Facebook Cele ဆိုသူေတြေၾကာင့္ Victoria အမႈပိုရႈပ္ေထြးရတယ္ လို႔ ဆိုလာတဲ့ Wisdom Hill ပိုင္ရွင္ဦးပညာ၏ အမ





ေနျပည္ေတာ္ Wisdom Hill ပိုင္ရွင္ဦးပညာ၏ အမျဖစ္သူမွေျပာျပလို္က္တဲ့သူ႔ရဲ႕ရပ္တည္ခ်က္

ေနျပည္ေတာ္မွာျဖစ္ပ်က္ခဲ့တဲ့ မူၾကိဳေက်ာင္းတစ္ခုက သက္ငယ္မုဒိမ္းအမွဳဟာ ျမန္မာႏိုင္ငံရဲ႕ လူမွဳကြန္ယက္သံုးစြဲသူေတြၾကားထဲမွာ နာမည္ၾကီးေနခဲ့ျပီး အမွဳမွန္ေပၚေပါက္ေရးအတြက္ ေတာင္းဆိုေနၾကပါတယ္။ ဒီအမွဳနဲ႔ပတ္သတ္ျပီး လက္ရွိအခ်ိန္အထိ စြပ္စြဲခံထားရတဲ့သူေတြဘက္ကတုန္႔ျပန္ေျပာၾကားမွဳမရွိခဲ့ေပမယ့္ မူၾကိဳေက်ာင္းပိုင္ရွင္ရဲ႕အစ္မျဖစ္သူကေတာ့ သူ႔ရဲ႕ရပ္တည္ခ်က္ကို လူမွဳကြန္ယက္စာမ်က္နွာေပၚမွာ အခုလိုေျပာျပခဲ့တာပါ။

ေနျပည္ေတာ္ သက္ငယ္မုဒိန္းအမႈႏွင့္ ပတ္သတ္၍ Signature Fashion – designed by Thiri May page ၏ ရပ္တည္ခ်က္အား အမ်ားျပည္သူ သိရွိေစရန္တင္ျပျခင္း

************

🌿 ေဖာ္ျပပါကိစၥႏွင့္ စပ္လ်ဥ္း၍ Signature Fashion ၏ Founder – ဒီဇိုင္နာျဖစ္သူ ကၽြန္မ သီရိေမသည္ Wisdom Hill ေက်ာင္းပိုင္ရွင္ ဦးပညာ၏ အမအရင္းျဖစ္ျခင္းေၾကာင့္ ေဆြမ်ိဳးသားခ်င္းကို ကာကြယ္ခ်င္ေသာ စိတ္သက္သက္ျဖင့္ ဆိုရွယ္မီဒီယာတြင္ ခုခံေရးသား ကာကြယ္ေပးေနျခင္း (လံုးဝ) မဟုတ္ပါ။


★★★★★★★★

🌿 ယခုကဲ့သို႕ အမႈမွန္မေပၚေသးခင္ –

✅ – အမႈမွာ ေက်ာင္းတြင္ ျဖစ္ပြားသည္ဟု (တထစ္ခ်) ဆုိကာ ေက်ာင္းကို ပိတ္သိမ္းရန္ တစ္ဖက္သက္ ေျပာဆို စြပ္စြဲေနၾကျခင္း

✅ – ကၽြန္မတုိ႔ႏွင့္ အမ်ိဳးမေတာ္ေသာ အျပစ္မရွိ ကေလးငယ္ (၂) ဦး၏ ဓါတ္ပံုကို public တင္၍ မုဒိန္းေကာင္ဟု စြပ္စြဲၾကျခင္း

✅ – ဆရာမ N ၏ ဓါတ္ပံုကို တင္၍ ေက်ာင္းအုပ္ႏွင့္ ေပးစားၿပီး မုဒိန္းေကာင္ ၾကံရာပါအျဖစ္ ေဝဖန္တိုက္ခိုက္စြပ္စြဲေနၾကျခင္း

✅ – မိသားစု/ မိတ္ေဆြမ်ား၏ ဂုဏ္သိကၡာ ညိွဳးႏြမ္းေစရန္ အေကာင့္အတု/ အစစ္မ်ားျဖင့္ ရည္ရြယ္ခ်က္ရွိရွိ လုပ္ၾကံေရးသားေနၾကျခင္း မ်ားေၾကာင့္

