“မေလးမွာ လိင္ဗီဒီယိုေတြၾကည့္ၿပီးေနာက္ ၁၂ ႏွစ္သားက ၄ ႏွစ္အ႐ြယ္ မိန္းကေလးကို အဓမၼျပဳက်င့္”




မေလး႐ွားႏုိင္ငံမွာ အသက္ ၁၂ ႏွစ္အ႐ြယ္ ေယာက္်ားေလးတစ္ဦးက မုိဘုိင္းဖုန္းတစ္လုံးျဖင့္ ၎ၾကည့္႐ႈခဲ့တဲ့ လိင္မႈဗီဒီယိုမ်ား လႊမ္းမုိးမႈခံေနရၿပီးေနာက္ အသုံးေလးႏွစ္အ႐ြယ္ မိန္းကေလးကုိ သုံးႀကိမ္ အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ယေန႕ (ဇူလုိင္ ၂ ရက္) ေျပာပါတယ္။



အဓမၼျပဳက်င့္မႈက်ဴးလြန္တဲ့ အဆုိပါ ေယာက္်ားေလးကုိ ရဲအရာ႐ွိေတြက စစ္ေဆးေမးျမန္းခဲ့ရာ ၎က ဝန္ခံခဲ့တယ္လို႕ Batu Gajah ရဲတပ္ဖြဲ႕ လက္ေထာက္ရဲမင္းႀကီး Ahmad Adnan Basri က ေျပာခဲ့ပါတယ္။ အဓမၼျပဳက်င့္ခံရတဲ့ မိန္းကေလးဟာ က်ဴးလြန္သူ ေယာက္်ားေလးရဲ႕ မိခင္ျဖစ္သူက ကေလးထိန္းအျဖစ္ ထိန္းသိမ္းေစာင့္ေ႐ွာက္ေပးေနတဲ့ ကေလးမေလးျဖစ္ေၾကာင္းလည္း သိရပါတယ္။

ထိုမိန္းကေလးက သူမရဲ႕ မိန္းမကုိယ္ေနရာမွ နာက်င္ေၾကာင္းေျပာခဲ့ရာ မိခင္ျဖစ္သူက ၿပီးခဲ့တဲ့ ေသာၾကာေန႕ (ဇြန္ ၂၈ ရက္) မွာ သူမကုိ Tanjung Tualang ေဆးခန္းသုိ႕ ေခၚေဆာင္သြားခဲ့ပါတယ္။ ဆရာဝန္ေတြက လိုအပ္တဲ့ စစ္ေဆးမႈေတြျပဳလုပ္ၿပီးေနာက္ ရဲတပ္ဖြဲ႕ထံ တုိင္ၾကားရန္ အႀကံျပဳခဲ့တယ္လုိ႕ဆုိပါတယ္။


ထို႕ေနာက္ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီး အဓမၼျပဳက်င့္ခဲ့တဲ့ ေယာက္်ားေလးကုိ ဖမ္းဆီးခဲ့ကာ ဇူလုိင္ ၅ ရက္ေန႕အထိ ထိန္းသိမ္းထားရန္ ရမန္ယူထားေၾကာင္း ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ယခုျဖစ္ရပ္ ျဖစ္ၿပီးၿပီးေနာက္ လက္ေထာက္ရဲမင္းႀကီး Ahmad Adnan က မိဘေတြအေနနဲ႕ ၎တုိ႕ရဲ႕ ကေလးေတြ အင္တာနက္အသုံးျပဳမႈကုိ သတိထားၾကရန္ တုိက္တြန္းခဲ့ပါတယ္။ မေလး႐ွားမွာ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း Women, Family and Community Development ဝန္ႀကီးဌာနက မူႀကဳိေက်ာင္းေနအ႐ြယ္ ကေလးငယ္ေတြအတြက္ လိင္အၾကမ္းဖက္မႈနဲ႕ ပတ္သက္ၿပီး ပညာေပးဗီဒီယုိမ်ား ျဖန္႕ေဝခဲ့ပါတယ္။



