ေယာက်္ားေလးတစ္ေယာက္ သင့္ကို႐ူး႐ူးမူမူးခ်စ္ေစခ်င္ရင္ ဒီလိုလုပ္ပါ…





မိန္းကေလးတိုင္းဟာခ်စ္သူရဲ႕႐ူး႐ူးမူမူးခ်စ္တာကိုခံခ်င္သူေတြခ်ည္းပါပဲ။ဒါေပမယ့္လည္းဘယ္လိုလုပ္ရမလဲဆိုတာမသိျဖစ္ေနတတ္ၾကပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သင့္ကို ႐ူး႐ူးမူးမူး ခ်စ္ေစခ်င္ရင္ ဘယ္လိုလုပ္ရမလဲ ဆိုတာပါပဲ။ ၾကည့္လိုက္ေနာ္။

(၁) သူနဲ႔ေတြ႕တိုင္း ၾကည့္ေကာင္းေအာင္ျပင္ဆင္ပါ



ေယာက်္ားေလးေတြဟာအလွအရမ္းႀကိဳက္ၾကပါတယ္။ဒါေၾကာင့္သူတို႔နဲ႔ေတြ႕တိုင္းမွာလွပေနေအာင္၊ခ်စ္ဖို႔ေကာင္းေနေအာင္ျပင္ဆင္ဝတ္စားဖို႔ကအရမ္းအေရးႀကီးပါတယ္။ဒါမွသင္နဲ႔ေတြ႕တဲ့အခါတိုင္းရင္ခုန္ေနၿပီးသူနဲ႔မေတြ႕ျဖစ္တဲ့အခ်ိန္က်ရင္လည္းဘယ္လိုပုံေလးျဖစ္ေနမလဲဆိုတာ အရမ္းသိခ်င္လြန္းလို႔ ရင္ထဲကလိလိ ျဖစ္ေနမွာပါ။

(၂) တျခားေကာင္ေလးေတြကိုလည္း အာ႐ုံစိုက္ပါ

ေယာက်္ားေလးေတြဟာသူတို႔ကိုပဲအၿမဲတမ္းအာ႐ုံစိုက္၊သူတို႔အျပင္တျခားသူေတြကိုလုံးဝဂ႐ုမစိုက္တဲ့မိန္းကေလးမ်ိဳးကိုသိပ္ၿပီးရင္မခုန္ၾကပါဘူး။ဒါေၾကာင့္တျခားေကာင္ေလးေတြကိုအာ႐ုံစိုက္ပါ။လြန္လြန္ကဲကဲေတာ့မလုပ္ပါနဲ႔။သူတို႔ပုံစံကိုခ်ီးက်ဴးတာမ်ိဳး၊အေျပာအဆိုေတြကို အမႊမ္းတင္တာမ်ိဳး လုပ္ေပးပါ။

(၃) သူမရွိလည္း ေပ်ာ္ေပ်ာ္ေနႏိုင္တဲ့ပုံဖမ္းပါ


ေယာက်ာ္းေလးေတြရဲ႕စိတ္ကတစ္မ်ိဳးပါ။သူတို႔ကိုတြယ္ကပ္တဲ့ပုံစံ၊သူတို႔မရွိရင္မေနႏိုင္တဲ့ပုံစံမ်ိဳးမလုပ္ပါနဲ႔။သူတို႔မရွိလည္းေပ်ာ္ေပ်ာ္ေနႏိုင္တဲ့ ပုံစံမ်ိဳး ေနျပပါ။ တကယ္ေပ်ာ္တာ မေပ်ာ္တာ အသာထား၊ေပ်ာ္တဲ့ပုံစံဖမ္းျပပါ။ဒါဆိုရင္ေတာ့သင့္အနားသူတို႔မရွိတဲ့အခ်ိန္ေတြမွာေတာင္ သင္ဘာမ်ားလုပ္ေနမလဲ၊ ဘယ္သူနဲ႔မ်ား ရွိေနမလဲဆိုၿပီး က်လိက်လိျဖစ္ေနပါလိမ့္မယ္။

(၄) သူႀကိဳက္တဲ့ ေရေမႊးနံ႔ကိုသုံးပါ



အနံ႔ဟာတစ္ေယာက္နဲ႔တစ္ေယာက္ၾကားမွာအရမ္းအေရးပါပါတယ္။ဒါေၾကာင့္သင့္ရဲ႕ကိုယ္သင္းနံ႔ကိုသူမွတ္မိေနေအာင္လုပ္ပါ။သူႀကိဳက္တဲ့ ေရေမႊးနံ႔၊ ဒါမွမဟုတ္ ရနံ႔သင္းပ်ံ႕တဲ့ ေရေမႊးကို အၿမဲဆြတ္ပါ။ ဒါဆိုရင္ေတာ့ သင့္ကိုပိုၿပီး ႐ူး႐ူးမူးမူး စြဲလန္းသြားမွာ ေသခ်ာပါတယ္။

(၅) အၿမဲတမ္းအခ်ိန္မေပးပါနဲ႔

တစ္ခါတေလအလုပ္မမ်ားရင္ေတာင္အရမ္းအလုပ္ရႈပ္ခ်င္ေယာင္ေဆာင္တာေကာင္းပါတယ္။သူတို႔လိုအပ္တဲ့အခ်ိန္တိုင္း၊သူတို႔လာဆက္သြယ္တိုင္း အၿမဲတမ္းအခ်ိန္မေပးပါနဲ႔။ တစ္ခါတေလသူတို႔ကေတြ႕ဖို႔ခ်ိန္းရင္ေတာင္မအားခ်င္ေယာင္ေဆာင္ၿပီးေနလိုက္ပါ။ဒီလိုမ်ိဳးသူတို႔ကို တစ္ခါတေလ အခ်ိန္မေပးႏိုင္မွ သူတို႔က ပိုၿပီးခ်စ္သြားၾကပါတယ္။

