisdom Hill ကိစ္စ စဖြစ်ကတည်းက ဒရိုင်ဘာအောင်ကြီးရဲ့ အစ်ကိုကြီးဖြစ်သူ နဲ့ ဆီကုန်အချိန်ကုန်ခံပီး လိုက်ပါကူညီခဲ့ တာပါ။တရားရုံး ကရီမန်ယူတာကအစလိုက် ပါခဲ့တာပါ။ Wisdom Hill ကကြီးကြပ်ရေးမှူး အပါအဝင် အဲ့ဒီကဆရာမတွေနဲ့ပါ ရဲစခန်းမှာ တွေ့ဖူးတယ်။ ကြီးကြပ်ရေးမှူး ခင်ဗျားဘာမျက်နှာနဲ့ ဘာစကားပြောခဲ့တယ် ကိုပညာဆိုတဲ့လူ ဘာစကား ပြောခဲ့တယ်ဆိုတာခင်ဗျားတို့အသိဆုံးပါ။ခင်ဗျားတို့ဗျာ တော်တော်စုတ်ပဲ့ပီး ဒါပညာတတ်တဲ့လားကွ။ အောင်ကြီး လုံး၀ မဖြစ်နိုင်ဘူးဆိုတာ သိတယ်။ ဒါအမှုမှန်ဖေါ်ထုတ်ရာမှာ တော်တော်အောက်တန်းစား ဆန်တဲ့ ပြယုဒ်ဘဲ။
Wisdom Hill အခုမှတော်တော်ရွံဖို့ကောင်းသွားပီ 📷:( ။ သေချာတာကတော့ ဒါတော်တော်စုတ်ပဲ့ပြီး အောက်တန်းကျတာဘဲ။ကောင်းပီ ဒီည ကျောင်းကြီးကြပ်ရေးမှူး ခင်ဗျား ဘာပြောခဲ့လဲ ကိုပညာ ရဲစခန်းပေါ်တီကိုအောက်မှာ ခင်ဗျား ဘာပြောခဲ့လဲဆိုတာ အကုန် တင်ပြမယ်။ ရှင်းတယ်နော်။ ၆၆(ဃ) နဲ့တော့မချိန်းခြောက်နဲ့။ကြောက်တဲ့သွေး မိဘကမထည့် ထားပေးခဲ့ဘူး။ခင်ဗျားတို့ပြောတာဘဲတင်ပြမှာ။Top of Form
ဒုတိယပို့စ်…. Wisdom Hill ကိစ္စစဖြစ်စဉ်က ကျနော်က လမ်းတကာလျှောက်သွားနေတာ။အဲ့မှာ အောင်ကြီးရဲ့ အစ်ကိုကြီး ကိုသိန်းဦးဆိုတာနဲ့ ကျနော့်က ခင်မင်မှုရှိတယ်။အောင်ကြီးဆိုတာသူပြောမှ သူညီမှန်းသိတာ။သူညီအဖမ်းခံရမှုနဲ့ကျနော့်ကိုလာပြော တော့။ဘာမှုလဲဆိုတော့ xxx အဲ့အမှုတဲ့။ကျနော်ပထမစဉ်း စားတယ်။အရှင်းပြောရရင်ကျနော်နားမထောင်ချင်ဘူး။ ကိုသိန်းဦးက သူတို့မိသားစု အကြောင်းပြောပြတယ်။
ကိုသိန်းဦးဆိုတာ လူပုစိတ်ပြတ် လူမျိုး သူညီတယောက်ရှိ သေးတယ် သူလည်း ဌာနဆိုင်ရာယာဉ်မောင်းတဦးဘဲ။ ဒီတော့ဗျာ ကိုသိန်းဦးစိတ်ဓါတ်ကိုသိနေတော့အားနာတာနဲ့ နားထောင်ပေးမိတယ်။သူညီဆိုတာလဲ မမြင်ဘူးတော့ယုံရခက် ခက်ရယ်။ကိုသိန်းဦးက အကြောင်းစုံပြောပြပီးတော့ ရဲစခန်းမှာ လိုက်နားထောင်ပေးပါ အမှုအသွားအလာကိုကြည့်ပေးပါဆို တော့ မလိုက်ချင်ပေမယ့် လိုက်နားထောင်မိရာကနေ အောင်ကြီး ဆိုတာ wisdom hill ဆိုတာနဲ့ကိုပညာဆိုတာရယ် ကျောင်း ကြီးကြပ်ရေမှူး ဆိုသူကိုပါ သိမြင်ခဲ့ရတာပါဘဲ။ အဲ့ဒီစစချင်းမှာကတည်းက နဲနဲလေးလွဲသလိုတာမြင်သိခဲ့ရတယ်။
အောင်ကြီးကတော့ အချုပ်ခန်းထဲကနေ ကျနော် မဟုတ်ဘူး ကျနော်လုံးဝမသိဘူး မလုပ်ဘူးဆိုတွင်တွင်ငြင်းနေတာဘဲ။ အပြင်ကမိသားစုဝင်တွေ မဟုတ်ဘူဆိုတာသိနေတော့ သူ့တို့သား အောင်ကြီး ကို စိတ်မညစ်ဖို့စိတ်ဓါတ်မကျဖို့ အားပေးနေကြတယ်။ သူတို့မိသားစုအနေနဲ့ကလည်း ဟုတ်မှန်ရင် ခံ ဖို့ဝန်လေးနေတဲ့ မိသားစု မဟုတ်ဘူးဆိုတာပါ။ တခုတော့ရှိတယ် အောင်ကြီး က အပေါင်းသင်းမှား လို့ ဆေးမှု နဲ့အပြစ်ဒဏ်ခံခဲ့ရတဲ့သူတစ်ယောက်။ဒါပေမယ့် အဲ့လိုလုပ်ဖို့ ဇ ရှိတဲ့သူတော့မဟုတ်ဘူး။ ခင်များတို့ ကြည့်လိုရရင် သွား ကြည့်နိုင်တယ်။အခုလိုတင်ပြတာက နာမည်ဖျက်လိုစိတ် လုံး၀ မရှိပါ မပါဝင်ပါ။
တတိယ post…. တင်ခဲ့တဲ့ ပိုစ့်ရည်ရွယ်ချက်ကို ပြောမယ်ဗျာ။ ရည်ရွယ်ချက်က မဟုတ်မှန်းလဲသိတယ် မဟုတ်ဘူးဆိုတာ လဲသိတယ် ဒါကို အရင်ပြောစကားတွေနဲ့ညီအောင် ဘာလို့ မကာကွယ် မဝန်းရံ ရတာလဲဆိုတာပါဘဲ။ ခများတို့ နာမည်အတွက် အစစအရာရာ အားနည်းပီး မကြာခင်ကမှ နိုင်ငံဝန်ထမ်း အောက်ခြေပင်စင်စားရတဲ့ မိသားစုပါ။
ဒီရေးသားချက်တွေဟာ မှန်သလား မမှန်ဘူးလားကိုဘယ်သူမှမသိနိုင်သေးပေမယ့် ဒီအမူကိုစောင့်ကြည့်နေတဲ့ လူမှုကွန်ယက်အသုံးပြုနေတဲ့သူတွေကတော့ ဒီညမှာ ဒီအကောင့်ပိုင်ရှင်တင်မယ့် ကျောင်းပိုင်ရှင်ဦးပညာကိုပြောခဲ့တယ်ဆိုတဲ့စကားတွေကို ဖတ်ရှုဖို့ စောင့်မျှော်နေကြပါတယ်။
Credit: Yenin Phawh ( ApannPyay)