အားနည္းေနေသာ အျပစ္မဲ့ ျပည္သူဘက္မွ ရပ္တည္ကာကြယ္ေပးျခင္းသာ ျဖစ္ပါသည္။ ေက်ာင္းမိသားစုႏွင့္ အျပစ္မဲ႔ ကေလး (၂) ဦးအပါအဝင္ ဆရာမမ်ားမွာ ယခုကဲ႔သို႔ လူထုအံုၾကြမႈျဖစ္ေစရန္ ရည္ရြယ္ခ်က္ရွိရွိ ေရးသားတုိက္တြန္းေနၾကသည့္ social influencers မ်ားေၾကာင့္ ကိုယ္/ စိတ္ပိုင္းဆုိင္ရာ ညိွဳးငယ္ ထိခိုက္မႈမ်ားျဖင့္ ကာလၾကာ ယခုအခ်ိန္အထိ ျဖတ္သန္းေနရပါသည္။

★★★★★★★★

🌿 အမွန္တကယ္ဆုိလ်ွင္ အမႈမွန္ အျမန္ေပၚေရးအတြက္ ျပည္သူ႔အသံျပဳရာတြင္ ကိုလင္းလင္းႏွင့္ မမထရီဇာ လင္မယားကဲ႔သုိ႔ မည္သူ႔ကိုမ်ွ မတုိက္ခိုက္ပဲ အမႈမွန္ေပၚေရးကိုသာ ဦးတည္ ေရးသားေျပာဆို ေထာက္ခံေပးေစလုိပါသည္။

🌿 နစ္နာသူ သမီးေလးအတြက္ စစ္မွန္ေသာ ေစတနာျဖင့္ မည္သူ႔ကိုမွ မစြပ္စြဲ မတုိက္ခိုက္ပဲ အမႈအျမန္ေပၚေရး ျပည္သူ႔အသံျပဳေပးၾကမည့္ influencer မ်ားႏွင့္ ျပည္သူမ်ား၏ အျပဳအမူကိုလည္း ေလးစားစြာ လက္ခံပါသည္။ မုဒိန္းေကာင္ အစစ္ကိုလည္း ျပည္သူ႔အားႏွင့္ ဝိုင္းဝန္းကူညီ ရွာေဖြေပးေစလိုပါသည္။

🌿 သို႔ေသာ္ social influencers က်င့္ဝတ္ႏွင့္ မညီသူမ်ားက အမႈအား ျပည္သူတုိ႔ တစ္ဖက္သတ္ ေတြးထင္ၿပီး ေက်ာင္းဘက္ကိုသာ အျပစ္တင္မိေအာင္ လမ္းျပဆူပူအံုၾကြေစပါသျဖင့္ ကၽြန္မ သီရိေမက မိမိအေရးကိစၥမဟုတ္ေသာ္ျငား လူမႈ/ စီးပြား သိကၡာ အထိပါးခံ၍ ယခုကဲ႔သို႔ ကာကြယ္ ရပ္တည္ေပးရျခင္း ျဖစ္ပါသည္။

★★★★★★★★

🌿 ယခုအမႈသည္ ကၽြန္မ၏ ဖက္ရွင္အႏုပညာႏွင့္ လံုးဝ မသက္ဆုိင္ပါေသာ္လည္း Signature Fashion – page တြင္ bad review မ်ား၊ hate speech မ်ား ေရးသားျခင္းျဖင့္ လိုက္လံတုိက္ခိုက္ေနသည္ကိုလည္း ထပ္မံေတြ႕ရွိရပါသည္။ ထို႔အတြက္ မ်ားစြာ စိတ္မေကာင္း ျဖစ္ရပါသည္။

🌿 သို႔ေသာ္ ကၽြန္မ သီရိေမ အေနျဖင့္ ယခုအမႈကိစၥ၏ ေနာက္ကြယ္တြင္ရွိေသာ မရုိးသားမႈမ်ားကို ေဖာ္ထုတ္ရန္ႏွင့္ အျပစ္မဲ႔ျပည္သူတုိ႔၏ အရွက္သိကၡာ က်ဆင္းေအာင္ တုိက္ခိုက္မႈမ်ားမွ ကာကြယ္ရန္ မိမိစီးပြားအထိခိုက္ခံ၍ အမႈမွန္ေပၚသည္အထိ အားနည္းေနေသာ အမွန္တရားဘက္မွ အဆံုးတုိင္ ဆက္လက္ရပ္တည္ေပးသြားမွာ ျဖစ္ပါေၾကာင္း ေလးစားစြာ အသိေပးအပ္ပါသည္ရွင့္။

