ဗစ်တိုးရီးယားလေး အမှုဟာ ထူးခြားချက်တွေ ရှိပါတယ်ဆိုတဲ့ သက္ကမိုးညို





ဗစ်တိုးရီးယားလေး အမှုဟာ ထူးခြားချက်တွေ ရှိပါတယ်။ ထူးခြားတယ် ဆိုတာက ဖြစ်ပွားတဲ့ နေရာမှာ ခါတိုင်း ဖြစ်နေကျ ဆင်းရဲနွမ်းပါးလို့ သားသမီးကို ပစ်ထား၊ ဂရုမစိုက်နိုင်၊ လစ်ဟာမှုရှိနေလို့ တခြား အသိဉာဏ်မဲ့ လူယုတ်မာတယောက်ယောက်က ဝင်ပြီး ယုတ်မာသွားတာမျိုး မဟုတ်ဘူး။ မိဘက တုန်နေအောင် ချစ်ပြီး မျက်စေ့အောက်က အပျောက်မခံ၊ စိတ်ချရတယ်လို့ သူတို့ ထင်တဲ့ကျောင်းကို ထားတဲ့ကြားက ဖြစ်တာ။



ထားတော့ အမှု ဖြစ်တယ်ဆိုတာ သံကွန်ခြာ ခုနစ်ထပ် ကာထားလည်း ဖြစ်ချင် ဖြစ်တာ။ ကိုယ့်မိဘနဲ့ ထားလည်း ဖြစ်ချင် ဖြစ်တာ။ အမှု ဖြစ်ဖို့ ဆိုတာ နာရီဝက် တနာရီ လစ်ဟာမှုလေးတောင် ဖြစ်ချင် ဖြစ်တာ။ ဒီတော့ အမှု ဖြစ်ခြင်းဟာ အဆန်းတကြယ် မဟုတ်လှဘူး။ ဆန်းကြယ်တာသည် ကျဉ်းမြောင်းတဲ့ Scope လေး အတွင်းမှာတောင် တရားခံကို မိအောင် မဖမ်းနိုင်တာ။ မိတဲ့ တရားခံကိုလည်း ထင်ရှားသော သက်သေ အထောက်အထား မပြနိုင်တာ။



ပြောရရင် ဒီလို အဖြစ်က နိုင်ငံက လူလတ်တန်းစားကို ကိုင်လှုပ် ပစ်လိုက်တာပါ။ ဒီလို ယုံကြည်ထိုက်တယ် ဆိုပြီး အပ်နှံထားတဲ့ ကျောင်းမှာ ဒီလို အမှုမျိုး ဖြစ်တယ်၊ဒီလို တာဝန်ယူမှု ကင်းမဲ့တယ်ဆိုတာဟာ ပြည်သူအတွက် တုန်လှုပ်ဖွယ်ရာ ဖြစ်သွားခဲ့တယ်။ မိဘတွေဟာ စိတ်မလုံခြုံမှု ကို ခံစားကြရတယ်။ ရက်တွေ ကြာမြင့်တဲ့အထိ ဒီအမှုကို မပေါ်နိုင်တာအတွက်၊ ပေါ်လာတဲ့အခါမှာလည်း တိကျတဲ့ သက်သေခံမှု အားနည်းတာအတွက် ဒီ စိတ်မလုံခြုံမှုကနေ ဒေါသဘက်ကို ကူးပြောင်းသွားတာပါ။



မေလ ၁၆ ရက်နေ့မှာ စတင် ဖြစ်ပွားခဲ့တဲ့ အမှုဟာ မကြာမီ ဆောင်ရွက်တော့မယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထိခိုက်စေဖို့ ရည်ရွယ် မုဒိမ်းကျင့်ခဲ့တာလည်း မဟုတ်သလို အမှု ရှည်လျားသွားအောင် ကျွန်တော်တို့ကတော့ ဇာတ်ကွက် မဆင်နိုင်ပါဘူး။ (ဒါတွေပါ ထည့်သွင်းတိုက်ခိုက်လာလို့ပါ) ကျွန်တော် လျောက်နေတဲ့ လမ်းက အသွေးအရောင် ကင်းပါတယ်။ ဒါကို အာမခံပါတယ်။ မိဘတွေ စိတ်လုံခြုံမှုအတွက် လျောက်နေတာပါ။ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမေလျောက်တဲ့ လမ်းအတိုင်း ယုံယုံကြည်ကြည် ကူညီပံ့ပိုး ထောက်ခံမှာပါ။

တလက်စထဲ ပြောရရင် အများပြည်သူ ထည့်ထားတဲ့ ကူညီပံ့ပိုးတဲ့ငွေတွေကို တပြားမှ ထုတ်ယူ သုံးစွဲခြင်း မရှိသေးပါဘူး။ အနီးကပ်လိုက်ပါဆောင်ရွက်သူများဟာလည်း ကိုယ့်စားရိတ်နဲ့ကိုယ် ကူညီနေကြတာပါ။ သုံးစွဲရင်လည်း ပြည်သူတွေကို ပြောပြပြီးမှ သုံးမှာပါ။ သူတပါး ရှာဖွေထားတဲ့ ပိုက်ဆံကို တကျပ်တပြားက အစ အလဟဿ ဖြစ်မှာ ကျွန်တော် ကြောက်ပါတယ်။

ဒီလိုပြောပြရတာဟာ စွပ်စွဲမှုတွေကို တုန်လှုပ်လို့ မဟုတ်ပါ။ သို့လော သို့လော တွေးမိလာမှာ စိုးလို့ ကြိုပြောထားတာပါ

Credit  \\  original

Recent Updates

Recent Posts Widget