ဟြန္ဒူးရပ္စ္တြင္ တံငါေလွတိမ္းေမွာက္ၿပီး လူ(၂၆)ဦး ေရနစ္ေသဆုံးၿပီ (၄၇)ဦးအသက္ရွင္
ဟြန္ဒူးရပ္စ္ႏုိင္ငံရဲ႕ ကမ္းလြန္ပင္လယ္ျပင္မွာ တံငါေလွတစ္စင္း တိမ္းေမွာက္ၿပီးေနာက္ လူ(၂၆)ေယာက္ ေရနစ္ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။ အဆုိပါ တံငါေလွဟာ Puerto Lempira အနီးမွာ တိမ္းေမွာက္ခဲ့တာျဖစ္ၿပီး၊ တစ္ျခားတံငါသည္ (၄၇)ဦးကေတာ့ အသက္ရွင္လွ်က္ ကယ္ဆယ္ႏုိင္ခဲ့ပါတယ္။
၎ငါးဖမ္းေလွရဲ႕ ကပၸတိန္မွာ Waly လုိ႔ သိရၿပီး၊ စုစုေပါင္းလုပ္သား (၇၃)ဦး လုိက္ပါသြားခဲ့ေၾကာင္း သိရပါတယ္။ ၎ငါးဖမ္းစက္ေလွဟာ ပုဇြန္တုပ္ဖမ္းတဲ့ အလုပ္ကိုလုပ္ကိုင္ၾကၿပီး ဟြန္ဒူးရပ္စ္ေရပုိင္နက္၊ အတၱလႏၱိတ္ရဲ႕ ကမ္း႐ုိးတန္းအနီးမွာ တိမ္းေမွာက္ခဲ့တာပါ။
ကယ္ဆယ္ေရးကုိေတာ့ ဟြန္ဒူးရပ္စ္ေရတပ္က သတင္းရလွ်င္ရခ်င္း အျမန္ေဆာင္ရြက္ခဲ့ေပမယ့္၊ အခင္းျဖစ္ေနရာကို ေရာက္ႏုိင္ဖုိ႔ မိနစ္(၄၀)ေလာက္ အခ်ိန္ယူခဲ့ရတာေၾကာင့္ (၂၆)ဦးရဲ႕အသက္ကိုေတာ့ မကယ္ႏုိင္ခဲ့ပါဘူး။ ေသဆုံးသူအမ်ားစုမွာ ေရငုပ္လုပ္သားေတြ ျဖစ္ၾကၿပီး-
သူတုိ႔တစ္ေတြဟာ Puerto Lempira ဇာတိေတြ အမ်ားစုလုိ႔သိရပါတယ္။ Caribbean Association of Industrial Fishermen of Honduras အဖြဲ႕မွ ဥကၠ႒ျဖစ္တဲ့ Richard Bonilla က ၾကမ္းတမ္းတဲ့ေလျပင္းေၾကာင့္ တံငါေလွေတြကို အတိဒုကၡေရာက္ေစခဲ့တယ္လုိ႔ ဆုိပါတယ္။
ဟြန္ဒူးရပ္စ္ဟာ ၿပီးခဲ့တဲ့ ဇူလုိင္(၁)ရက္ကတည္းက ပုဇြန္တုပ္ဖမ္းရာသီစတင္ခဲ့တာျဖစ္ၿပီး၊ သူ႕ထက္ငါ ေစ်းကြက္အသာစီးရႏုိင္ဖုိ႔အတြက္ ေရငုပ္လုပ္သား မ်ားမ်ားငွားရမ္းၿပီး၊ ပင္လယ္ျပင္အတြင္းမွာ သက္စြန္႔ဆံဖ်ား လုပ္ကုိုင္ၾကတာပါ။ ဒါေပမယ့္ မုိးရာသီျဖစ္လုိ႔ ေလျပင္းမုန္တုိင္းက သူတုိ႔အတြက္ အဓိက ရန္သူျဖစ္ေနပါတယ္။
source : Mirror
Credit \\ original
ယူနီကုဒ်ဖြင့်ဖတ်ရန်-
ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တံငါလှေတစ်စင်း တိမ်းမှောက်ပြီးနောက် လူ(၂၆)ယောက် ရေနစ်သေဆုံးခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ တံငါလှေဟာ Puerto Lempira အနီးမှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး၊ တစ်ခြားတံငါသည် (၄၇)ဦးကတော့ အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။
၎င်းငါးဖမ်းလှေရဲ့ ကပ္ပတိန်မှာ Waly လို့ သိရပြီး၊ စုစုပေါင်းလုပ်သား (၇၃)ဦး လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။ ၎င်းငါးဖမ်းစက်လှေဟာ ပုဇွန်တုပ်ဖမ်းတဲ့ အလုပ်ကိုလုပ်ကိုင်ကြပြီး ဟွန်ဒူးရပ်စ်ရေပိုင်နက်၊ အတ္တလန္တိတ်ရဲ့ ကမ်းရိုးတန်းအနီးမှာ တိမ်းမှောက်ခဲ့တာပါ
ကယ်ဆယ်ရေးကိုတော့ ဟွန်ဒူးရပ်စ်ရေတပ်က သတင်းရလျှင်ရချင်း အမြန်ဆောင်ရွက်ခဲ့ပေမယ့်၊ အခင်းဖြစ်နေရာကို ရောက်နိုင်ဖို့ မိနစ်(၄၀)လောက် အချိန်ယူခဲ့ရတာကြောင့် (၂၆)ဦးရဲ့အသက်ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။ သေဆုံးသူအများစုမှာ ရေငုပ်လုပ်သားတွေ ဖြစ်ကြပြီး-
သူတို့တစ်တွေဟာ Puerto Lempira ဇာတိတွေ အများစုလို့သိရပါတယ်။ Caribbean Association of Industrial Fishermen of Honduras အဖွဲ့မှ ဥက္ကဋ္ဌဖြစ်တဲ့ Richard Bonilla က ကြမ်းတမ်းတဲ့လေပြင်းကြောင့် တံငါလှေတွေကို အတိဒုက္ခရောက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဟွန်ဒူးရပ်စ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်ကတည်းက ပုဇွန်တုပ်ဖမ်းရာသီစတင်ခဲ့တာဖြစ်ပြီး၊ သူ့ထက်ငါ စျေးကွက်အသာစီးရနိုင်ဖို့အတွက် ရေငုပ်လုပ်သား များများငှားရမ်းပြီး၊ ပင်လယ်ပြင်အတွင်းမှာ သက်စွန့်ဆံဖျား လုပ်ကိုုင်ကြတာပါ။ ဒါပေမယ့် မိုးရာသီဖြစ်လို့ လေပြင်းမုန်တိုင်းက သူတို့အတွက် အဓိက ရန်သူဖြစ်နေပါတယ်။
source : Mirror
Credit \\ original