★★★★★★★★

🌿 ကၽြန္မ၏ ျပတ္သားေသာ ရပ္တည္္ခ်က္ေၾကာင့္ ထိပါးလာမည့္ စီးပြားေရး အက်ိဳးအျမတ္မ်ားကိုလည္း ရဲဝံ႕စြာ ဆက္လက္ စေတးခံသြားမည္ျဖစ္ပါေၾကာင္း ထပ္မံေၾကညာအပ္ပါသည္ရွင့္။ 🙏🏻🙏🏻🙏🏻

သီရိေမ

Founder & Fashion Designer

Signature Fashion ဆိုျပီး မွ်ေ၀ခဲ့တဲ့အေပၚအင္တာနက္အသံုးျပဳသူေတြကေတာ့ မွတ္ခ်က္ေတြေရးသားျပီး သူတို႔အျမင္ကိုပို႔စ္ေအာက္မွာေဆြးေႏြးေနၾကပါတယ္။

Credit  \\  original


Unicode Version
နေပြည်တော် Wisdom Hill ပိုင်ရှင်ဦးပညာ၏ အမဖြစ်သူမှပြောပြလိုက်တဲ့သူ့ရဲ့ရပ်တည်ချက်

နေပြည်တော်မှာဖြစ်ပျက်ခဲ့တဲ့ မူကြိုကျောင်းတစ်ခုက သက်ငယ်မုဒိမ်းအမှုဟာ မြန်မာနိုင်ငံရဲ့ လူမှုကွန်ယက်သုံးစွဲသူတွေကြားထဲမှာ နာမည်ကြီးနေခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တောင်းဆိုနေကြပါတယ်။ ဒီအမှုနဲ့ပတ်သတ်ပြီး လက်ရှိအချိန်အထိ စွပ်စွဲခံထားရတဲ့သူတွေဘက်ကတုန့်ပြန်ပြောကြားမှုမရှိခဲ့ပေမယ့် မူကြိုကျောင်းပိုင်ရှင်ရဲ့အစ်မဖြစ်သူကတော့ သူ့ရဲ့ရပ်တည်ချက်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အခုလိုပြောပြခဲ့တာပါ။

နေပြည်တော် သက်ငယ်မုဒိန်းအမှုနှင့် ပတ်သတ်၍ Signature Fashion – designed by Thiri May page ၏ ရပ်တည်ချက်အား အများပြည်သူ သိရှိစေရန်တင်ပြခြင်း

************

🌿 ဖော်ပြပါကိစ္စနှင့် စပ်လျဉ်း၍ Signature Fashion ၏ Founder – ဒီဇိုင်နာဖြစ်သူ ကျွန်မ သီရိမေသည် Wisdom Hill ကျောင်းပိုင်ရှင် ဦးပညာ၏ အမအရင်းဖြစ်ခြင်းကြောင့် ဆွေမျိုးသားချင်းကို ကာကွယ်ချင်သော စိတ်သက်သက်ဖြင့် ဆိုရှယ်မီဒီယာတွင် ခုခံရေးသား ကာကွယ်ပေးနေခြင်း (လုံးဝ) မဟုတ်ပါ။

★★★★★★★★

🌿 ယခုကဲ့သို့ အမှုမှန်မပေါ်သေးခင် –

✅ – အမှုမှာ ကျောင်းတွင် ဖြစ်ပွားသည်ဟု (တထစ်ချ) ဆိုကာ ကျောင်းကို ပိတ်သိမ်းရန် တစ်ဖက်သက် ပြောဆို စွပ်စွဲနေကြခြင်း

✅ – ကျွန်မတို့နှင့် အမျိုးမတော်သော အပြစ်မရှိ ကလေးငယ် (၂) ဦး၏ ဓါတ်ပုံကို public တင်၍ မုဒိန်းကောင်ဟု စွပ်စွဲကြခြင်း

✅ – ဆရာမ N ၏ ဓါတ်ပုံကို တင်၍ ကျောင်းအုပ်နှင့် ပေးစားပြီး မုဒိန်းကောင် ကြံရာပါအဖြစ် ဝေဖန်တိုက်ခိုက်စွပ်စွဲနေကြခြင်း

✅ – မိသားစု/ မိတ်ဆွေများ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန် အကောင့်အတု/ အစစ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားနေကြခြင်း များကြောင့်