Credit: Shwemom

UNICODE:

မိန်းကလေးတိုင်းဟာချစ်သူရဲ့ရူးရူးမူမူးချစ်တာကိုခံချင်သူတွေချည်းပါပဲ။ဒါပေမယ့်လည်းဘယ်လိုလုပ်ရမလဲဆိုတာမသိဖြစ်နေတတ်ကြပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ကို ရူးရူးမူးမူး ချစ်စေချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ ကြည့်လိုက်နော်။

(၁) သူနဲ့တွေ့တိုင်း ကြည့်ကောင်းအောင်ပြင်ဆင်ပါ

ယောကျ်ားလေးတွေဟာအလှအရမ်းကြိုက်ကြပါတယ်။ဒါကြောင့်သူတို့နဲ့တွေ့တိုင်းမှာလှပနေအောင်၊ချစ်ဖို့ကောင်းနေအောင်ပြင်ဆင်ဝတ်စားဖို့ကအရမ်းအရေးကြီးပါတယ်။ဒါမှသင်နဲ့တွေ့တဲ့အခါတိုင်းရင်ခုန်နေပြီးသူနဲ့မတွေ့ဖြစ်တဲ့အချိန်ကျရင်လည်းဘယ်လိုပုံလေးဖြစ်နေမလဲဆိုတာ အရမ်းသိချင်လွန်းလို့ ရင်ထဲကလိလိ ဖြစ်နေမှာပါ။

(၂) တခြားကောင်လေးတွေကိုလည်း အာရုံစိုက်ပါ

ယောကျ်ားလေးတွေဟာသူတို့ကိုပဲအမြဲတမ်းအာရုံစိုက်၊သူတို့အပြင်တခြားသူတွေကိုလုံးဝဂရုမစိုက်တဲ့မိန်းကလေးမျိုးကိုသိပ်ပြီးရင်မခုန်ကြပါဘူး။ဒါကြောင့်တခြားကောင်လေးတွေကိုအာရုံစိုက်ပါ။လွန်လွန်ကဲကဲတော့မလုပ်ပါနဲ့။သူတို့ပုံစံကိုချီးကျူးတာမျိုး၊အပြောအဆိုတွေကို အမွှမ်းတင်တာမျိုး လုပ်ပေးပါ။

(၃) သူမရှိလည်း ပျော်ပျော်နေနိုင်တဲ့ပုံဖမ်းပါ

ယောကျာ်းလေးတွေရဲ့စိတ်ကတစ်မျိုးပါ။သူတို့ကိုတွယ်ကပ်တဲ့ပုံစံ၊သူတို့မရှိရင်မနေနိုင်တဲ့ပုံစံမျိုးမလုပ်ပါနဲ့။သူတို့မရှိလည်းပျော်ပျော်နေနိုင်တဲ့ပုံစံမျိုးနေပြပါ။တကယ်ပျော်တာမပျော်တာအသာထား၊ပျော်တဲ့ပုံစံဖမ်းပြပါ။ဒါဆိုရင်တော့သင့်အနားသူတို့မရှိတဲ့အချိန်တွေမှာတောင် သင်ဘာများလုပ်နေမလဲ၊ ဘယ်သူနဲ့များ ရှိနေမလဲဆိုပြီး ကျလိကျလိဖြစ်နေပါလိမ့်မယ်။

(၄) သူကြိုက်တဲ့ ရေမွှေးနံ့ကိုသုံးပါ
အနံ့ဟာတစ်ယောက်နဲ့တစ်ယောက်ကြားမှာအရမ်းအရေးပါပါတယ်။ဒါကြောင့်သင့်ရဲ့ကိုယ်သင်းနံ့ကိုသူမှတ်မိနေအောင်လုပ်ပါ။သူကြိုက်တဲ့ရေမွှေးနံ့၊ဒါမှမဟုတ်ရနံ့သင်းပျံ့တဲ့ရေမွှေးကိုအမြဲဆွတ်ပါ။ဒါဆိုရင်တော့သင့်ကိုပိုပြီးရူးရူးမူးမူးစွဲလန်းသွားမှာသေချာပါတယ်။

(၅) အမြဲတမ်းအချိန်မပေးပါနဲ့

တစ်ခါတလေအလုပ်မများရင်တောင်အရမ်းအလုပ်ရှုပ်ချင်ယောင်ဆောင်တာကောင်းပါတယ်။သူတို့လိုအပ်တဲ့အချိန်တိုင်း၊သူတို့လာဆက်သွယ်တိုင်းအမြဲတမ်းအချိန်မပေးပါနဲ့။တစ်ခါတလေသူတို့ကတွေ့ဖို့ချိန်းရင်တောင်မအားချင်ယောင်ဆောင်ပြီးနေလိုက်ပါ။ဒီလိုမျိုးသူတို့ကို တစ်ခါတလေ အချိန်မပေးနိုင်မှ သူတို့က ပိုပြီးချစ်သွားကြပါတယ်။

Credit: Shwemom

Recent Updates

Recent Posts Widget