တစ္ေန႔ ၂ ေသာင္း ..အလွဴခံတာ မရလို႔.. ေခါင္းကြဲသြားတဲ့ ဆရာေလး :(
Zawgyi
ဥ ပ ေဒေရးရာေလ့လာသူနဲ႔ ကြၽမ္းက်င္သူအခ်ိဳ႕ (အခ်ိဳ႕)က victoria အမႈတရားဝင္သတင္းမထုတ္ခင္တုန္းကေတာ့ ” ဒါက လုပ္ထုံးလုပ္နည္းအတုိင္း လုပ္ေနၾကတာပါ။ ဥပေဒအတုိင္းစစ္ေနတာပါ။ လူေတြက စိတ္ေစာေနတာ။ ေစာင့္ျကည့္ပါဆုိတာ ” လုိ႔ ေျပာတာ လက္ခံေသးတယ္။
အ ခု ရဲခ်ဳပ္နဲ႔ဆရာမနွစ္ေယာက္ေျပာတာ။သုံးေယာက္ကုိ သုံးမ်ိဳးျဖစ္ေနတာေတြကို အဲ့ဒီပုဂၢိဳလ္ေတြ သိၿပီးေလာက္ေရာေပါ့။ အဲ့ဒီလိုအေျခအေနအထိ ေရငုံႏုွတ္ပိတ္ေနတာ(သုိ႔မဟုတ္)ဒါက ဥပေဒအတုိင္းပဲ စစ္ေနတာဆုိတာမ်ိဳးေတြ ေျပာေနဆဲ အခ်ိဳ႕ ဌာနဆုိင္ရာဝန္ထမ္းေတြရဲ႕ စိတ္အထားအသုိအေပၚ ေတာ္ေတာ္ေလးအံ့ၾသရတယ္။
v i ctoria ေလးကုိ ခဏေမ့ထား
ေအာင္ႀကီးကိစၥလည္း ခဏေမ့ထား
ေဟာ့ ဒီ မွာ လတ္လတ္ဆတ္ဆတ္ ျဖစ္ရပ္။ ေခါင္းဟက္တက္ကြဲေအာင္ အရုိက္ခံရတဲ့ သီလရွင္ကေလးငယ္။ အခုမွ ရုိက္ယူထားတဲ့ ဓာတ္ပုံ။
အလွဴခံခုိင္းတာ တစ္ေန႔ နွစ္ေသာင္းက်ပ္မရလုိ႔ဆုိၿပီး အုပ္ထိန္းသူ သီလရွင္က ေဂၚျပားနဲ႔ ရုိက္တာ။ ေခ်ာ့မယ့္သူမရွိ ကုိယ့္ဘာသာကုိ္ယ္ ႀကိတ္ငုိခဲ့ရတဲ့ ကေလးေလး။ ဒါမ်ိဳးမျဖစ္ေအာင္ ဘယ္သူကအကာအကြယ္ေပးႏုိင္ခဲ့လဲ။ ဒီဒဏ္ရာနဲ႔ အလွဴထြက္ခံနရတဲ့ ကေလးေနရာကုိ ဝင္ၾကည့္။ ဘယ္မလဲ ကေလးငယ္ကုိ ကာကြယ္နိင္တဲ့ ဥပေဒ။ မျဖစ္ေအာင္တားဆီးႏုိင္တဲ့ အခင္းအက်င္းဘယ္မလဲ။လူေတြကဥပေဒကုိ နားလည္လြန္းလုိ႔ ေထာက္ျပေဝဖန္နၾကတာ မဟုတ္ဘူး။ တရားမ်ွတမႈကုိ ေဖာ္ေဆာင္ေပးဖုိ႔ ေတာင္းဆုိေနတာ။ ယုတၱိမရွိတာေတြ ျမင္ေန ေတြ႕ေနရလုိ႔ တည့္မတ္ေပးဖုိ႔ ဝုိင္းေအာ္ေနတာ။ဥပေဒရဲ႕အကာအကြယ္မရတဲ့ အေျခအေနေတြကုိ ေျပာင္းလဲေပးဖုိ႔ တာဝန္ရွိသူေတြက ဦးေဆာင္ၿပီး ေဖာ္ေဆာင္ေစခ်င္တာပါ။
ဒီေန႔က လိင္ပုိင္းဆုိင္ရာေစာ္ကားခံရတဲ့ ကေလးငယ္အတြက္ အမွန္တရားေပၚေပါက္ဖုိ႔ လူေတြ ရာေထာင္ခ်ီ ဆနၵထုတ္ေဖာ္ေတာင္းဆုိေနခ်ိန္မွာ ကေလးငယ္နွစ္ေယာက္ဟာ နွိပ္စက္ရုိက္နွက္ခံရတဲ့ ဒဏ္ရာနဲ႔ အလွဴခံထြက္ေပးေနရတဲ့ ဒီႏုိင္ငံမွာ စာအုပ္ထဲက ဥပေဒဆုိတာေတြကုိ လက္တန္း႐ြတ္ျပၿပီး အခ်ိဳ႕ေသာတာဝန္ရွိသူေတြရဲ႕ အလြဲေတြကုိ မသိက်ိဳးကြၽံမျပဳသင့္ပါဗ်ာ။
Credit – Aung Thit Lwin
Unicode Version
ဥပဒေရေးရာလေ့လာသူနဲ့ ကျွမ်းကျင်သူအချို့ (အချို့)က victoria အမှုတရားဝင်သတင်းမထုတ်ခင်တုန်းကတော့ ” ဒါက လုပ်ထုံးလုပ်နည်းအတိုင်း လုပ်နေကြတာပါ။ ဥပဒေအတိုင်းစစ်နေတာပါ။ လူတွေက စိတ်စောနေတာ။ စောင့်ကြည့်ပါဆိုတာ ” လို့ ပြောတာ လက်ခံသေးတယ်။
အခု ရဲချုပ်နဲ့ဆရာမနှစ်ယောက်ပြောတာ။သုံးယောက်ကို သုံးမျိုးဖြစ်နေတာတွေကို အဲ့ဒီပုဂ္ဂိုလ်တွေ သိပြီးလောက်ရောပေါ့။ အဲ့ဒီလိုအခြေအနေအထိ ရေငုံနုှတ်ပိတ်နေတာ(သို့မဟုတ်)ဒါက ဥပဒေအတိုင်းပဲ စစ်နေတာဆိုတာမျိုးတွေ ပြောနေဆဲ အချို့ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ စိတ်အထားအသိုအပေါ် တော်တော်လေးအံ့သြရတယ်။
victoria လေးကို ခဏမေ့ထား
အောင်ကြီးကိစ္စလည်း ခဏမေ့ထား
ဟော့ဒီမှာ လတ်လတ်ဆတ်ဆတ် ဖြစ်ရပ်။ ခေါင်းဟက်တက်ကွဲအောင် အရိုက်ခံရတဲ့ သီလရှင်ကလေးငယ်။ အခုမှ ရိုက်ယူထားတဲ့ ဓာတ်ပုံ။
အလှူခံခိုင်းတာ တစ်နေ့ နှစ်သောင်းကျပ်မရလို့ဆိုပြီး အုပ်ထိန်းသူ သီလရှင်က ဂေါ်ပြားနဲ့ ရိုက်တာ။ ချော့မယ့်သူမရှိ ကိုယ့်ဘာသာကို်ယ် ကြိတ်ငိုခဲ့ရတဲ့ ကလေးလေး။ ဒါမျိုးမဖြစ်အောင် ဘယ်သူကအကာအကွယ်ပေးနိုင်ခဲ့လဲ။ ဒီဒဏ်ရာနဲ့ အလှူထွက်ခံနရတဲ့ ကလေးနေရာကို ဝင်ကြည့်။ ဘယ်မလဲ ကလေးငယ်ကို ကာကွယ်နိင်တဲ့ ဥပဒေ။ မဖြစ်အောင်တားဆီးနိုင်တဲ့ အခင်းအကျင်းဘယ်မလဲ။
လူတွေကဥပဒေကို နားလည်လွန်းလို့ ထောက်ပြဝေဖန်နကြတာ မဟုတ်ဘူး။ တရားမျှတမှုကို ဖော်ဆောင်ပေးဖို့ တောင်းဆိုနေတာ။ ယုတ္တိမရှိတာတွေ မြင်နေ တွေ့နေရလို့ တည့်မတ်ပေးဖို့ ဝိုင်းအော်နေတာ။ဥပဒေရဲ့အကာအကွယ်မရတဲ့ အခြေအနေတွေကို ပြောင်းလဲပေးဖို့ တာဝန်ရှိသူတွေက ဦးဆောင်ပြီး ဖော်ဆောင်စေချင်တာပါ။
ဒီနေ့က လိင်ပိုင်းဆိုင်ရာစော်ကားခံရတဲ့ ကလေးငယ်အတွက် အမှန်တရားပေါ်ပေါက်ဖို့ လူတေွ ရာထောင်ချီ ဆန္ဒထုတ်ဖော်တောင်းဆိုနေချိန်မှာ ကလေးငယ်နှစ်ယောက်ဟာ နှိပ်စက်ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ အလှူခံထွက်ပေးနေရတဲ့ ဒီနိုင်ငံမှာ စာအုပ်ထဲက ဥပဒေဆိုတာတွေကို လက်တန်းရွတ်ပြပြီး အချို့သောတာဝန်ရှိသူတွေရဲ့ အလွဲတွေကို မသိကျိုးကျွံမပြုသင့်ပါဗျာ။
Credit – Aung Thit Lwin





