အကြည့်တစ်ချက်နဲ့တင် နှလုံးခုန်သံတွေ ရပ်တန့်သွားမယ့် နေခြည်ဦးရဲ့ ပွဲတက်ပုံရိပ်တစ်ချို့
Beauty blogger မလေး နေခြည်ဦးကတော့ သူမကိုယ်တိုင်လည်း သူမရဲ့အလှကို ယုံကြည်မှုရှိသလို မိန်းကလေးတွေကိုလည်း ယုံကြည်မှုရှိရှိနဲ့လှစေဖို့ နည်းလမ်းကောင်းတွေကို ဝေမျှပေးလေ့ရှိသူ တစ်ဦးမို့ ချီလီလေးတွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးကတော့ အမြဲလိုလို ပျော်ရွှင်နေရသူလေးဆိုရင်လည်း မမှားပါဘူး။ လတ်တလောမှာတော့ နေခြည်ဦးက အပြာရောင်လေးနဲ့ အရမ်းလန်းနေတဲ့ သူမရဲ့ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စူးရှတဲ့ အကြည့်တွေနဲ့ အရမ်းဂေါ်နေတဲ့ ချီချီရဲ့ပုံရိပ်တွေက အရမ်းကိုမိုက်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် မြင်သူငေးရလောက်အောင် လှရက်လွန်းတဲ့ နေခြည်ဦးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
နေခြည်ဦးကတော့ “ကြည့်နေရင်း ခိုးပြုံးလိုက်တယ်လို့ မှတ်လိုက်မယ်နော် 💙💙 ” ဆိုပြီး သူမရဲ့ပွဲတက်အလှပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
လှရက်လွန်းတယ် ချီရယ်…
အလုပ်တစ်ခုကို စတင်လိုက်ကတည်းက ပြင်းပြတဲ့စိတ်ဓါတ်နဲ့ ကြိုးစားမှုကို မလျှော့ပဲ ရှေ့ဆက်လာတဲ့ ချီချီကတော့ အခုဆိုရင် အောင်မြင်မှုတွေ များစွာကို ဆက်တိုက်ဆိုသလို ရရှိနေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ ရင်ဘောင်တန်းပြီး သရုပ်ဆောင်နိုင်တဲ့ သူမကိုတော့ ချီလီလေးတွေက အကယ်ဒမီရ မင်းသမီးတစ်ဦးအနေနဲ့ မြင်ချင်နေကြပါပြီ။ ချစ်ပရိသတ်တွေလည်း အရမ်းကို လှလာတဲ့ နေခြည်ဦးလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original