အဆုိပါ တစ္မိနစ္စာ ပညာေပးဗီဒီယိုမ်ားထဲမွာ ကေလးငယ္ေတြကုိ အ႐ြယ္ေရာက္ၿပီးသူေတြက ထိေတြ႕ကုိင္တြယ္မႈနဲ႕ ပတ္သက္ၿပီး သတိျပဳသင့္တာေတြကုိ ကာတြန္း႐ုပ္ပုံမ်ားျဖင့္ သ႐ုပ္ေဖာ္ သင္ၾကားျပသထားပါတယ္။ ဒါ့အျပင္ ကေလးငယ္ေတြအေနနဲ႕ ၎တုိ႕ ယုံၾကည္တဲ့ သိကၽြမ္းၿပီးသား အ႐ြယ္ေရာက္သူေတြက မဖြယ္မရာ ထိေတြ႕ကုိင္တြယ္မႈ ေတြ႕ႀကဳံရပါက တုိင္ၾကားၾကရန္လည္း တုိက္တြန္းထားေၾကာင္း CNA သတင္းမွာ ေဖာ္ျပထားပါတယ္။

Credit: Duwun

Unicode Version

မလေးရှားနိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မိုဘိုင်းဖုန်းတစ်လုံးဖြင့် ၎င်းကြည့်ရှုခဲ့တဲ့ လိင်မှုဗီဒီယိုများ လွှမ်းမိုးမှုခံနေရပြီးနောက် အသုံးလေးနှစ်အရွယ် မိန်းကလေးကို သုံးကြိမ် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂ ရက်) ပြောပါတယ်။
အဓမ္မပြုကျင့်မှုကျူးလွန်တဲ့ အဆိုပါ ယောက်ျားလေးကို ရဲအရာရှိတွေက စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းက ဝန်ခံခဲ့တယ်လို့ Batu Gajah ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး Ahmad Adnan Basri က ပြောခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးဟာ ကျူးလွန်သူ ယောက်ျားလေးရဲ့ မိခင်ဖြစ်သူက ကလေးထိန်းအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကလေးမလေးဖြစ်ကြောင်းလည်း သိရပါတယ်။

ထိုမိန်းကလေးက သူမရဲ့ မိန်းမကိုယ်နေရာမှ နာကျင်ကြောင်းပြောခဲ့ရာ မိခင်ဖြစ်သူက ပြီးခဲ့တဲ့ သောကြာနေ့ (ဇွန် ၂၈ ရက်) မှာ သူမကို Tanjung Tualang ဆေးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ ဆရာဝန်တွေက လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့ထံ တိုင်ကြားရန် အကြံပြုခဲ့တယ်လို့ဆိုပါတယ်။
ထို့နောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အဓမ္မပြုကျင့်ခဲ့တဲ့ ယောက်ျားလေးကို ဖမ်းဆီးခဲ့ကာ ဇူလိုင် ၅ ရက်နေ့အထိ ထိန်းသိမ်းထားရန် ရမန်ယူထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ယခုဖြစ်ရပ် ဖြစ်ပြီးပြီးနောက် လက်ထောက်ရဲမင်းကြီး Ahmad Adnan က မိဘတွေအနေနဲ့ ၎င်းတို့ရဲ့ ကလေးတွေ အင်တာနက်အသုံးပြုမှုကို သတိထားကြရန် တိုက်တွန်းခဲ့ပါတယ်။ မလေးရှားမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း Women, Family and Community Development ဝန်ကြီးဌာနက မူကြိုကျောင်းနေအရွယ် ကလေးငယ်တွေအတွက် လိင်အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ပညာပေးဗီဒီယိုများ ဖြန့်ဝေခဲ့ပါတယ်။
အဆိုပါ တစ်မိနစ်စာ ပညာပေးဗီဒီယိုများထဲမှာ ကလေးငယ်တွေကို အရွယ်ရောက်ပြီးသူတွေက ထိတွေ့ကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး သတိပြုသင့်တာတွေကို ကာတွန်းရုပ်ပုံများဖြင့် သရုပ်ဖော် သင်ကြားပြသထားပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအနေနဲ့ ၎င်းတို့ ယုံကြည်တဲ့ သိကျွမ်းပြီးသား အရွယ်ရောက်သူတွေက မဖွယ်မရာ ထိတွေ့ကိုင်တွယ်မှု တွေ့ကြုံရပါက တိုင်ကြားကြရန်လည်း တိုက်တွန်းထားကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget