“အျမန္လမ္းမေပၚမွာ ပိုက္ဆံႀကဲခ်တဲ့ ကားတစ္စီးေၾကာင့္ အႏၱရာယ္နဲ႔ လက္တစ္ကမ္းေရာက္မလို ျဖစ္ခဲ့တဲ့ျဖစ္စဥ္(ရုပ္သံ)”
ေစတနာပါတဲ့ ေကာင္းမႈကုသိုလ္ျဖစ္ေပမယ့္ အႏၱရာယ္မ်ားလုိ႔ သတိနဲ႔ ဆင္ခ်င္ေစခ်င္ပါသည္။ အျမန္လမ္းမွာ လမ္းမေပၚ ပိုက္ဆံႀကဲခ်ခဲ့တဲ့ ကားတစ္စီးရဲ႕ လုပ္ရပ္ေလးေၾကာင့္ အႏၱရာယ္နဲ႔ လက္တစ္ကမ္းအလိုမွာ ႀကံဳခဲ့ရတဲ့ ေနာက္ကားပိုင္ရွင္တစ္ဦးမွ အေတြ႔အႀကံဳေလးကို လူမႈကြန္ယက္မွာ တင္ျပထားတာေလးကို ပရိသတ္ႀကီးနဲ႔ အမ်ားျပည္သူမ်ား သတိထားႏုိင္ဖုိ႔ မွ်ေဝေပးလိုက္ပါတယ္။
ရုပ္သံၾကည့္ရန္
ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔က အႏၱရာယ္မ်ားလွတဲ့ အျမန္လမ္းေပၚမွာ ကားတစ္စီးဟာ မိုင္တိုင္အမွတ္ ၂၃၀ က လမ္းျပင္လုပ္သားေတြအတြက္ ကားေပၚကေန ပိုက္ဆံၾကဲခ်ခဲ့တဲ့ မဆင္မျခင္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့ပါတယ္။
ဒီလုပ္ရပ္ေၾကာင့္ ကားလမ္းေပၚတက္လို႔ အုပ္လိုက္ ပိုက္ဆံဝင္လုၾကတဲ့ လုပ္သားေတြဟာ ေနာက္ကားပါလာတာကို သတိဂ႐ုမျပဳမိၾကေတာ့ဘဲ ပိုက္ဆံၾကဲခ်ခဲ့တဲ့ ကားရဲ႕ ေနာက္ကေန ေမာင္းႏွင္လာတဲ့ကားဟာ အလ်င္အျမန္ ဘရိတ္အုတ္ခဲ့ရတာပါ။
လမ္းျပင္လုပ္သားေတြနဲ႔ အေနာက္ကေမာင္းလာတဲ့ကားဟာ အႏၱရာယ္တစ္စံုတစ္ရာမၾကံဳခဲ့ရေပမဲ့ ဒါဟာ အခ်္ိန္မေရြး ဒုကၡေရာက္သြားႏိုင္တဲ့အေျခအေနတစ္ခုျဖစ္ပါတယ္။ အထူးသျဖင့္ အျမန္လမ္းလိုေနရာမ်ိဳးမွာ ေ႐ွ႕မၾကည့္ေနာက္မၾကည့္ အဆင္အျခင္မဲ့လုပ္ရပ္ဟာ ႐ွက္ဖြယ္ရာအတိျဖစ္ပါတယ္။
ေနာက္တစ္ခ်က္က ဝုန္းခနဲ ဘရိတ္အုတ္ခ်ပစ္လိုက္ရတဲ့ကားမွာ ေနာက္ကားမပါလာျခင္းဟာ အင္မတန္ ကံေကာင္းသြားေစတဲ့ အခ်က္ျဖစ္ပါတယ္။ မေတြးဝံ့စရာ အသက္အိုးအိမ္စည္းစိမ္ ပ်က္စီးဆံုး႐ွံုးရမယ့္ အျဖစ္ဟာ စဥ္းစားဆင္ျခင္ဥာဏ္မဲ့တဲ့ လုပ္ရပ္နဲ႔ လက္တစ္ကမ္းအလိုမွာသာ ႐ွိေနခဲ့တာျဖစ္ေၾကာင္း၊ ေစတနာလုပ္ရပ္ျဖစ္ခဲ့ရင္ေတာင္ သတိနဲ႔ေနထိုင္ဆင္ျခင္သြားလာဖုိ႔လိုအပ္ေၾကာင္း တင္ျပအသိေပးလိုပါတယ္။
ခ်စ္ပရိသတ္မ်ား အတြက္ ဗဟုသုတအေနနဲ႔ တင္ဆက္ေပးလိုက္ရပါတယ္။
