သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ပြီး ကုသိုလ်ယူနေတဲ့ အဆိုတော် ဟိန်းမင်းသူ
အနောက်တိုင်းဆန်တဲ့ ရုပ်ရည်မျိုးနဲ့ ကြည့်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားနိုင်သူတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟိန်းမင်းသူက သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ပြီး ကုသိုလ်ယူဖြစ်တဲ့အကြောင်း ပရိသတ်တွေကို ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုတော် ဟိန်းမင်းသူရဲ့ ဘုန်းကြီးဝတ်နဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကိုပါ အေးချမ်းမှုတွေ ကူးစက်စေပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်နေတဲ့ အဆိုတော် ဟိန်းမင်းသူရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဟိန်းမင်းသူကတော့ “လူနတ်ဗြဟ္မာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ🙏ဦးသောဝိဏ” ဆိုပြီး ဘုန်းကြီးဝတ်နေတဲ့ ပုံရိပ်တွေကို ဝေမျှပေးထားတာပါ။
အဆိုတော် ဟိန်းမင်းသူရဲ့ ဘုန်းကြီးဘွဲ့အမည်ကတော့ ဦးသောဝိဏပါတဲ့နော်…
လူငယ်ပေမယ့်လည်း သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ပြီး ကုသိုလ်ယူနေတဲ့ အဆိုတော် ဟိန်းမင်းသူရဲ့ စိတ်ထားလေးကတော့ တကယ့်ကို အတုယူဖို့ကောင်းပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကြည်နူးစရာကောင်းတဲ့ အဆိုတော် ဟိန်းမင်းသူရဲ့ ကုသိုလ်ကောင်းမှုလေးကို သာဓုခေါ်သွားကြပါဦးနော်။
Credit \\ original