အားနည်းနေသော အပြစ်မဲ့ ပြည်သူဘက်မှ ရပ်တည်ကာကွယ်ပေးခြင်းသာ ဖြစ်ပါသည်။ ကျောင်းမိသားစုနှင့် အပြစ်မဲ့ ကလေး (၂) ဦးအပါအဝင် ဆရာမများမှာ ယခုကဲ့သို့ လူထုအုံကြွမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားတိုက်တွန်းနေကြသည့် social influencers များကြောင့် ကိုယ်/ စိတ်ပိုင်းဆိုင်ရာ ညှိုးငယ် ထိခိုက်မှုများဖြင့် ကာလကြာ ယခုအချိန်အထိ ဖြတ်သန်းနေရပါသည်။

★★★★★★★★

🌿 အမှန်တကယ်ဆိုလျှင် အမှုမှန် အမြန်ပေါ်ရေးအတွက် ပြည်သူ့အသံပြုရာတွင် ကိုလင်းလင်းနှင့် မမထရီဇာ လင်မယားကဲ့သို့ မည်သူ့ကိုမျှ မတိုက်ခိုက်ပဲ အမှုမှန်ပေါ်ရေးကိုသာ ဦးတည် ရေးသားပြောဆို ထောက်ခံပေးစေလိုပါသည်။

🌿 နစ်နာသူ သမီးလေးအတွက် စစ်မှန်သော စေတနာဖြင့် မည်သူ့ကိုမှ မစွပ်စွဲ မတိုက်ခိုက်ပဲ အမှုအမြန်ပေါ်ရေး ပြည်သူ့အသံပြုပေးကြမည့် influencer များနှင့် ပြည်သူများ၏ အပြုအမူကိုလည်း လေးစားစွာ လက်ခံပါသည်။ မုဒိန်းကောင် အစစ်ကိုလည်း ပြည်သူ့အားနှင့် ဝိုင်းဝန်းကူညီ ရှာဖွေပေးစေလိုပါသည်။

🌿 သို့သော် social influencers ကျင့်ဝတ်နှင့် မညီသူများက အမှုအား ပြည်သူတို့ တစ်ဖက်သတ် တွေးထင်ပြီး ကျောင်းဘက်ကိုသာ အပြစ်တင်မိအောင် လမ်းပြဆူပူအုံကြွစေပါသဖြင့် ကျွန်မ သီရိမေက မိမိအရေးကိစ္စမဟုတ်သော်ငြား လူမှု/ စီးပွား သိက္ခာ အထိပါးခံ၍ ယခုကဲ့သို့ ကာကွယ် ရပ်တည်ပေးရခြင်း ဖြစ်ပါသည်။

★★★★★★★★

🌿 ယခုအမှုသည် ကျွန်မ၏ ဖက်ရှင်အနုပညာနှင့် လုံးဝ မသက်ဆိုင်ပါသော်လည်း Signature Fashion – page တွင် bad review များ၊ hate speech များ ရေးသားခြင်းဖြင့် လိုက်လံတိုက်ခိုက်နေသည်ကိုလည်း ထပ်မံတွေ့ရှိရပါသည်။ ထို့အတွက် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။

🌿 သို့သော် ကျွန်မ သီရိမေ အနေဖြင့် ယခုအမှုကိစ္စ၏ နောက်ကွယ်တွင်ရှိသော မရိုးသားမှုများကို ဖော်ထုတ်ရန်နှင့် အပြစ်မဲ့ပြည်သူတို့၏ အရှက်သိက္ခာ ကျဆင်းအောင် တိုက်ခိုက်မှုများမှ ကာကွယ်ရန် မိမိစီးပွားအထိခိုက်ခံ၍ အမှုမှန်ပေါ်သည်အထိ အားနည်းနေသော အမှန်တရားဘက်မှ အဆုံးတိုင် ဆက်လက်ရပ်တည်ပေးသွားမှာ ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ရှင့်။

★★★★★★★★

🌿 ကျွန်မ၏ ပြတ်သားသော ရပ်တည်ချက်ကြောင့် ထိပါးလာမည့် စီးပွားရေး အကျိုးအမြတ်များကိုလည်း ရဲဝံ့စွာ ဆက်လက် စတေးခံသွားမည်ဖြစ်ပါကြောင်း ထပ်မံကြေညာအပ်ပါသည်ရှင့်။ 🙏🏻🙏🏻🙏🏻

သီရိမေ

Founder & Fashion Designer

Signature Fashion ဆိုပြီး မျှဝေခဲ့တဲ့အပေါ်အင်တာနက်အသုံးပြုသူတွေကတော့ မှတ်ချက်တွေရေးသားပြီး သူတို့အမြင်ကိုပို့စ်အောက်မှာဆွေးနွေးနေကြပါတယ်။

Credit  \\  original


Recent Updates

Recent Posts Widget