Credit \\ original
Unicode Version
စေတနာပါတဲ့ ကောင်းမှုကုသိုလ်ဖြစ်ပေမယ့် အန္တရာယ်များလို့ သတိနဲ့ ဆင်ချင်စေချင်ပါသည်။ အမြန်လမ်းမှာ လမ်းမပေါ် ပိုက်ဆံကြဲချခဲ့တဲ့ ကားတစ်စီးရဲ့ လုပ်ရပ်လေးကြောင့် အန္တရာယ်နဲ့ လက်တစ်ကမ်းအလိုမှာ ကြုံခဲ့ရတဲ့ နောက်ကားပိုင်ရှင်တစ်ဦးမှ အတွေ့အကြုံလေးကို လူမှုကွန်ယက်မှာ တင်ပြထားတာလေးကို ပရိသတ်ကြီးနဲ့ အများပြည်သူများ သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။
ရုပ်သံကြည့်ရန်
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က အန္တရာယ်များလှတဲ့ အမြန်လမ်းပေါ်မှာ ကားတစ်စီးဟာ မိုင်တိုင်အမှတ် ၂၃၀ က လမ်းပြင်လုပ်သားတွေအတွက် ကားပေါ်ကနေ ပိုက်ဆံကြဲချခဲ့တဲ့ မဆင်မခြင်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့် ကားလမ်းပေါ်တက်လို့ အုပ်လိုက် ပိုက်ဆံဝင်လုကြတဲ့ လုပ်သားတွေဟာ နောက်ကားပါလာတာကို သတိဂရုမပြုမိကြတော့ဘဲ ပိုက်ဆံကြဲချခဲ့တဲ့ ကားရဲ့ နောက်ကနေ မောင်းနှင်လာတဲ့ကားဟာ အလျင်အမြန် ဘရိတ်အုတ်ခဲ့ရတာပါ။
လမ်းပြင်လုပ်သားတွေနဲ့ အနောက်ကမောင်းလာတဲ့ကားဟာ အန္တရာယ်တစ်စုံတစ်ရာမကြုံခဲ့ရပေမဲ့ ဒါဟာ အချိန်မရွေး ဒုက္ခရောက်သွားနိုင်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အမြန်လမ်းလိုနေရာမျိုးမှာ ရှေ့မကြည့်နောက်မကြည့် အဆင်အခြင်မဲ့လုပ်ရပ်ဟာ ရှက်ဖွယ်ရာအတိဖြစ်ပါတယ်။
နောက်တစ်ချက်က ဝုန်းခနဲ ဘရိတ်အုတ်ချပစ်လိုက်ရတဲ့ကားမှာ နောက်ကားမပါလာခြင်းဟာ အင်မတန် ကံကောင်းသွားစေတဲ့ အချက်ဖြစ်ပါတယ်။ မတွေးဝံ့စရာ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရမယ့် အဖြစ်ဟာ စဉ်းစားဆင်ခြင်ဉာဏ်မဲ့တဲ့ လုပ်ရပ်နဲ့ လက်တစ်ကမ်းအလိုမှာသာ ရှိနေခဲ့တာဖြစ်ကြောင်း၊ စေတနာလုပ်ရပ်ဖြစ်ခဲ့ရင်တောင် သတိနဲ့နေထိုင်ဆင်ခြင်သွားလာဖို့လိုအပ်ကြောင်း တင်ပြအသိပေးလိုပါတယ်။
ချစ်ပရိသတ်များ အတွက် ဗဟုသုတအနေနဲ့ တင်ဆက်ပေးလိုက်ရပါတယ်။
Credit \\ original



