မိန်းကလေးဆန်ဆန် ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ တွေ့ရတဲ့ ရွှေမှုံရတီ
ဆယ်ကျော်သက်အရွယ်မှာကတည်းက အောင်မြင်မှုတွေ များစွာဆွတ်ခူးရရှိထားတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ရွှေမှုံရတီက အသက်(၂၀) အရွယ်မှာ နိုင်ငံကျော်အဆိုတော် ရွှေထူးနဲ့ လက်ထပ်ခဲ့ပြီး သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အခုလက်ရှိမှာတော့ သူမရဲ့ အိမ်ထောင်သည်ဘဝလေးကိုလဲ ပျော်ရွှင်ဖွယ်ရာကောင်းအောင် နေထိုင်နေပြီး အနုပညာလုပ်ငန်းတွေကိုလည်း ဆက်တိုက် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၇) ရက်နေ့မှာတော့ “ချာလီဘ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show ကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရွှေမှုံရတီကလည်း ထို Red Carpet Show ကြီးကို တက်ရောက်ခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ ပွဲတက်အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
“ချာလီဘ” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ တည်တံ့က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ မြင့်မြတ်၊ ရွှေမှုံရတီ၊ စိုးမြတ်သူဇာ၊ ရဲအောင်၊ ခင်လှိုင်၊ ဂျိုကာနဲ့ အခြားသော သရုပ်ဆောင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးမှ အရင်ကထက် ပိုပြီးလှလာသလိုပဲနော်။
ရွှေမှုံရတီကတော့ လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေလျက်ရှိပြီး ခင်ပွန်းဖြစ်သူ ရွှေထူးအတွက် ဇနီးတာဝန်ကျေပွန်အောင် တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းပေးနေတာပဲ ဖြစ်ပါတယ်။
ရွှေမှုံကတော့ တစ်နေ့တစ်ခြား ပိုလို့တောင် လှလာသေးတယ်နော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေမှုံရတီရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original






