“ပင္စင္ယူတဲ့အခ်ိန္နဲ႔ ေသတဲ့အခ်ိန္ထိ အတူတူေနဖို႔အတြက္ အိမ္အႀကီးႀကီးကို စုဝယ္လိုက္တဲ့ အမ်ိဳးသမီးသူငယ္ခ်င္း ၇ ေယာက္”
တ႐ုတ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္းက တ႐ုတ္အမ်ိဳးသမီးသူငယ္ခ်င္း ၇ ေယာက္ဟာ သူတို႔ငယ္႐ြယ္စဥ္က စိတ္ကူးယဥ္ခဲ့တဲ့အတိုင္း အသက္ႀကီးလို႔ပင္စင္ယူတဲ့အခ်ိန္ကေန ေသတဲ့အခ်ိန္ထိ သူငယ္ခ်င္းေတြ အတူတူစုေနႏိုင္ဖို႔အတြက္ အိမ္အႀကီးႀကီးတစ္လုံးကို စုေပါင္းၿပီးဝယ္ယူခဲ့ၾကပါတယ္။
အစကေတာ့ဟာသအေနနဲ႔ ေျပာဆိုခဲ့ၾကတဲ့ ၂၀၀၈ ခုႏွစ္ေယာက္က သူတို႔ရဲ႕စိတ္ကူးေလးဟာ ယခုအခ်ိန္မွာေတာ့ တကယ္လို႔အေကာင္အထည္ေဖာ္ျဖစ္ခဲ့တာျဖစ္ပါတယ္။ အဆိုပါအိမ္ႀကီးဟာ ၇၀၀ စတုရန္းမီတာ (၇၅၃ စတုရန္းေပ) ရွိၿပီး ဂြမ္ေဒါင္းျပည္နယ္၊ ကြမ္က်ိဳးဆင္ေျခဖုံးမွာ တည္ရွိပါတယ္။
Yitiao TV ရဲ႕အဆိုအရေတာ့ ၂၀၁၈ ဇန္နဝါရီေလာက္တုန္းက ၿမိဳ႕နဲ႔ ၄၄ မိုင္ေဝးတဲ့ အဆိုပါအိမ္ႀကီးကို သူတို႔ထဲက အမ်ိဳးသမီးတစ္ေယာက္က အရင္ဆုံးေတြ႕ရွိခဲ့ပါတယ္။ ထိုအခ်ိန္က အိမ္ႀကီးဟာ လူသူမေနပဲ ေဆာက္လက္စနဲ႔ေဟာင္းႏြမ္းေနတဲ့ ပုံစံျဖစ္ပါတယ္။ ထို႔ေနာက္ သူတို႔သူငယ္ခ်င္းေတြစုေပါင္းၿပီး အိမ္ႀကီးကိုဝယ္ယူလိုက္ကာ ျပင္ဆင္မႈေတြကို ယြမ္ ၄သန္း ($584000) အကုန္အက်ခံကာ ေဆာက္လုပ္ခဲ့ပါတယ္။
ယေန႔အခ်ိန္မွာေတာ့ အဆိုပါအိမ္ႀကီးဟာ စပါးကြင္းေတြနဲ႔ သစ္ေတာေတြနဲ႔အတူ ခန္႔ခန္႔ညားညားနဲ႔ လွပေနပါၿပီ။ အိမ္ႀကီးရဲ႕အေပၚထပ္ေတြမွာေတာ့သူမတို႔တစ္ေယာက္ခ်င္းစီအတြက္ အခန္းေတြဖြဲ႕ထားၿပီး ေအာက္ဆုံးထပ္မွာေတာ့ အတူတူေနထိုင္ဖို႔ ေနရာအက်ယ္ႀကီးေတြ ရွိပါတယ္။ တစ္ေယာက္ခ်င္းစီရဲ႕ အခန္းေတြကလည္း လုံေလာက္ေအာင္က်ယ္ဝန္ၿပီး ပရိေဘာဂအစုံရွိေနပါတယ္။
ခ်စ္စရာေကာင္းတဲ့ မီးဖိုခန္း၊ မွန္ေရခ်ိဳးခန္း၊ ေရကူးကန္ေတြနဲ႔ ပရိေဘာဂအစိတ္အပိုင္းေတြဟာလည္း အားလုံးေခတ္မွီၿပီး အမ်ားစုက အိႏၵိယနဲ႔ ေမာ္႐ိုကိုကေန မွာယူထားေၾကာင္း သိရပါတယ္။ သူမတို႔အကုန္လုံးက လက္ဖက္ရည္ခ်စ္သူေတြျဖစ္ၾကတဲ့အတြက္ လယ္ကြင္းရဲ႕ အလယ္မွာ လက္ဖက္ရည္သုံးေဆာင္ဖို႔ တဲေလးကိုဖြဲ႕စည္းထားၿပီး ဝါးတံတားေလးကေနတဆင့္ သြားရမွာျဖစ္ပါတယ္။
သူတို႔ေတြဟာ အတူတူခ်က္ျပဳတ္ၾကၿပီး လယ္ကြင္းထဲမွာ အသားကင္စားတာေတြ သီခ်င္းအတူတူဆိုတာေတြ နဲ႔ ႐ြာထဲမွာအစားအစာအတူတူသြားဝယ္တာေတြကို ျပဳလုပ္ေလ့ရွိေၾကာင္း သူတို႔ထဲက အမ်ိဳးသမီးတစ္ေယာက္က ေျပာျပပါတယ္။
ရုပ္သံၾကည့္ရန္
ဟိုးအခ်ိန္ထဲက အရမ္းကိုခ်စ္ခဲ့ၾကတဲ့ သူငယ္ခ်င္းေတြျဖစ္တာေၾကာင့္ ယခုလိုအတူတူေနတဲ့အခါ ကိုယ္ပိုင္ကြၽမ္းက်င္မႈေတြ ရွိေစဖို႔အတြက္ ခ်က္ျပဳတ္ျခင္း၊ အသီးအႏွံစိုက္ပ်ိဳးျခင္း၊ တူရိယာတီးခတ္ျခင္း၊ တ႐ုတ္ေဆးပညာ စတဲ့ပညာအရပ္ရပ္ကို အသီးသီး တာဝန္ေတြခြဲၿပီး ေလ့လာထားခဲ့ၾကေၾကာင္း သိရွိရပါတယ္။
Credit: original
Unicode Version
