“Exo ထဲက Kai နဲ႔ တူတယ္လို႔ ထုိင္းမွာနာမည္ၾကီးေနတဲ့ ပုိ္င္တံခြန္”





ပုိင္တံခြန္ဟာ လြန္္ခဲ့တဲ့နွစ္အတန္ၾကာကတည္းက ေအာင္ျမင္ေက်ာ္ၾကားလူၾကိဳက္မ်ားလာတဲ့ ေမာ္ဒယ္ေလးျဖစ္ျပီးအခုဆိုရင္ MTV ေတြ Video ေတြထဲမွာပါသရုပ္ေဆာင္ျပီး မင္းသားတစ္လက္အျဖစ္ကုိ ကူးေျပာင္းလာခဲ့ျပီဆိုရမွာပါ။ ပုိင္တံခြန္က ဆယ္ေက်ာ္သက္ေကာင္မေလးေတြရင္ထဲက အိပ္မက္မင္းသားေလးျဖစ္သလို ပုိင္တံခြန္ကုိခ်စ္လို႔ ေတြ႕တဲ့ေနရာမွာဖက္နမ္းၾကတဲ့ ပရိသတ္ေကာင္မေလးေတြကလည္း ဒုနဲ႔ေဒးပါ။ ပုိင္တံခြန္က အခုတေလာမွာ သင္ဇာဝင့္ေက်ာ္နဲ႔ ဓာတ္ပံုေလးေတြတြဲတင္တာ Commercial ေတြတြဲရုိက္တာမ်ားေနျပီး ေလာေလာဆယ္ ခ်စ္သူမရွိေသးဘူးလို႔ သိရပါတယ္။



ေကာင္မေလးေတြအသည္းစြဲပုိင္တံခြန္က သြားေလရာမွာ ခ်စ္တဲ့ ပရိသတ္ေတြက ဝိုင္းျပီးဖက္နမ္းတာခံရတဲ့အေပၚ မိီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ “ရန္ကုန္နဲ႔က်ေတာ့အျမဲတမ္းထိေတြ႕ေနတာ၊ ဘယ္ပဲြမဆိုေတြ႕ေနတာ။ ဒါေပမယ့္ နယ္ကပရိသတ္ေတြက်ေတာ့ ကြ်န္ေတာ္ကတစ္ခါတစ္ေလမွသြားတာ။ ကြ်န္ေတာ့္ကုိတကယ္ခ်စ္တဲ့ပရိသတ္ေတြက်ေတာ့ ကုိယ့္အစ္ကုိလိုကုိယ့္ေမာင္လို ခ်စ္ျပီးေတာ့ ေတြ႕တဲ့အခ်ိန္က်ရင္ပါးေတြနမ္းၾကတာေပါ့။ ကြ်န္ေတာ့္အေနနဲ႔က်ေတာ့ သြားျပီးေတာ့ ျငင္းလို႔မရဘူးေလ။ မနမ္းနဲ႔လို႔ေျပာလို႔လည္းမရဘူး။ ကုိယ့္ကုိခ်စ္ေနတာပဲကုိယ္ကစိတ္ခ်မ္းသာေနပါျပီ”လို႔ ေျဖထားဖူးပါတယ္။

အခုတေလာ ပုိင္တံခြန္ရဲ႕ပရိသတ္ေတြၾကားထဲ လူမႈကြန္ယက္ေပၚမွာ ပ်ံ႕နွံ႕ေနတာကေတာ့ ထိုင္းမွာနာမည္ၾကီးေနတဲ့ ပုိင္တံခြန္အေၾကာင္းပါ။ ပိုင္တံခြန္ဟာ အာရွမင္းသားေတြထဲမွာ သူမတူေအာင္ေခ်ာျပီး ျမန္မာနဲ႔ေတာင္မတူေအာင္သန္႔ျပန္႔ဝင္းမြတ္လြန္းတဲ့ ရုပ္ရည္ေၾကာင့္ထုိင္းမင္းသားေလးလားလို႔ အာရွနုိင္ငံေတြမွာအျမဲလိုလိုလူမွားခံရတတ္ေလ့ရွိပါတယ္။ အခုလည္း အစကတည္းက ထုိင္းမွာ နာမည္ၾကီးျပီးသားျဖစ္တဲ့ ပုိင္တံခြန္က နာမည္ၾကီး K Pop အဖြဲ႕ Exo ထဲက အဆုိေတာ္တစ္ေယာက္နဲ႔တူတယ္လို႔ နာမည္ေက်ာ္ၾကားေနျပန္ပါတယ္။



လူမႈကြန္ယက္ေတြေပၚမွာ ပုိင္တံခြန္ပံုကုိ Exo ထဲက Kai နဲ႔ ယွဥ္တြဲျပထားတဲ့ ဓာတ္ပံုေတြက ေနရာတကာမွာပ်ံ႕နွံ႕ေနျပီး ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ပုိင္တံခြန္ကုိ Exo ရဲ႕ Kai နဲ႔ ခြ်ပ္စြပ္ပဲလို႔ေဝဖန္လ်က္ရွိၾကပါတယ္။ ပုိင္တံခြန္က ပုိေခ်ာတာေပါ့လို႔ေဝဖန္ေနၾကတဲ့ ပရိသတ္ေတြလည္းရွိျပီး Exo-L ေတာ္ေတာ္မ်ားမ်ားကေတာ့ ပုိင္တံခြန္နဲ႔ ယွဥ္ျပီးတူတယ္လို႔ေျပာေနၾကတာကုိ မၾကိဳက္ၾကသူေတြလည္းရွိေနပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပုိင္တံခြန္နဲ႔ Kai နဲ႔ တူတယ္ထင္လား။ ဒါမွမဟုတ္ ပုိင္တံခြန္က ပုိေခ်ာတာလား။ေျပာခဲ့ၾကပါဦး။

