ကတုံးကေနဲ့ အထာကျကျပွဲတက်ခဲ့တဲ့ ဝိုင်းစုခိုင်သိန်း





သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်း ဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ ပီပီပြင်ပြင်နဲ့ ပိုင်နိုင်စွာသရုပ်ဆောင်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ အရမ်းကိုတော်လွန်းတဲ့ သူမကတော့ သရုပ်ဆောင်ပိုင်းမှာ ပိုင်နိုင်စွာပြသပေးနိုင်ခဲ့သလို အဆိုပိုင်းမှာလည်း ချိုသာတဲ့ အချိုချိုလေးတွေနဲ့ ပရိသတ်တွေနားဝင်ချိုအောင် ဆွဲဆောင်မှုရှိတဲ့ သီချင်းလေးတွေကို သီဆိုဖျော်ဖြေပေးနိုင်ခဲ့တဲ့ သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုပိုင်းမှာ အရမ်းကို တော်လွန်းလှသူမကတော့ ဘဝကို အေးအေးချမ်းချမ်းနဲ့ သာသာယာယာဖြတ်သန်းနေထိုင် ခဲ့တာပဲဖြစ်ပါတယ်။



ဝိုင်းစုကတော့ ယခုဆိုရင် အနုပညာအလုပ်ဖြစ်တဲ့ သရုပ်ဆောင်အလုပ်ဘက်မှာ သိပ်မတွေ့ရတော့ဘဲ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေခဲ့ရတာပဲဖြစ်ပါတယ်။ အနုပညာအလုပ်ကို သိပ်မလုပ်ဖြစ်တော့ပေမယ့်လည်း တစ်ချိန်က သူမရဲ့ ကြိုးစားမှုတွေက အများရဲ့ရင်ထဲမှာ စွဲထင်ကျန်နေဆဲဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုနဲ့အတူ ယနေ့အချိန်အထိ နာမည်ရရှိနေခဲ့ရတာပဲဖြစ်ပါတယ်။



အနုပညာအလုပ်ကို မလုပ်ဖြစ်တော့ပေမယ့်လည်း ဘဝကို အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနေထိုင်ခဲ့တဲ့ သူမကတော့ ချစ်ရသူတွေနဲ့အတူ ဘဝခရီးကို အေးအေးချမ်းချမ်းဖြတ်သန်းနေထိုင်နေသူလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အလုပ်နဲ့ အဆက်အသွယ်ပြတ်နေတဲ့ ဝိုင်းစုကတော့ နယ်ပွဲတွေ ပွဲတက်တွေမှာတော့ မြင်တွေ့နေရဆဲပါ။ လတ်တလောမှာလည်း ဝိုင်းစုက ကတုံးကေနဲ့ လန်းလန်းလေးပွဲတက်ရောက်ခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။






ကတုံးကေလေးနဲ့ ဖက်ရှင်ကျကျ လုံလုံခြုံခြုံ ဖက်ရှင်ကျကျ ဝတ်ဆင်ပြီးပွဲတက်ရောက်ခဲ့တဲ့ ဝိုင်းစုကတော့ ဇူလိုင်လ (၅) ရက်နေ့ Novotel Hotel မှာ ကျင်းပပြုလုပ်တဲ့ L’Oréal Paris ရဲ့ ၆ကြိမ်မြောက် Red Carpet ပွဲကြီးကို တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။

ဝိုင်းစုကတော့ ” L’oreal ပွဲတက် ပုံလေးတွေပါရှင့်❤️ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အရမ်းကို ချစ်စရာကောင်းတဲ့ ဝိုင်းစုရဲ့ ပွဲတက်ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget