“သက္ငယ္မုဒိမ္းသမား ႏွစ္ဦးကို ျပည္သူေတြ႕ေရွ႕မွာ ထပ္မံ ကြပ္မ်က္လုိက္ျပန္တဲ့ ယီမင္”
ကြပ္မ်က္ခံရသူေတြကေတာ့ Wadah Refat (၂၈)ႏွစ္နဲ႔ Mohamed Khaled (၃၁)ႏွစ္တုိ႔ ျဖစ္ၾကပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ အသက္(၁၂)ႏွစ္အရြယ္ ေကာင္ေလးကို အဓမၼက်င့္ၿပီး ရက္ရက္စက္စက္ သတ္ပစ္ခဲ့ၾကသူေတြပါ။ သူတုိ႔ကို ဖမ္းဆီးၿပီး စီရင္ခ်က္ အျမန္ခ်ကာ ေသဒဏ္ကို စီရင္ခဲ့တာျဖစ္ပါတယ္။
ဒီေသဒဏ္စီရင္မႈကို လူေပါင္း (၁)ေသာင္းေက်ာ္ လာေရာက္ၾကည့္႐ႈခဲ့ၾကပါတယ္။ တရားခံႏွစ္ဦးဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလက လူသတ္မုဒိမ္းမႈကို က်ဴးလြန္ခဲ့တာျဖစ္ေၾကာင္း၊ တရားခံဖမ္းမိဖုိ႔ (၃)လၾကာ ႀကိဳးစားခဲ့ရၿပီး၊ ဖမ္းမိၿပီးေနာက္ ႐ုံးတင္စစ္ေဆးခဲ့ပါတယ္။
ႏွစ္ေယာက္စလုံးကလည္း အျပစ္ရွိေၾကာင္း ဝန္ခံခဲ့လုိ႔၊ ေသဒဏ္ကို အခ်ိန္ဆြဲဆုိင္းငံ့ျခင္းမျပဳဖုိ႔ တရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ တရားခံႏွစ္ဦးစလုံးက လူသတ္မႈအထိ က်ဴးလြန္ဖုိ႔ စိတ္ကူးမရွိေသာ္လည္း ကေလးက ေအာ္ဟစ္ငိုယုိလုိ႔ သတ္ပစ္ခဲ့တာလုိ႔ ဆုိပါတယ္။
ဒီအထဲမွာ အသက္(၃၃)ႏွစ္အရြယ္ တရားခံအမ်ိဳးသမီးတစ္ဦးလည္း ပါဝင္ခဲ့ၿပီး၊ သူမကေတာ့ တရားခံေတြ အေလာင္းေဖ်ာက္ျဖတ္ဖုိ႔ အကူအညီေပးခဲ့သူပါ။
သူမကိုလည္း တရား႐ုံးက ေသဒဏ္စီရင္ဖုိ႔ ဆုံးျဖတ္ထားေပမယ့္၊ ဗုိက္ထဲမွာ ကိုယ္ဝန္လြယ္ထားရသူမုိ႔၊ ကေလးမီးဖြားၿပီး (၅)လၾကာမွ သူမကို ကြပ္မ်က္မွာလုိ႔ သိရပါတယ္။
ဒီလုိ မုဒိမ္းသမားေတြ၊ ႀကံရာပါေတြကို သတ္ပစ္စီရင္မႈေတြဟာ ယီမင္ႏုိင္ငံမွာ အေတာ္ေလး တြင္က်ယ္ေနၿပီး၊ လူ႕အခြင့္အေရးသမားေတြက ေဝဖန္မႈေတြ အမ်ိဳးမ်ိဳးရွိေနၾကေသာ္လည္း၊
ေဒသခံေတြက သေဘာက်ႏွစ္ၿခိဳက္ေနၿပီး၊ ဒီနည္းအားျဖင့္ မုဒိမ္းမႈေတြ ပေပ်ာက္မယ္လုိ႔ ယုံၾကည္ေနပါတယ္။ အခုအျဖစ္အပ်က္ဟာ ေဖေဖာ္ဝါရီ(၈)ရက္မွာ ျဖစ္ခဲ့တာလုိ႔ ယူဆရပါတယ္။
Credit: စြယ္စံု သတင္းစံု
Unicode Version
မုဒိမ်း မှုနဲ့ပတ်သက်ပြီး ပြတ်ပြတ်သားသား ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်နေတဲ့ ယီမင်နိုင်ငံဟာ အခုအခါမှာလည်း သက်ငယ်မုဒိမ်းသမားနှစ်ဦးကို အများပြည်သူရှေ့မှာ သေနတ်နဲ့ပစ်သတ် စီရင်လိုက်ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသားနှစ်ဦးကို Aden မြို့က ဘောလုံးကွင်းမှာ စီရင်ခဲ့တာပါ။
ကွပ်မျက်ခံရသူတွေကတော့ Wadah Refat (၂၈)နှစ်နဲ့ Mohamed Khaled (၃၁)နှစ်တို့ ဖြစ်ကြပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်(၁၂)နှစ်အရွယ် ကောင်လေးကို အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြသူတွေပါ။ သူတို့ကို ဖမ်းဆီးပြီး စီရင်ချက် အမြန်ချကာ သေဒဏ်ကို စီရင်ခဲ့တာဖြစ်ပါတယ်။
ဒီသေဒဏ်စီရင်မှုကို လူပေါင်း (၁)သောင်းကျော် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ တရားခံနှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် မေလက လူသတ်မုဒိမ်းမှုကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း၊ တရားခံဖမ်းမိဖို့ (၃)လကြာ ကြိုးစားခဲ့ရပြီး၊ ဖမ်းမိပြီးနောက် ရုံးတင်စစ်ဆေးခဲ့ပါတယ်။
နှစ်ယောက်စလုံးကလည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့၊ သေဒဏ်ကို အချိန်ဆွဲဆိုင်းငံ့ခြင်းမပြုဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ တရားခံနှစ်ဦးစလုံးက လူသတ်မှုအထိ ကျူးလွန်ဖို့ စိတ်ကူးမရှိသော်လည်း ကလေးက အော်ဟစ်ငိုယိုလို့ သတ်ပစ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအထဲမှာ အသက်(၃၃)နှစ်အရွယ် တရားခံအမျိုးသမီးတစ်ဦးလည်း ပါဝင်ခဲ့ပြီး၊ သူမကတော့ တရားခံတွေ အလောင်းဖျောက်ဖြတ်ဖို့ အကူအညီပေးခဲ့သူပါ။
သူမကိုလည်း တရားရုံးက သေဒဏ်စီရင်ဖို့ ဆုံးဖြတ်ထားပေမယ့်၊ ဗိုက်ထဲမှာ ကိုယ်ဝန်လွယ်ထားရသူမို့၊ ကလေးမီးဖွားပြီး (၅)လကြာမှ သူမကို ကွပ်မျက်မှာလို့ သိရပါတယ်။
ဒီလို မုဒိမ်းသမားတွေ၊ ကြံရာပါတွေကို သတ်ပစ်စီရင်မှုတွေဟာ ယီမင်နိုင်ငံမှာ အတော်လေး တွင်ကျယ်နေပြီး၊ လူ့အခွင့်အရေးသမားတွေက ဝေဖန်မှုတွေ အမျိုးမျိုးရှိနေကြသော်လည်း၊
ဒေသခံတွေက သဘောကျနှစ်ခြိုက်နေပြီး၊ ဒီနည်းအားဖြင့် မုဒိမ်းမှုတွေ ပပျောက်မယ်လို့ ယုံကြည်နေပါတယ်။ အခုအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ(၈)ရက်မှာ ဖြစ်ခဲ့တာလို့ ယူဆရပါတယ်။
Credit: စွယ်စုံ သတင်းစုံ