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက တရုတ်အမျိုးသမီးသူငယ်ချင်း ၇ ယောက်ဟာ သူတို့ငယ်ရွယ်စဉ်က စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း အသက်ကြီးလို့ပင်စင်ယူတဲ့အချိန်ကနေ သေတဲ့အချိန်ထိ သူငယ်ချင်းတွေ အတူတူစုနေနိုင်ဖို့အတွက် အိမ်အကြီးကြီးတစ်လုံးကို စုပေါင်းပြီးဝယ်ယူခဲ့ကြပါတယ်။
အစကတော့ဟာသအနေနဲ့ ပြောဆိုခဲ့ကြတဲ့ ၂၀၀၈ ခုနှစ်ယောက်က သူတို့ရဲ့စိတ်ကူးလေးဟာ ယခုအချိန်မှာတော့ တကယ်လို့အကောင်အထည်ဖော်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါအိမ်ကြီးဟာ ၇၀၀ စတုရန်းမီတာ (၇၅၃ စတုရန်းပေ) ရှိပြီး ဂွမ်ဒေါင်းပြည်နယ်၊ ကွမ်ကျိုးဆင်ခြေဖုံးမှာ တည်ရှိပါတယ်။
Yitiao TV ရဲ့အဆိုအရတော့ ၂၀၁၈ ဇန်နဝါရီလောက်တုန်းက မြို့နဲ့ ၄၄ မိုင်ဝေးတဲ့ အဆိုပါအိမ်ကြီးကို သူတို့ထဲက အမျိုးသမီးတစ်ယောက်က အရင်ဆုံးတွေ့ရှိခဲ့ပါတယ်။ ထိုအချိန်က အိမ်ကြီးဟာ လူသူမနေပဲ ဆောက်လက်စနဲ့ဟောင်းနွမ်းနေတဲ့ ပုံစံဖြစ်ပါတယ်။ ထို့နောက် သူတို့သူငယ်ချင်းတွေစုပေါင်းပြီး အိမ်ကြီးကိုဝယ်ယူလိုက်ကာ ပြင်ဆင်မှုတွေကို ယွမ် ၄သန်း ($584000) အကုန်အကျခံကာ ဆောက်လုပ်ခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ အဆိုပါအိမ်ကြီးဟာ စပါးကွင်းတွေနဲ့ သစ်တောတွေနဲ့အတူ ခန့်ခန့်ညားညားနဲ့ လှပနေပါပြီ။ အိမ်ကြီးရဲ့အပေါ်ထပ်တွေမှာတော့သူမတို့တစ်ယောက်ချင်းစီအတွက် အခန်းတွေဖွဲ့ထားပြီး အောက်ဆုံးထပ်မှာတော့ အတူတူနေထိုင်ဖို့ နေရာအကျယ်ကြီးတွေ ရှိပါတယ်။ တစ်ယောက်ချင်းစီရဲ့ အခန်းတွေကလည်း လုံလောက်အောင်ကျယ်ဝန်ပြီး ပရိဘောဂအစုံရှိနေပါတယ်။
ချစ်စရာကောင်းတဲ့ မီးဖိုခန်း၊ မှန်ရေချိုးခန်း၊ ရေကူးကန်တွေနဲ့ ပရိဘောဂအစိတ်အပိုင်းတွေဟာလည်း အားလုံးခေတ်မှီပြီး အများစုက အိန္ဒိယနဲ့ မော်ရိုကိုကနေ မှာယူထားကြောင်း သိရပါတယ်။ သူမတို့အကုန်လုံးက လက်ဖက်ရည်ချစ်သူတွေဖြစ်ကြတဲ့အတွက် လယ်ကွင်းရဲ့ အလယ်မှာ လက်ဖက်ရည်သုံးဆောင်ဖို့ တဲလေးကိုဖွဲ့စည်းထားပြီး ဝါးတံတားလေးကနေတဆင့် သွားရမှာဖြစ်ပါတယ်။
သူတို့တွေဟာ အတူတူချက်ပြုတ်ကြပြီး လယ်ကွင်းထဲမှာ အသားကင်စားတာတွေ သီချင်းအတူတူဆိုတာတွေ နဲ့ ရွာထဲမှာအစားအစာအတူတူသွားဝယ်တာတွေကို ပြုလုပ်လေ့ရှိကြောင်း သူတို့ထဲက အမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
ရုပ်သံကြည့်ရန်
ဟိုးအချိန်ထဲက အရမ်းကိုချစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့် ယခုလိုအတူတူနေတဲ့အခါ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေ ရှိစေဖို့အတွက် ချက်ပြုတ်ခြင်း၊ အသီးအနှံစိုက်ပျိုးခြင်း၊ တူရိယာတီးခတ်ခြင်း၊ တရုတ်ဆေးပညာ စတဲ့ပညာအရပ်ရပ်ကို အသီးသီး တာဝန်တွေခွဲပြီး လေ့လာထားခဲ့ကြကြောင်း သိရှိရပါတယ်။
Credit\\ original