Credit: ေျပာခ်င္လြန္းလို႔

Unicode Version

ပိုင်တံခွန်ဟာ လွန်ခဲ့တဲ့နှစ်အတန်ကြာကတည်းက အောင်မြင်ကျော်ကြားလူကြိုက်များလာတဲ့ မော်ဒယ်လေးဖြစ်ပြီးအခုဆိုရင် MTV တွေ Video တွေထဲမှာပါသရုပ်ဆောင်ပြီး မင်းသားတစ်လက်အဖြစ်ကို ကူးပြောင်းလာခဲ့ပြီဆိုရမှာပါ။ ပိုင်တံခွန်က ဆယ်ကျော်သက်ကောင်မလေးတွေရင်ထဲက အိပ်မက်မင်းသားလေးဖြစ်သလို ပိုင်တံခွန်ကိုချစ်လို့ တွေ့တဲ့နေရာမှာဖက်နမ်းကြတဲ့ ပရိသတ်ကောင်မလေးတွေကလည်း ဒုနဲ့ဒေးပါ။ ပိုင်တံခွန်က အခုတလောမှာ သင်ဇာဝင့်ကျော်နဲ့ ဓာတ်ပုံလေးတွေတွဲတင်တာ Commercial တွေတွဲရိုက်တာများနေပြီး လောလောဆယ် ချစ်သူမရှိသေးဘူးလို့ သိရပါတယ်။

ကောင်မလေးတွေအသည်းစွဲပိုင်တံခွန်က သွားလေရာမှာ ချစ်တဲ့ ပရိသတ်တွေက ဝိုင်းပြီးဖက်နမ်းတာခံရတဲ့အပေါ် မီဒီယာတွေနဲ့အင်တာဗျူးမှာ “ရန်ကုန်နဲ့ကျတော့အမြဲတမ်းထိတွေ့နေတာ၊ ဘယ်ပွဲမဆိုတွေ့နေတာ။ ဒါပေမယ့် နယ်ကပရိသတ်တွေကျတော့ ကျွန်တော်ကတစ်ခါတစ်လေမှသွားတာ။ ကျွန်တော့်ကိုတကယ်ချစ်တဲ့ပရိသတ်တွေကျတော့ ကိုယ့်အစ်ကိုလိုကိုယ့်မောင်လို ချစ်ပြီးတော့ တွေ့တဲ့အချိန်ကျရင်ပါးတွေနမ်းကြတာပေါ့။ ကျွန်တော့်အနေနဲ့ကျတော့ သွားပြီးတော့ ငြင်းလို့မရဘူးလေ။ မနမ်းနဲ့လို့ပြောလို့လည်းမရဘူး။ ကိုယ့်ကိုချစ်နေတာပဲကိုယ်ကစိတ်ချမ်းသာနေပါပြီ”လို့ ဖြေထားဖူးပါတယ်။

အခုတလော ပိုင်တံခွန်ရဲ့ပရိသတ်တွေကြားထဲ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာကတော့ ထိုင်းမှာနာမည်ကြီးနေတဲ့ ပိုင်တံခွန်အကြောင်းပါ။ ပိုင်တံခွန်ဟာ အာရှမင်းသားတွေထဲမှာ သူမတူအောင်ချောပြီး မြန်မာနဲ့တောင်မတူအောင်သန့်ပြန့်ဝင်းမွတ်လွန်းတဲ့ ရုပ်ရည်ကြောင့်ထိုင်းမင်းသားလေးလားလို့ အာရှနိုင်ငံတွေမှာအမြဲလိုလိုလူမှားခံရတတ်လေ့ရှိပါတယ်။ အခုလည်း အစကတည်းက ထိုင်းမှာ နာမည်ကြီးပြီးသားဖြစ်တဲ့ ပိုင်တံခွန်က နာမည်ကြီး K Pop အဖွဲ့ Exo ထဲက အဆိုတော်တစ်ယောက်နဲ့တူတယ်လို့ နာမည်ကျော်ကြားနေပြန်ပါတယ်။
လူမှုကွန်ယက်တွေပေါ်မှာ ပိုင်တံခွန်ပုံကို Exo ထဲက Kai နဲ့ ယှဉ်တွဲပြထားတဲ့ ဓာတ်ပုံတွေက နေရာတကာမှာပျံ့နှံ့နေပြီး ပရိသတ်တော်တော်များများက ပိုင်တံခွန်ကို Exo ရဲ့ Kai နဲ့ ချွပ်စွပ်ပဲလို့ဝေဖန်လျက်ရှိကြပါတယ်။ ပိုင်တံခွန်က ပိုချောတာပေါ့လို့ဝေဖန်နေကြတဲ့ ပရိသတ်တွေလည်းရှိပြီး Exo-L တော်တော်များများကတော့ ပိုင်တံခွန်နဲ့ ယှဉ်ပြီးတူတယ်လို့ပြောနေကြတာကို မကြိုက်ကြသူတွေလည်းရှိနေပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပိုင်တံခွန်နဲ့ Kai နဲ့ တူတယ်ထင်လား။ ဒါမှမဟုတ် ပိုင်တံခွန်က ပိုချောတာလား။ပြောခဲ့ကြပါဦး။

Credit: ပြောချင်လွန်းလို့

Recent Updates

Recent Posts Widget